အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး အော်စကာဆုအား ဘရီ လာဆန် က ရရှိ

“Room” ဇာတ်ကား နှင့် ဇာတ်ဝင်ခန်း တစ်ခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)




(Xinhua)

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


    လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

    ဖေဖော်ဝါရီလ ၂၈ ရက် ညက Dolby ပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် ၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး အော်စကာဆုအား အမေရိကန် မင်းသမီး ဘရီ လာဆန် က “Room” ဇာတ်ကားဖြင့် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

လာဆန်သည် “Room” ဇာတ်ကားတွင် ပြန်ပေးဆွဲ ခံထားရသည့် အမျိုးသမီး တစ်ယောက်၏ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သောကြောင့် ထိုသို့အော်စကာဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် ဘရီလာဆန်သည် Brooklyn ဇာတ်ကား မှ မင်းသမီး Saiorse Ronan ၊ 45 Years ဇာတ်ကား မှ မင်းသမီး Charlotte Ramping တို့ကို ကျော်လွန်ပြီး ယခုနှစ်တွင် အော်စကာဆု ရရှိခဲ့ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment