အရက္ ေသာက္ထားသည့္ ခရီးသည္မ်ားေၾကာင့္ အစီအစဥ္ မရွိဘဲ တူရကီေလယာဥ္ ဆာရာေယဗိုတြင္ ဆင္းသက္ခဲ႔ရ

တူရကီ Pegasus Airlines ပိုင္ ေလယာဥ္အား ေတြ႕ရစဥ္ (ဓာတ္ပံု-အင္တာနက္)
    ဆာရာေယဗို၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

    အရက္ ေသာက္ထားသည့္ ခရီးသည္ ငါးဦးေၾကာင့္ တူရကီ ေလယာဥ္ တစ္စင္းမွာ အစီအစဥ္ မရွိဘဲ ေဘာ့စနီးယားႏွင့္ ဟာဇီဂိုးဗီးနား ႏိုင္ငံၿမိဳ႕ေတာ္ ဆာရာေယဗို အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ဆင္းသက္ ခဲ႔ရသည္။

တူရကီ Pegasus Airlines ပိုင္ ေလယာဥ္ တစ္စင္းသည္ အစၥတန္ဘူလ္မွ ေရာမသို႔ ထြက္ခြာလာျခင္း ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၂၅ ရက္ မြန္းတည့္ခ်ိန္၌ ဆာရာေယဗို ေလဆိပ္တြင္ ဆင္းသက္ခဲ႔ျခင္း ျဖစ္ေၾကာင္း ေဒသခံ မီဒီယာက ေဖာ္ျပထားသည္။

တူရကီ ႏိုင္ငံသား ခရီးသည္ ငါးဦးမွာ ၎တို႔ ေသာက္သံုးထားသည့္ အရက္ တန္ဖိုးေငြအား ေလယာဥ္ဝန္ထမ္း က ေတာင္းခံရာမွ အျငင္းပြားခဲ႔ရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခရီးသည္ ငါးဦးအား ေလယာဥ္ေပၚမွ ဆင္းေစခဲ႔ကာ အစၥတန္ဘူလ္သို႔ ျပန္လည္ပို႔ေပးမည္ ျဖစ္ၿပီး ေလယာဥ္မွာမူ ဆာရာေယဗို ေလဆိပ္မွ တစ္နာရီခန္႔ အၾကာတြင္ ေရာမသို႔ ဆက္လက္ ထြက္ခြာခဲ႔သည္။ 

(Xinhua)
http://www.xinhuamyanmar.com

.....................................


တူရကီ Pegasus Airlines ပိုင် လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဆာရာယေဗို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    အရက် သောက်ထားသည့် ခရီးသည် ငါးဦးကြောင့် တူရကီ လေယာဉ် တစ်စင်းမှာ အစီအစဉ် မရှိဘဲ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား နိုင်ငံမြို့တော် ဆာရာယေဗို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက် ခဲ့ရသည်။

တူရကီ Pegasus Airlines ပိုင် လေယာဉ် တစ်စင်းသည် အစ္စတန်ဘူလ်မှ ရောမသို့ ထွက်ခွာလာခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက် မွန်းတည့်ချိန်၌ ဆာရာယေဗို လေဆိပ်တွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

တူရကီ နိုင်ငံသား ခရီးသည် ငါးဦးမှာ ၎င်းတို့ သောက်သုံးထားသည့် အရက် တန်ဖိုးငွေအား လေယာဉ်ဝန်ထမ်း က တောင်းခံရာမှ အငြင်းပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည် ငါးဦးအား လေယာဉ်ပေါ်မှ ဆင်းစေခဲ့ကာ အစ္စတန်ဘူလ်သို့ ပြန်လည်ပို့ပေးမည် ဖြစ်ပြီး လေယာဉ်မှာမူ ဆာရာယေဗို လေဆိပ်မှ တစ်နာရီခန့် အကြာတွင် ရောမသို့ ဆက်လက် ထွက်ခွာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment