ဆီးရီးယား ယာယီအပစ္ရပ္စဲမွု စတင္အသက္ဝင္ (ဆီးရီးယား ယာယီအပစ်ရပ်စဲမှု စတင်အသက်ဝင် )


 ေသာၾကာေန႔တုန္းက ဗုံးအႀကီးအက်ယ္ၾကဲခံခဲ့ ရတဲ့ ဒမက္စကပ္ၿမိဳ႕နားတစ္ဝိုက္က သူပုန္စခန္း တစ္ခု
မေန႔ည သန္းေခါင္ယံက စတင္အသက္ဝင္ခဲ့တဲ့ ဆီးရီးယား ယာယီအပစ္ရပ္စဲမွုေၾကာင့္ ေရွ႕တန္းစစ္ေျမျပင္ေတြမွာ တိုက္ပြဲသံေတြ တိတ္ဆိတ္ေနပါတယ္။

အေျခေနေတြကိုေစာင့္ၾကည့္ေနတဲ့ ဆီးရီးယားနိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Staffan de Mistura ကလည္း လတ္တေလာမွာ တိုက္ပြဲေတြရပ္ေနတဲ့ အေၾကာင္းအတည္ျပဳေျပာၾကားပါတယ္။

ဆီးရီးယားအစိုးရနဲ႔ မဟာမိတ္႐ုရွေတြရဲ့ အေျခေနေတြကို ကမၻာက ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္သမၼတ ဘရက္အိုဘားမားက အပစ္ရပ္မစခင္ေလးမွာ သတိေပးထားပါေသးတယ္။

ဒီအပစ္ရပဲစဲေရး သေဘာတူမွုကို ဆီးရီးယားအစိုးရနဲ႔ သူပုန္အဖြဲ႕ေတြက သေဘာတူခဲ့ေပမယ့္ IS အဖြဲ႕၊ အယ္လ္ေကဒါနဲ႔ဆက္ႏြယ္ေနတဲ့Nusra Front သူပုန္အဖြဲ႕ေတြက သေဘာတူလိုက္နာထားတာမရွိပါဘူး။

၅ႏွစ္ၾကာျဖစ္ပြားေနတဲ့ ဆီးရီးယားျပည္တြင္းစစ္ေၾကာင့္ လူေပါင္း ႏွစ္သိန္း ငါးေသာင္းေက်ာ္ အသက္ေသဆုံးခဲ့ရၿပီး လူသန္းေပါင္းမ်ားစြာလည္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ရပါတယ္။

အပစ္ရပ္ေရးစတဲ့ နာရီအနည္းငယ္အၾကာမွာပဲ ဆီးရီးယားအစိုးရထိန္းခ်ဳပ္ထားတဲ့Salamiyeh ၿမိဳ႕မွာ ကားဗုံးေပါက္ကြဲမွုေၾကာင့္ လူ၂ဉီး ေသဆုံးခဲ့တယ္လို႔ ဆီးရီးယားအစိုးရ မီဒီယာက သတင္းထုတ္ျပန္ပါတယ္။ဒါေပမယ့္ ဒီေဖာက္ခြမွုကို ဘယ္အဖြဲ႕က လုပ္တယ္ဆိုတာေတာ့ မသိရေသးပါဘူး။

BBC Burmese
http://www.bbc.com/burmese
........

 သောကြာနေ့တုန်းက ဗုံးအကြီးအကျယ်ကြဲခံခဲ့ ရတဲ့ ဒမက်စကပ်မြို့နားတစ်ဝိုက်က သူပုန်စခန်း တစ်ခု
မနေ့ည သန်းခေါင်ယံက စတင်အသက်ဝင်ခဲ့တဲ့ ဆီးရီးယား ယာယီအပစ်ရပ်စဲမှုကြောင့် ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲသံတွေ တိတ်ဆိတ်နေပါတယ်။

အခြေနေတွေကိုစောင့်ကြည့်နေတဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Staffan de Mistura ကလည်း လတ်တလောမှာ တိုက်ပွဲတွေရပ်နေတဲ့ အကြောင်းအတည်ပြုပြောကြားပါတယ်။

ဆီးရီးယားအစိုးရနဲ့ မဟာမိတ်ရုရှတွေရဲ့ အခြေနေတွေကို ကမ္ဘာက စောင့်ကြည့်နေတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက အပစ်ရပ်မစခင်လေးမှာ သတိပေးထားပါသေးတယ်။

ဒီအပစ်ရပဲစဲရေး သဘောတူမှုကို ဆီးရီးယားအစိုးရနဲ့ သူပုန်အဖွဲ့တွေက သဘောတူခဲ့ပေမယ့် IS အဖွဲ့၊ အယ်လ်ကေဒါနဲ့ဆက်နွယ်နေတဲ့Nusra Front သူပုန်အဖွဲ့တွေက သဘောတူလိုက်နာထားတာမရှိပါဘူး။

၅နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း နှစ်သိန်း ငါးသောင်းကျော် အသက်သေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အပစ်ရပ်ရေးစတဲ့ နာရီအနည်းငယ်အကြာမှာပဲ ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့Salamiyeh မြို့မှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ၂ဉီး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအစိုးရ မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ဒါပေမယ့် ဒီဖောက်ခွမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment