အိႏိၵယတြင္ ေတာဆင္႐ိုင္းမ်ားေသာင္းက်န္း


နယူးေဒလီ ေဖေဖာ္ဝါရီ ၂၉

အိႏၵိယႏိုင္ငံေတာင္ပိုင္းတြင္ ႐ိုးရာပြဲေတာ္တစ္ခုက်င္းပေနစဥ္ ေတာင္ဆင္႐ိုင္းတစ္ေကာင္ ေဒါသတႀကီးဝင္ေရာက္ေသာင္းက်န္းသြားခဲ့ၿပီး အနီးအနားတြင္ ရပ္နားထားသည့္ ကားအစီး ၂ဝ ေက်ာ္ကို တိုက္ခိုက္ဖ်က္ဆီးသြားခဲ့သည္။

လြန္ခဲ့သည့္ ေဖေဖာ္ဝါရီ ၂၅ ရက္တြင္လည္း ကီရာလာျပည္နယ္တြင္ ဟိႏၵဴ႐ိုးရာပြဲေတာ္တစ္ခုအတြင္း ဆင္ငါးေကာင္ ဝင္ေရာက္လာခဲ့ၿပီး ဆင္တစ္ေကာင္သည္ ႐ုတ္တရက္ေဒါသေပါက္ကြဲကာ ရပ္နားထားသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ သံုးဘီးဆိုင္ကယ္မ်ားကို နင္းေျခဖ်က္ဆီး သြားခဲ့သည္။ သို႔ေသာ္ လူတစ္ဦးတစ္ေယာက္မွ် ထိခိုက္အနာတရ မျဖစ္ခဲ့ေပ။

အိႏၵိယႏိုင္ငံတြင္ ယခုလအေစာပိုင္းတြင္လည္း အလားတူျဖစ္ရပ္ တစ္ခုျဖစ္ပြားခဲ့သည္။ အိႏၵိယႏိုင္ငံအေရွ႕ပိုင္း အေနာက္ဘဂၤလား ျပည္နယ္တြင္ ေတာဆင္႐ိုင္းတစ္ေကာင္ ဝင္ေရာက္ေသာင္းက်န္းသြား ခဲ့ၿပီး အေဆာက္အအံု ၁ဝဝ ေက်ာ္ ပ်က္စီးသြားခဲ့သည္။ ယခုလ အေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္တြင္ ေတာဆင္႐ိုင္းတစ္ေကာင္ ေသာင္းက်န္းမႈေၾကာင့္ ကား ၁၅ စီး ပ်က္စီး သြားခဲ့သည္။

အင္န္အိတ္ခ်္ေက။
The Mirror Daily
https://www.facebook.com/TheMirrorDaily/


.............................................


နယူးဒေလီ ဖေဖော်ဝါရီ ၂၉

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ရိုးရာပွဲတော်တစ်ခုကျင်းပနေစဉ် တောင်ဆင်ရိုင်းတစ်ကောင် ဒေါသတကြီးဝင်ရောက်သောင်းကျန်းသွားခဲ့ပြီး အနီးအနားတွင် ရပ်နားထားသည့် ကားအစီး ၂ဝ ကျော်ကို တိုက်ခိုက်ဖျက်ဆီးသွားခဲ့သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း ကီရာလာပြည်နယ်တွင် ဟိန္ဒူရိုးရာပွဲတော်တစ်ခုအတွင်း ဆင်ငါးကောင် ဝင်ရောက်လာခဲ့ပြီး ဆင်တစ်ကောင်သည် ရုတ်တရက်ဒေါသပေါက်ကွဲကာ ရပ်နားထားသည့် မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များကို နင်းခြေဖျက်ဆီး သွားခဲ့သည်။ သို့သော် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်အနာတရ မဖြစ်ခဲ့ပေ။

အိန္ဒိယနိုင်ငံတွင် ယခုလအစောပိုင်းတွင်လည်း အလားတူဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလား ပြည်နယ်တွင် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်သောင်းကျန်းသွား ခဲ့ပြီး အဆောက်အအုံ ၁ဝဝ ကျော် ပျက်စီးသွားခဲ့သည်။ ယခုလ အစောပိုင်းတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းမှုကြောင့် ကား ၁၅ စီး ပျက်စီး သွားခဲ့သည်။

အင်န်အိတ်ချ်ကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment