ႏိုင္ဂ်ီးရီးယားတြင္ လစာယူ အလုပ္မဆင္းသည့္ စာရင္းေပ်ာက္၀န္ထမ္း ၂၄၀၀၀ နီးပါးကို ဖယ္ရွား

ကမၻာ့သတင္း
ဘီဘီစီ

ႏိုင္႐ုိဘီ၊ ေဖေဖာ္၀ါရီ ၂၉ ။                 ။ ႏိုင္ဂ်ီးရီးယားတြင္ လစာေပးေနရၿပီး အလုပ္လာမဆင္းၾကသည့္ စာရင္းေပ်ာက္ အလုပ္သမား ၂၄၀၀၀ နီးပါးရွိေနေၾကာင္း စာရင္းစစ္ထုတ္ျပန္ခ်က္တစ္ရပ္အားျဖင့္ ၎၀န္ထမ္းမ်ားအား အစုိးရက လစာေပးစာရင္းမွ ဖယ္ရွားလိုက္ေၾကာင္း ဘ႑ာေရး၀န္ႀကီးဌာနက ေျပာသည္။

ယခုကဲ့သုိ႔ လုပ္ေဆာင္လိုက္ျခင္းအားျဖင့္ ႏိုင္ဂ်ီးယားႏုိင္ငံအေနျဖင့္ လစဥ္ အေမရိကန္ေဒၚလာ ၁၁၅ သန္း အကုန္အက် သက္သာမည္ျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္က အာဏာရယူခဲ့သည့္ သမၼတဘူဟာရီ၏ အက်င့္ပ်က္ျခစားမႈ တုိက္ဖ်က္ေရးလုပ္ငန္းစဥ္အရ ယခုကဲ့သို႔ စာရင္းစစ္၀င္ျခင္းျဖစ္သည္။

အက်င့္ပ်က္ျခစားမႈႏွင့္ လြဲမွားစီမံခန္႔ခြဲမႈမ်ားသည္ ႏိုင္ဂ်ီးရီးယားႏိုင္ငံ၏ ဖြံ႔ျဖိဳးမႈကို ကာလရွည္စိန္ေခၚလ်က္ရွိသည္။ စီးပြားေရးေႏွးေကြးမႈကို ရင္ဆိုင္ရန္အတြက္ အသုံးစရိတ္ ေလွ်ာ့ခ်သြားမည္ဟု အစိုးရက ကတိေပးထားသည္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံသည္ အာဖရိက၏ စီးပြားေရးအၾကီးဆုံးျဖစ္ကာ ထိပ္တန္းေရနံထုတ္ႏိုင္ငံျဖစ္ျပီး ျပီးခဲ့သည့္ ေရနံေစ်းကြက္ ျပိဳလဲျခင္းေၾကာင့္ ဘ႑ာေရးအေျခအေန က်ပ္တည္းမႈ ရင္ဆိုင္ေနရသည္။

ထိုျပင္ ႏုိင္ငံအေနျဖင့္ ေငြေၾကးေဖာင္းပြမႈ၊ ရွယ္ယာေစ်းကြက္က်ဆင္းမႈႏွင့္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ စီးပြားေရးဖြံ႔ျဖိဳးမႈ ေလးကန္ေနျခင္းတို႔ႏွင့္လည္း ရင္ဆိုင္ႀကံဳေတြ႔ေနရသည္။

- See more at: http://mizzimaburmese.com/article/11774#sthash.P1y7yQ5A.dpuf
.............
နိုင်ဂျီးရီးယားတွင် လစာယူ အလုပ်မဆင်းသည့် စာရင်းပျောက်ဝန်ထမ်း ၂၄၀၀၀ နီးပါးကို ဖယ်ရှား
ကမ္ဘာ့သတင်း
ဘီဘီစီ

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၂၉ ။                 ။ နိုင်ဂျီးရီးယားတွင် လစာပေးနေရပြီး အလုပ်လာမဆင်းကြသည့် စာရင်းပျောက် အလုပ်သမား ၂၄၀၀၀ နီးပါးရှိနေကြောင်း စာရင်းစစ်ထုတ်ပြန်ချက်တစ်ရပ်အားဖြင့် ၎င်းဝန်ထမ်းများအား အစိုးရက လစာပေးစာရင်းမှ ဖယ်ရှားလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် နိုင်ဂျီးယားနိုင်ငံအနေဖြင့် လစဉ် အမေရိကန်ဒေါ်လာ ၁၁၅ သန်း အကုန်အကျ သက်သာမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အာဏာရယူခဲ့သည့် သမ္မတဘူဟာရီ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်အရ ယခုကဲ့သို့ စာရင်းစစ်ဝင်ခြင်းဖြစ်သည်။

အကျင့်ပျက်ခြစားမှုနှင့် လွဲမှားစီမံခန့်ခွဲမှုများသည် နိုင်ဂျီးရီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ကာလရှည်စိန်ခေါ်လျက်ရှိသည်။ စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်ရန်အတွက် အသုံးစရိတ် လျှော့ချသွားမည်ဟု အစိုးရက ကတိပေးထားသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် အာဖရိက၏ စီးပွားရေးအကြီးဆုံးဖြစ်ကာ ထိပ်တန်းရေနံထုတ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ရေနံစျေးကွက် ပြိုလဲခြင်းကြောင့် ဘဏ္ဍာရေးအခြေအနေ ကျပ်တည်းမှု ရင်ဆိုင်နေရသည်။

ထိုပြင် နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှု၊ ရှယ်ယာစျေးကွက်ကျဆင်းမှုနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ စီးပွားရေးဖွံ့ဖြိုးမှု လေးကန်နေခြင်းတို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

- See more at: http://mizzimaburmese.com/article/11774#sthash.P1y7yQ5A.dpuf
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment