အသတ်ခံရသူ ၁၄ ယောက်ထဲမှာ ၇ ယောက်ဟာ ကလေးငယ်တွေ ဖြစ်ပြီး လူသတ်တရားခံ ရဲ့ မိဘ တွေလည်း အသတ်ခံခဲ့ရတဲ့အထဲမှာ ပါတယ်လို့ ဆိုပါတယ်။
BBC Burmese
...............
  အခင်းဖြစ်ပွားရာအိမ်ကို ပိုင်ဆိုင်မှု အငြင်းပွားရာ ကနေ သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာလို့ ဆို
အိန္ဒိယနိုင်ငံမှာ အမျိုးသား တစ်ဦးက အိပ်ပျော်နေတဲ့ သူ့ရဲ့ ဆွေမျိုးသားချင်း ၁၄ ယောက်ကို ဓါးနဲ့ ထိုးသတ်ခဲ့ပြီး မိမိ ကိုယ်ကို အဆုံးစီရင် သွားခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အသတ်ခံရသူ ၁၄ ယောက်ထဲမှာ ရ ယောက်ဟာ ကလေးငယ်တွေ ဖြစ်ပြီး လူသတ်တရားခံ ရဲ့ မိဘ တွေလည်း အသတ်ခံခဲ့ရတဲ့အထဲမှာ ပါတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေထဲက အငယ်ဆုံးကလေးဟာ သူ့ရဲ့ ၃လသား သမီးငယ် ဖြစ်ပြီး အသက်အကြီးဆုံးက သူ့ရဲ့ အသက် ၅၅နှစ်အရွယ် ဖခင်ကြီး ဖြစ်ပါတယ်။
မွန်ဘိုင်းမြို့စွန်က အခင်းဖြစ်ပွားရာ အိမ်ကနေ အော်သံတွေ ကြားခဲ့အပြီး အိမ်နီးချင်းတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြတာပါ။
အသက် ၃၅နှစ်အရွယ် အဆိုပါ အိန္ဒိယ အမျိုးသားဟာ အိမ်တံခါးတွေကို အလုံပိတ်ခဲ့ပြီးမှ သတ်ဖြတ်မှုတွေကို ပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ အခင်းဖြစ်ပွားရာအိမ်ကို ပိုင်ဆိုင်မှု အငြင်းပွားရာကနေ အခုလို သတ်ဖြတ်မှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese/
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment