FIFA နာမည္ေကာင္း ျပန္ရေရး ဥကၠ႒သစ္ ၾကိဳးပမ္းမည္

FIFA ဥကၠ႒သစ္ Gianni Infantino ။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၁၆)
ေငြေၾကးအ႐ႈပ္ေတာ္ပံုေၾကာင့္ နာမည္ပ်က္ခဲ့ရတဲ့ FIFA ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္ကို ပိုမို ပြင့္လင္းျမင္သာမႈ၊ အရည္အခ်င္းရွိၿပီး၊ တာ၀န္ခံမႈရွိတဲ့ အဖြဲ႔ႀကီးျဖစ္လာေစဖို႔ ရည္ရြယ္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ နာမည္ေကာင္းရေအာင္ ျပန္လည္ႀကိဳးပမ္း သြားမယ္လို႔ အသစ္ေရြးခ်ယ္ခံခဲ့ရတဲ့ FIFA ဥကၠ႒က ကတိေပးလိုက္ပါတယ္။

ခက္ခဲလြန္းတဲ့ ကာလေတြမွာ ႀကိဳးစားပမ္းစား အလုပ္လုပ္ခဲ့ၾကတဲ့ FIFA အဖဲြ႔၀င္ေတြကုိ ေက်းဇူးတင္ေၾကာင္းလည္း ပထမဆံုး သတင္းစာရွင္းလင္းပြဲအတြင္း FIFA ဥကၠ႒သစ္ Gianni Infantino ကေျပာဆုိခဲ့ တာပါ။ ေဘာလံုး ကစားနည္း ေရပန္း မစားေသးတဲ့ ေနရာေတြ အပါအ၀င္ - ကမၻာေပၚက ေနရာတုိင္း မွာ ေဘာလံုးအားကစားကို စိတ္၀င္စားလာေအာင္ ကူညီဖို႔ FIFA ၀န္ထမ္းေတြ၊ လုပ္ေဖာ္ကိုင္ဘက္ေတြအားလံုးနဲ႔ လက္တြဲ လုပ္ေဆာင္သြားဖို႔ ေမွ်ာ္လင့္ ထားေၾကာင္းလည္း မစၥတာ Infantino က ေျပာဆုိခဲ့ပါတယ္။

ဥကၠ႒သစ္ျဖစ္လာတဲ့ မစၥတာ Infantino အေနနဲ႔ အက်င့္ပ်က္ျခာစားမႈနဲ႔ ဆက္ႏြယ္ၿပီး ဒါဇင္ေပါင္းမ်ားစြာေသာ တာ၀န္ရွိသူေတြအေပၚ ရာဇ၀တ္ေၾကာင္းအရ စံုစမ္းစစ္ေဆးမႈေတြ အပါအ၀င္ FIFA အဖြဲ႔ႀကီးရဲ႕ ျပႆနာေပါင္းစံုနဲ႔ ရင္ဆုိင္ရမွာလည္း ျဖစ္ပါတယ္။

႐ုရွားနဲ႔ ကာတာႏုိင္ငံေတြမွာ သီးျခားစီ က်င္းပဖုိ႔ရွိေနတဲ့ ကမၻာ့ဖလားပြဲစဥ္ ၂ ခုကုိ အိမ္ရွင္အျဖစ္ က်င္းပခြင့္ ေပးလုိက္တဲ့ ကိစၥဟာလည္း စံုစမ္းစစ္ေဆးခံေနရတာ ျဖစ္ပါတယ္။

မစၥတာ အင္ဖန္တီႏို ကိုေတာ့ ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္ (FIFA) ဥကၠဌသစ္အျဖစ္ ဆြစ္ဇာလန္ႏုိင္ငံ Zurich ၿမိဳ႕မွာ ျပဳလုပ္တဲ့ အစည္းအေ၀းကေန ေသာၾကာေန႔က ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အဓိက မဲအမ်ားစုရဖို႔လိုအပ္တဲ့ ဒုတိယအေက်ာ့ ေရြးခ်ယ္ပြဲမွာ - အသက္ ၄၅ ႏွစ္အရြယ္ အီတလီႏြယ္ဖြား ဆြစ္ဇာလန္ႏုိင္ငံသား Infantino က ေထာက္ခံမဲ ၁၁၅ မဲ ရရွိခဲ့ၿပီး၊ သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ အာရွေဘာလံုးအဖြဲ႔ခ်ဳပ္ (AFF) ရဲ႕ ဥကၠဌျဖစ္တဲ့ Sheikh Salman bin Ebrahim Al Khalifa က ၈၈ မဲ ရရွိခဲ့တာပါ။

ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္ FIFA မွာ အက်င့္ပ်က္ျခစားမႈနဲ႔ ဘ႑ာေရးဆုိင္ရာ လႊဲမွားတဲ့စီမံခန္႔ခြဲမႈအတြက္ အျပစ္တင္ခံေနရတဲ့ ဥကၠဌ ဆက္ပ္ ဘလက္တာ Sepp Blatter ရဲ႕ ေနရာကို လႊဲေျပာင္းယူရမယ့္ မစၥတာ Infantino က - ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ အမည္းစက္ထင္ေနတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ျပန္လည္ ဖြဲ႔စည္းသြား မယ္လို႔ ကတိေပးခဲ့တာပါ။

FIFA ဥကၠဌသစ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ Gianni Infantino ကလည္း - သူဟာ အီတလီ၊ ျပင္သစ္၊ ဂ်ာမန္၊ အဂၤလိပ္နဲ႔ စပိန္ ဘာသာစကား ၅ ခုကို ကၽြမ္းကၽြမ္းက်င္က်င္ တတ္ေျမာက္သလုိ၊ ဆြစ္ဇာလန္ႏုိင္ငံ Fribourg တကၠသိုလ္မွာ ဥပေဒဘြဲ႔ ရရွိခဲ့သူလည္းျဖစ္ပါတယ္။

အခုလို FIFA ဥကၠဌသစ္အျဖစ္ ေရြးခ်ယ္မခံရရင္ သူဟာ - ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ (UEFA) မွာ ၂၀၀၀ ျပည့္ ၾသဂုတ္လမွာ စတင္ လုပ္ကိုင္ခဲ့ၿပီး၊ ၂၀၀၉ ခုႏွစ္ ေအာက္တုိဘာလမွာေတာ့ (UEFA) ရဲ႕ အတြင္းေရးမႉးခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................
 FIFA ဥက္ကဋ္ဌသစ် Gianni Infantino ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
ငွေကြေးအရှုပ်တော်ပုံကြောင့် နာမည်ပျက်ခဲ့ရတဲ့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ပိုမို ပွင့်လင်းမြင်သာမှု၊ အရည်အချင်းရှိပြီး၊ တာဝန်ခံမှုရှိတဲ့ အဖွဲ့ကြီးဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နာမည်ကောင်းရအောင် ပြန်လည်ကြိုးပမ်း သွားမယ်လို့ အသစ်ရွေးချယ်ခံခဲ့ရတဲ့ FIFA ဥက္ကဋ္ဌက ကတိပေးလိုက်ပါတယ်။

ခက်ခဲလွန်းတဲ့ ကာလတွေမှာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတဲ့ FIFA အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း FIFA ဥက္ကဋ္ဌသစ် Gianni Infantino ကပြောဆိုခဲ့ တာပါ။ ဘောလုံး ကစားနည်း ရေပန်း မစားသေးတဲ့ နေရာတွေ အပါအဝင် - ကမ္ဘာပေါ်က နေရာတိုင်း မှာ ဘောလုံးအားကစားကို စိတ်ဝင်စားလာအောင် ကူညီဖို့ FIFA ၀န်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေအားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့် ထားကြောင်းလည်း မစ္စတာ Infantino က ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ မစ္စတာ Infantino အနေနဲ့ အကျင့်ပျက်ခြာစားမှုနဲ့ ဆက်နွယ်ပြီး ဒါဇင်ပေါင်းများစွာသော တာဝန်ရှိသူတွေအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ အပါအဝင် FIFA အဖွဲ့ကြီးရဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ကာတာနိုင်ငံတွေမှာ သီးခြားစီ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၂ ခုကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ပေးလိုက်တဲ့ ကိစ္စဟာလည်း စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

မစ္စတာ အင်ဖန်တီနို ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌသစ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ Zurich မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ သောကြာနေ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဓိက မဲအများစုရဖို့လိုအပ်တဲ့ ဒုတိယအကျော့ ရွေးချယ်ပွဲမှာ - အသက် ၄၅ နှစ်အရွယ် အီတလီနွယ်ဖွား ဆွစ်ဇာလန်နိုင်ငံသား Infantino က ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး၊ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ ဥက္ကဌဖြစ်တဲ့ Sheikh Salman bin Ebrahim Al Khalifa က ၈၈ မဲ ရရှိခဲ့တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှာ အကျင့်ပျက်ခြစားမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှဲမှားတဲ့စီမံခန့်ခွဲမှုအတွက် အပြစ်တင်ခံနေရတဲ့ ဥက္ကဌ ဆက်ပ် ဘလက်တာ Sepp Blatter ရဲ့ နေရာကို လွှဲပြောင်းယူရမယ့် မစ္စတာ Infantino က - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အမည်းစက်ထင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသွား မယ်လို့ ကတိပေးခဲ့တာပါ။

FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Gianni Infantino ကလည်း - သူဟာ အီတလီ၊ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်နဲ့ စပိန် ဘာသာစကား ၅ ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ ဆွစ်ဇာလန်နိုင်ငံ Fribourg တက္ကသိုလ်မှာ ဥပဒေဘွဲ့ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အခုလို FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်မခံရရင် သူဟာ - ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာ ၂၀၀၀ ပြည့် သြဂုတ်လမှာ စတင် လုပ်ကိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာတော့ (UEFA) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment