အၿပိဳင္အဆုိင္ ေငြတန္ဖိုးမခ်ဖို႔ G-20 သေဘာတူ (အပြိုင်အဆိုင် ငွေတန်ဖိုးမချဖို့ G-20 သဘောတူ )


တ႐ုတ္ႏုိင္ငံ ရွန္ဟုိင္းၿမိဳ႕မွာက်င္းပေနတဲ့ G-20 ကမၻာ့စက္မႈထိပ္သီး ႏုိင္ငံ ၂၀ ရဲ႕ စည္းေ၀းပြဲက ကမၻာ့စီးပြား ဖြံ႔ၿဖိဳးတုိးတက္ ဖုိ႔အတြက္ ရွိသမွ် မူ၀ါဒနည္းလမ္းေပါင္းစုံ သုံးၿပီး ကုိယ့္ႏုိင္ငံရဲ႕ ျပည္ပပုိ႔ကုန္ ျမႇင့္တင္ဖုိ႔ အတြက္ ေငြတန္ဖုိးခ်မႈေတြ အၿပိဳင္အဆုိင္ မလုပ္ၾကဖုိ႔ စေနေန႔က ကတိျပဳလုိက္ၾကပါတယ္။

မတည္ၿငိမ္တဲ့ ေငြေၾကးစီးဆင္းမႈ၊ ဥေရာပတုိက္အတြင္း ၀င္ေရာက္လာေနတဲ့ ဒုကၡသည္ေတြရဲ႕ ပဋိပကၡနဲ႔ အီးယူ ဥေရာပသမဂၢထဲကေန ၿဗိတိသွ်ႏုိင္ငံ ထြက္ခြာမယ့္ အလားအလာရွိေနတဲ့ အေျခအေနေတြ အပါအ၀င္ ကမၻာလုံးဆုိင္ရာ စီးပြားေရးမွာ မေသခ်ာ မေရရာမႈေတြ မ်ားျပားလာေနတယ္ဆုိတာကုိ တ႐ုတ္ႏုိင္ငံရဲ႕ စီးပြားေရးအခ်က္အျခာၿမိဳ႕မွာ ၂ ရက္ၾကာ က်င္းပခဲ့တဲ့ G-20 ညီလာခံက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

စီးပြားေရးဖြံ႔ၿဖိဳးၿပီး ႏုိင္ငံေတြရဲ႕ ဖြံ႔ၿဖိဳးမႈႏႈန္းဟာ သင့္တင္ မွ်တတဲ့ တုိးတက္မႈႏႈန္း ရွိသင့္ၿပီး စီးပြား မဖြံ႔ၿဖိဳးေသးတဲ့ ႏုိင္ငံေတြရဲ႕ ဖြံ႔ၿဖိဳးမႈႏႈန္းကေတာ့ အားေကာင္းေနဖုိ႔လုိအပ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

စည္းေ၀းပြဲအၿပီး အေမရိကန္ဘ႑ာေရး၀န္ႀကီး Jack Lew က သတင္းေထာက္ေတြကုိ ေျပာၾကားရာမွာေတာ့ - ေငြတန္ဖုိး မခ်ဖုိ႔ သေဘာတူညီခ်က္ ရလုိက္တဲ့အေပၚ သူ႔အေနနဲ႔ ႀကိဳဆုိေၾကာင္းနဲ႔ ျပဳျပင္ ေျပာင္းလဲမႈေတြကုိ ေရွ႕တုိးလုပ္ေဆာင္ၾကေစလုိေၾကာင္း ေျပာၾကား ခဲ့ပါတယ္။

စီးပြားေရး ျပန္လည္ ဦးေမာ့လာေရးက လမ္းလြဲသြားေစမယ့္ ျဖစ္စဥ္ေတြကုိ ေရွာင္ရွားႏုိင္ဖုိ႔ G 20 အဖြဲ႔အေနနဲ႔ ရည္ရြယ္ခ်က္ရွိစြာ စုေပါင္း လုပ္ေဆာင္ၾကဖုိ႔ IMF ႏုိင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႔ အႀကီးအကဲ Christine Lagarde က တုိက္တြန္း ေျပာၾကားလုိက္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာကျင်းပနေတဲ့ G-20 ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ စည်းဝေးပွဲက ကမ္ဘာ့စီးပွား ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ရှိသမျှ မူဝါဒနည်းလမ်းပေါင်းစုံ သုံးပြီး ကိုယ့်နိုင်ငံရဲ့ ပြည်ပပို့ကုန် မြှင့်တင်ဖို့ အတွက် ငွေတန်ဖိုးချမှုတွေ အပြိုင်အဆိုင် မလုပ်ကြဖို့ စနေနေ့က ကတိပြုလိုက်ကြပါတယ်။

မတည်ငြိမ်တဲ့ ငွေကြေးစီးဆင်းမှု၊ ဥရောပတိုက်အတွင်း ၀င်ရောက်လာနေတဲ့ ဒုက္ခသည်တွေရဲ့ ပဋိပက္ခနဲ့ အီးယူ ဥရောပသမဂ္ဂထဲကနေ ဗြိတိသျှနိုင်ငံ ထွက်ခွာမယ့် အလားအလာရှိနေတဲ့ အခြေအနေတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ မသေချာ မရေရာမှုတွေ များပြားလာနေတယ်ဆိုတာကို တရုတ်နိုင်ငံရဲ့ စီးပွားရေးအချက်အခြာမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ G-20 ညီလာခံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ သင့်တင် မျှတတဲ့ တိုးတက်မှုနှုန်း ရှိသင့်ပြီး စီးပွား မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနှုန်းကတော့ အားကောင်းနေဖို့လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စည်းဝေးပွဲအပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Jack Lew က သတင်းထောက်တွေကို ပြောကြားရာမှာတော့ - ငွေတန်ဖိုး မချဖို့ သဘောတူညီချက် ရလိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့တိုးလုပ်ဆောင်ကြစေလိုကြောင်း ပြောကြား ခဲ့ပါတယ်။

စီးပွားရေး ပြန်လည် ဦးမော့လာရေးက လမ်းလွဲသွားစေမယ့် ဖြစ်စဉ်တွေကို ရှောင်ရှားနိုင်ဖို့ G 20 အဖွဲ့အနေနဲ့ ရည်ရွယ်ချက်ရှိစွာ စုပေါင်း လုပ်ဆောင်ကြဖို့ IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲ Christine Lagarde က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.comလယာဉ်ငယ်တစ်စင်းထပ်မံပျက်ကျ
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment