Tyga က Kylie Jenner ကို လက္ေဆာင္ေပးခဲ့တဲ့ မာစီဒီးကား ျပန္အသိမ္းခံရ



အခုတစ္ေလာမွာ အေၾကြးေတြနဲ႔ တိုင္ပတ္ေနတဲ့ Tyga ဟာဆိုရင္ေတာ့ ခ်စ္သူျဖစ္သူ Kylie Jenner အသက္ ၁၈ ႏွစ္ျပည့္ေမြးေန႔မွာ လက္ေဆာင္ေပးခဲ့တဲ့ မာစီဒီးကားကို ကုမၸဏီက ျပန္လည္သိမ္းယူခဲ့တယ္လို႔ သိရပါတယ္။

Kylie Jenner ကို ကားႏွစ္စီးလက္ေဆာင္ေပးခဲ့တာျဖစ္ၿပီး အဲ့ဒီထဲကမွ မာစီဒီး G-Wagon ကားကို ျပန္လည္သိမ္းယူသြားတာျဖစ္ၿပီး Tyga က ကားတန္ဖိုးကို အခုအခ်ိန္အထိ ေပးေခ်ျခင္းမရွိေသးတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ 

ဒီကားကိုေတာ့ ဇန္နဝါရီလတည္းက ျပန္သိမ္းယူခဲ့ခ်င္ေပမယ့္လည္း Kylie တို႔အိမ္ရဲ႕ လံုျခံဳေရးဂိတ္နားမွာသာ ကားကို ပါကင္ထုိးထားတာေၾကာင့္ ဝင္မသိမ္းရဲျဖစ္ေနခဲ့တာပါ။ ဒီလုိကားမ်ိဳးကိုေတာ့ Tyga က Blac Chyna ကို ေပးခဲ့ဖူးပါတယ္။ Tyga ဟာ ေဆးျပန္မႈတ္ထားတဲ့ ေဒၚလာ သံုးသိန္းေက်ာ္တန္ ဖာရာရီကားကိုလည္း Kylie Jenner ကို လက္ေဆာင္ေပးခဲ့ဖူးပါေသးတယ္။ 

Tyga ဟာဆုိရင္ေတာ့ အိမ္လခမေပးႏုိင္တာေၾကာင့္ ကလာဘက္စက္စ္ကေနအိမ္ေပၚက ဆင္းခဲ့ရၿပီး အိမ္လခ ေဒၚလာ ၇ သိန္းအေၾကြးတင္ေနတာေၾကာင့္ျဖစ္ပါတယ္။ အိမ္လခေတြလည္း တစ္အိမ္ၿပီးတစ္အိမ္မေပးခဲ့တဲ့ Tyga ဟာ အခြန္ ေဒၚလာ ၁၂၀၀၀၀ ေက်ာ္ကိုလည္း မေဆာင္ခဲ့ဘဲ တိမ္းေရွာင္ေနခဲ့တယ္လုိ႔လည္း သိရပါတယ္။


( Paing A K )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Aceshowbiz
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
Tyga က Kylie Jenner ကို လက်ဆောင်ပေးခဲ့တဲ့ မာစီဒီးကား ပြန်အသိမ်းခံရ
အခုတစ်လောမှာ အကြွေးတွေနဲ့ တိုင်ပတ်နေတဲ့ Tyga ဟာဆိုရင်တော့ ချစ်သူဖြစ်သူ Kylie Jenner အသက် ၁၈ နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်ပေးခဲ့တဲ့ မာစီဒီးကားကို ကုမ္ပဏီက ပြန်လည်သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
Kylie Jenner ကို ကားနှစ်စီးလက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီထဲကမှ မာစီဒီး G-Wagon ကားကို ပြန်လည်သိမ်းယူသွားတာဖြစ်ပြီး Tyga က ကားတန်ဖိုးကို အခုအချိန်အထိ ပေးချေခြင်းမရှိသေးတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 
ဒီကားကိုတော့ ဇန်နဝါရီလတည်းက ပြန်သိမ်းယူခဲ့ချင်ပေမယ့်လည်း Kylie တို့အိမ်ရဲ့ လုံခြုံရေးဂိတ်နားမှာသာ ကားကို ပါကင်ထိုးထားတာကြောင့် ဝင်မသိမ်းရဲဖြစ်နေခဲ့တာပါ။ ဒီလိုကားမျိုးကိုတော့ Tyga က Blac Chyna ကို ပေးခဲ့ဖူးပါတယ်။ Tyga ဟာ ဆေးပြန်မှုတ်ထားတဲ့ ဒေါ်လာ သုံးသိန်းကျော်တန် ဖာရာရီကားကိုလည်း Kylie Jenner ကို လက်ဆောင်ပေးခဲ့ဖူးပါသေးတယ်။ 
Tyga ဟာဆိုရင်တော့ အိမ်လခမပေးနိုင်တာကြောင့် ကလာဘက်စက်စ်ကနေအိမ်ပေါ်က ဆင်းခဲ့ရပြီး အိမ်လခ ဒေါ်လာ ရ သိန်းအကြွေးတင်နေတာကြောင့်ဖြစ်ပါတယ်။ အိမ်လခတွေလည်း တစ်အိမ်ပြီးတစ်အိမ်မပေးခဲ့တဲ့ Tyga ဟာ အခွန် ဒေါ်လာ ၁၂၀၀၀၀ ကျော်ကိုလည်း မဆောင်ခဲ့ဘဲ တိမ်းရှောင်နေခဲ့တယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Aceshowbiz
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment