ကမၻာမွာ တ႐ုတ္လက္နက္တင္ပို႔မႈ (၂) ဆနီးပါးတိုး

တ႐ုတ္ႏုိင္ငံ၊ ဘီဂ်င္းၿမိဳ႕မွာ ဒုတိယကမၻာစစ္ၿပီးဆံုးတဲ့ ႏွစ္ ၇၀ ျပည့္ အခမ္းအနားမွာ အေျမာက္ပစ္ေဖာက္ေနစဥ္။
တ႐ုတ္ႏို္င္ငံဟာ ကမၻာ့လက္နက္ထုတ္လုပ္တဲ့ အဓိကႏိုင္ငံျဖစ္လာေနတာနဲ႔ တခ်ိန္တည္း ျပည္ပကို လက္နက္တင္ပို႔မႈလည္း ၅ ႏွစ္အတြင္း ၂ ဆ တိုးျမင့္ လာေၾကာင္း သုေတသနအဖြဲ႔တခုက ေျပာပါတယ္။

တ႐ုတ္ႏုိ္င္ငံက အဓိကလက္နက္တင္ပို႔မႈဟာ ၂၀၁၁ ကေန ၂၀၁၅ အတြင္း ၈၈ % တုိးလာေၾကာင္း Stockholm အေျခစိုက္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသနအဖြဲ႔ (SIPRI) ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီအဖြဲ႔ရဲ႕ အႀကီးတန္း သုေတသီ Siemon Wezeman က - တ႐ုတ္ႏုိင္ငံဟာ လက္နက္တင္ပို႔တာကို စိတ္အားထက္ထက္သန္သန္နဲ႔ လုပ္ေန ေၾကာင္းနဲ႔ တ႐ုတ္နဲ႔ ႏွစ္ရွည္လမ်ား ရင္းရင္းႏွီးႏွီး ရွိခဲ့တဲ့ တုိင္းျပည္ေတြဆီကို လက္နက္အမ်ားအျပားတင္ပို႔ေနေၾကာင္းနဲ႔ လက္နက္ျဖည့္တင္းဖို႔ အားေပး အားေျမႇာက္လုပ္ေနတဲ့ မဟာဗ်ဴဟာေတြလည္း ရွိတဲ့အေၾကာင္း ေျပာပါတယ္။ သူ ဥပမာေပး ေထာက္ျပတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာ၊ ပါကစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံတို႔ ပါဝင္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ကမၻာမွာ လက္နက္တင္ပို႔မႈ အမ်ားဆံုး ႏိုင္ငံေတြျဖစ္ၾကတဲ့ အေမရိကန္ နဲ႔ ႐ုရွားၿပီးရင္ တတိယလိုက္တာျဖစ္ၿပီး ၂၀၁၁ ကေန ၂၀၁၅ အတြင္း လက္နက္တင္ပို႔မႈ ၆ % နီးပါးရွိတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ရ၀ ပြည့် အခမ်းအနားမှာ အမြောက်ပစ်ဖောက်နေစဉ်။
တရုတ်နို်င်ငံဟာ ကမ္ဘာ့လက်နက်ထုတ်လုပ်တဲ့ အဓိကနိုင်ငံဖြစ်လာနေတာနဲ့ တချိန်တည်း ပြည်ပကို လက်နက်တင်ပို့မှုလည်း ၅ နှစ်အတွင်း ၂ ဆ တိုးမြင့် လာကြောင်း သုတေသနအဖွဲ့တခုက ပြောပါတယ်။

တရုတ်နို်င်ငံက အဓိကလက်နက်တင်ပို့မှုဟာ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း ၈၈ % တိုးလာကြောင်း Stockholm အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ရဲ့ အကြီးတန်း သုတေသီ Siemon Wezeman က - တရုတ်နိုင်ငံဟာ လက်နက်တင်ပို့တာကို စိတ်အားထက်ထက်သန်သန်နဲ့ လုပ်နေ ကြောင်းနဲ့ တရုတ်နဲ့ နှစ်ရှည်လများ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ တိုင်းပြည်တွေဆီကို လက်နက်အများအပြားတင်ပို့နေကြောင်းနဲ့ လက်နက်ဖြည့်တင်းဖို့ အားပေး အားမြှောက်လုပ်နေတဲ့ မဟာဗျူဟာတွေလည်း ရှိတဲ့အကြောင်း ပြောပါတယ်။ သူ ဥပမာပေး ထောက်ပြတဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လက်နက်တင်ပို့မှု အများဆုံး နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန် နဲ့ ရုရှားပြီးရင် တတိယလိုက်တာဖြစ်ပြီး ၂၀၁၁ ကနေ ၂၀၁၅ အတွင်း လက်နက်တင်ပို့မှု ၆ % နီးပါးရှိတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment