ေမြးစကေလးကို သတ္ၿပီး အမိႈက္ပံုးထဲ ပစ္ခဲ့တဲ့ မိခင္ ခ်င္းမိုင္တြင္ ဖမ္းမိ ( မွေးစကလေးကို သတ်ပြီး အမှိုက်ပုံးထဲ ပစ်ခဲ့တဲ့ မိခင် ချင်းမိုင်တွင် ဖမ်းမိ )


ထိုင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕က အသက္(၂၀)အရြယ္ ဟိုတယ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးကို ေမြးစကေလး သတ္ၿပီးအမိႈက္ပံုးထဲ ပစ္ထားသူလို႔ယူဆတဲ့အတြက္ ေဖေဖာ္ဝါရီလ (၂၄)ရက္က ဖမ္းဆီးလိုက္ပါတယ္။

ခ်င္းမိုင္ၿမိဳ႕က နာမည္ႀကီးဟိုတယ္တစ္ခုရဲ႕ အိမ္ေဖာ္အလုပ္သမားအိပ္တဲ့ တိုက္နံပါတ္(၂)မွာ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္က ေတြ႔ခဲ့ရတဲ့ ကေလးငယ္အေလာင္းနဲ႔ ပတ္သက္လို႔ ဖမ္းဆီးခံလိုက္ရတာ ျဖစ္ပါတယ္။

ဒီကေလးငယ္ဟာ (၉)လကိုယ္ဝန္နဲ႔ ေမြးထားျခင္းျဖစ္ၿပီး အသက္မရွဴႏိုင္ေအာင္ အဝတ္စေတြနဲ႔ ရစ္ပတ္ထားတာကို ေတြ႔ခဲ့ရတာပါ။

ဒီအမႈကိုစစ္ေဆးရာကေန ဟိုတယ္မွာ အလုပ္လုပ္ေနတဲ့ ရွမ္းအမ်ိဳးသမီးတစ္ေယာက္ ကိုယ္ဝန္နဲ႔ ရိွခဲ့ဖူးတာေၾကာင့္ သူ႔ကို ရဲတပ္ဖြဲ႔က DNA စစ္ေဆးရာကေန ကေလးနဲ႔ DNA တူေနတာကို ေတြ႔လိုက္ရတာပါ။

ဟိုတယ္က CCTVကိုျပန္စစ္ေဆးတဲ့အခါမွာလည္း ဒီအမ်ိဳးသမီးက အမႈိက္အိတ္နဲ႔ ထုတ္ထားတဲ့ကေလးကို အမိႈက္ပံုးထဲပစ္ေနတာ ေတြ႔ရပါတယ္။

ထိုင္းႏိုင္ငံသားတစ္ေယာက္နဲ႔ ခ်စ္သူျဖစ္ခဲ့ၿပီး ကိုယ္ဝန္ရတဲ့အခါ ခ်စ္သူက လမ္းခြဲသြားတာေၾကာင့္ ကေလးကို ကိုယ္တိုင္ေမြးၿပီး ကေလးပါးစပ္ကို အဝတ္နဲ႔ပိတ္ၿပီး အမိႈက္ပံုးထဲသြားပစ္ခဲ့တာလို႔ ဒီအမ်ိဳးသမီးက ဝန္ခံလိုက္တဲ့အတြက္ ရဲတပ္ဖြဲ႔က အမႈဖြင့္ၿပီး ဥပေဒအရ အေရးယူထားတယ္လို႔ သိရတယ္။

ဘာသာျပန္ ။ ။ ‪‎နန္းေမာက္ကြမ္‬
Ref; dailynews
Tachileik News Agency
http://www.tachileik.net
............


ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အသက်(၂၀)အရွယ် ဟိုတယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးကို မွေးစကလေး သတ်ပြီးအမှိုက်ပုံးထဲ ပစ်ထားသူလို့ယူဆတဲ့အတွက် ဖေဖော်ဝါရီလ (၂၄)ရက်က ဖမ်းဆီးလိုက်ပါတယ်။

ချင်းမိုင်မြို့က နာမည်ကြီးဟိုတယ်တစ်ခုရဲ့ အိမ်ဖော်အလုပ်သမားအိပ်တဲ့ တိုက်နံပါတ်(၂)မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က တွေ့ခဲ့ရတဲ့ ကလေးငယ်အလောင်းနဲ့ ပတ်သက်လို့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီကလေးငယ်ဟာ (၉)လကိုယ်ဝန်နဲ့ မွေးထားခြင်းဖြစ်ပြီး အသက်မရှူနိုင်အောင် အဝတ်စတွေနဲ့ ရစ်ပတ်ထားတာကို တွေ့ခဲ့ရတာပါ။

ဒီအမှုကိုစစ်ဆေးရာကနေ ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ရှမ်းအမျိုးသမီးတစ်ယောက် ကိုယ်ဝန်နဲ့ ရှိခဲ့ဖူးတာကြောင့် သူ့ကို ရဲတပ်ဖွဲ့က DNA စစ်ဆေးရာကနေ ကလေးနဲ့ DNA တူနေတာကို တွေ့လိုက်ရတာပါ။

ဟိုတယ်က CCTVကိုပြန်စစ်ဆေးတဲ့အခါမှာလည်း ဒီအမျိုးသမီးက အမှိုက်အိတ်နဲ့ ထုတ်ထားတဲ့ကလေးကို အမှိုက်ပုံးထဲပစ်နေတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပြီး ကိုယ်ဝန်ရတဲ့အခါ ချစ်သူက လမ်းခွဲသွားတာကြောင့် ကလေးကို ကိုယ်တိုင်မွေးပြီး ကလေးပါးစပ်ကို အဝတ်နဲ့ပိတ်ပြီး အမှိုက်ပုံးထဲသွားပစ်ခဲ့တာလို့ ဒီအမျိုးသမီးက ဝန်ခံလိုက်တဲ့အတွက် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး ဥပဒေအရ အရေးယူထားတယ်လို့ သိရတယ်။

ဘာသာပြန် ။ ။ ‪‎နန်းမောက်ကွမ်‬
Ref; dailynews
Tachileik News Agency
http://www.tachileik.net
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment