အယ္လ္ရွာဘတ္ သတ္ခဲ့တဲ့ ကင္ညာတပ္သား ၁၈၀ ရွိ

  ေသဆုံးခဲ့တဲ့ ကင္ညာ တပ္သားေတြဟာ အာဖရိက သမဂၢ တပ္ဖြဲ႕ဝင္ေတြ ျဖစ္။
ဆိုမာလီ ေတာင္ပိုင္းက စစ္စခန္းကို ၿပီးခဲ့တဲ့လက အယ္လ္ရွာဘတ္ စစ္ေသြးႂကြေတြ တိုက္ခိုက္ ခဲ့စဥ္က ေသဆုံးခဲ့ရတဲ့ အာဖရိက သမဂၢ တပ္ဖြဲ႕ဝင္ ကင္ညာ စစ္သား အေရအတြက္ဟာ အနည္းဆုံး ၁၈၀ ရွိတယ္လို႔ ဆိုမာလီယာ သမၼတက ေျပာလိုက္ပါတယ္။

ကင္ညာ စစ္တပ္ကေတာ့ အဲဒီ အေရအတြက္ဟာ မမွန္ကန္ပါဘူးလို႔ ေျပာေပမယ့္ အဲဒီ el-Ade စစ္စခန္းမွာ ဘယ္ေလာက္ ေသဆုံးခဲ့တယ္ ဆိုတာ ေျပာဖို႔ကိုေတာ့ ျငင္းဆန္ခဲ့ပါတယ္။

အယ္လ္ရွာဘတ္ စစ္ေသြးႂကြ အဖြဲ႕ကေတာ့ ကင္ညာ စစ္သား အေယာက္ တစ္ရာေလာက္ကို သူတို႔ သတ္ပစ္ ခဲ့တယ္လို႔ ေျပာပါတယ္။

အေယာက္ ၁၈၀ ေသဆုံးခဲ့တယ္ ဆိုတာသာ အတည္ျပဳနိုင္ရင္ေတာ့ အဲဒီ တိုက္ခိုက္မွုဟာ အယ္လ္ရွာဘတ္ တိုက္ခိုက္မွုေတြအနက္ အေသအေပ်ာက္ အမ်ားဆုံး ျဖစ္လာမွာပါ။

အရင္က အေသအေပ်ာက္ အမ်ားဆုံး တိုက္ခိုက္မွုက ၿပီးခဲ့တဲ့ ဧၿပီလမွာ ကင္ညာ အေရွ႕ေျမာက္ပိုင္းက ေကာလိပ္ေက်ာင္း တိုက္ခိုက္ ခံရမွု ျဖစ္ၿပီး ၁၄၈ ဦး ေသဆုံး ခဲ့ရပါတယ္။

ကင္ညာ စစ္သား ၁၈၀ တစ္ရက္တည္း ေသဆုံးခဲ့တယ္ ဆိုတာကို ဆိုမာလီ သမၼတ Hassan Sheikh Mohamud က ဆိုမာလီ ႐ုပ္သံ တစ္ခုနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............
   သေဆုံးခဲ့တဲ့ ကင်ညာ တပ်သားတွေဟာ အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင်တွေ ဖြစ်။
ဆိုမာလီ တောင်ပိုင်းက စစ်စခန်းကို ပြီးခဲ့တဲ့လက အယ်လ်ရှာဘတ် စစ်သွေးကြွတွေ တိုက်ခိုက် ခဲ့စဉ်က သေဆုံးခဲ့ရတဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင် ကင်ညာ စစ်သား အရေအတွက်ဟာ အနည်းဆုံး ၁၈၀ ရှိတယ်လို့ ဆိုမာလီယာ သမ္မတက ပြောလိုက်ပါတယ်။

ကင်ညာ စစ်တပ်ကတော့ အဲဒီ အရေအတွက်ဟာ မမှန်ကန်ပါဘူးလို့ ပြောပေမယ့် အဲဒီ el-Ade စစ်စခန်းမှာ ဘယ်လောက် သေဆုံးခဲ့တယ် ဆိုတာ ပြောဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ကတော့ ကင်ညာ စစ်သား အယောက် တစ်ရာလောက်ကို သူတို့ သတ်ပစ် ခဲ့တယ်လို့ ပြောပါတယ်။

အယောက် ၁၈၀ သေဆုံးခဲ့တယ် ဆိုတာသာ အတည်ပြုနိုင်ရင်တော့ အဲဒီ တိုက်ခိုက်မှုဟာ အယ်လ်ရှာဘတ် တိုက်ခိုက်မှုတွေအနက် အသေအပျောက် အများဆုံး ဖြစ်လာမှာပါ။

အရင်က အသေအပျောက် အများဆုံး တိုက်ခိုက်မှုက ပြီးခဲ့တဲ့ ဧပြီလမှာ ကင်ညာ အရှေ့မြောက်ပိုင်းက ကောလိပ်ကျောင်း တိုက်ခိုက် ခံရမှု ဖြစ်ပြီး ၁၄၈ ဦး သေဆုံး ခဲ့ရပါတယ်။

ကင်ညာ စစ်သား ၁၈၀ တစ်ရက်တည်း သေဆုံးခဲ့တယ် ဆိုတာကို ဆိုမာလီ သမ္မတ Hassan Sheikh Mohamud က ဆိုမာလီ ရုပ်သံ တစ်ခုနဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment