မူပိုင္ခြင့္ခ်ဳိးေဖာက္မႈနဲ႔ပတ္သက္တဲ့ အျပန္အလွန္တရားစြဲဆိုထားမႈေတြမွာ Samsung က Apple ကုမၸဏီကိုအႏိုင္ရ



စီအင္န္ေအ
ေဖေဖာ္၀ါရီ ၂၈

မူပုိင္ခြင့္နဲ႔ပတ္သက္လို႔ ကာလၾကာ တရားရင္ဆုိင္ေနခဲ့ၾကရတဲ့ အက္ပဲလ္နဲ႔ ဆမ္ေဆာင္းတုိ႔အၾကားက အျငင္းပြားမႈကို ေဖေဖာ္၀ါရီ ၂၇ ရက္မွာ အေမရိကန္ အယူခံတရားရံုးက ဆမ္ေဆာင္းကုမၼဏီကုိ အႏိုင္ေပးလိုက္တယ္လို႔ သိရပါ
တယ္။

ၿပီးခဲ့တဲ့ကာလတုန္းက မူပိုင္ခြင့္ထိပါးလို႔ဆိုၿပီး ဆမ္ေဆာင္းကုမၼဏီဘက္က iPhone ကုမၼဏီကုိ ကန္ေဒၚလာ ၁၁၉ ဒသမ ၆ သန္း ေပးေလ်ာ္ရမယ္လို႔ တရားရံုးအမိန္႔ခ်မွတ္မႈတစ္ခုကုိလည္း အခုအယူခံတရားရံုးဆံုးျဖတ္ခ်က္နဲ႔ ပယ္ဖ်က္လိုက္ၿပီ ျဖစ္ပါတယ္။

အက္ပဲလ္ကုမၼဏီဘက္က တုိင္တန္းထားတဲ့ မူပိုင္ခြင့္ထိပါးမႈ ကိစၥရပ္ႏွစ္ခုဟာ ဥပေဒေၾကာင္းအရ ခုိင္လံုမႈမရွိဘူးလို႔ အေမရိကန္တရားရံုးက ဆံုးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

“ အခုလို အေမရိကန္ တရားရံုးက ကၽြန္ေတာ္တို႔ဘက္ကို အႏိုင္ေပးလုိက္လို႔ တကယ့္၀မ္းသာရပါတယ္” လို႔ ဆမ္ေဆာင္း ကုမၼဏီက ထုတ္ျပန္ေျပာၾကားပါတယ္။

ေတာင္ကုိရီးယားရဲ႕ မိုဘိုင္းဖုန္းကုမၼဏီဟာ စမတ္ဖုန္းေတြနဲ႔ပတ္သက္တဲ့ မူပုိင္ခြင့္အမ်ားအျပားကို ထိပါးခ်ဳိးေဖာက္ထားခဲ့တယ္ဆိုၿပီး အက္ပဲလ္ကုမၼဏီဘက္က ၂၀၁၂ ခုႏွစ္ အေစာပိုင္းမွာ တရားစြဲဆိုထားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ မိမိတို႔ဘက္က အမွားအယြင္း လုပ္မထားခဲ့သလို အက္ပဲလ္ဘက္ကသာ မူပုိင္ခြင့္တစ္ခ်ဳိ႕ကုိ ခ်ဳိးေဖာက္ထားတာဆိုၿပီး ဆမ္ေဆာင္းကုမၼဏီကလည္း အက္ပဲလ္ကို ျပန္ၿပီးတရားစြဲဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း ကာလၾကာ တရားရင္ဆုိင္လာရတ့ဲအခ်ိန္မွာ ႏွစ္ဘက္အၾကား စြပ္စြဲထားတ့ဲ မူပိုင္ခြင့္ခ်ဳိးေဖာက္မႈ တုိင္ၾကားခ်က္အေရအတြက္မွာ က်ဆင္းလာခဲ့ပါတယ္။

ေဖေဖာ္၀ါရီ ၂၇ ရက္က တရားရံုးမွာေတာ့ အက္ပဲလ္ဘက္က တိုင္ၾကားထားတဲ့ မူပိုင္ခြင့္ခ်ဳိးေဖာက္မႈ ကိစၥသံုးခုနဲ႔ ဆမ္ေဆာင္းဘက္က တုိင္ၾကားတဲ့ ကိစၥႏွစ္ခုကုိ စစ္ေဆးခဲ့တာျဖစ္ပါတယ္။

တရားရံုးက ဆံုးျဖတ္ရာမွာေတာ့ အက္ပဲလ္ကုမၼဏီဘက္က တုိင္ၾကားထားတဲ့ ကိစၥရပ္သံုးခုအနက္က ႏွစ္ခုကေတာ့ ခိုင္လံုမႈမရွိဘူးလို႔ ဆံုးျဖတ္ခဲ့သလို က်န္တစ္ခုကုိလည္း ဆမ္ေဆာင္းကုမၼဏီက ထိပါးခ်ဳိးေဖာက္ခဲ့ျခင္းမရွိဘူးဆိုၿပီး
ဆံုးျဖတ္ခဲ့ပါတယ္။

တစ္ဘက္မွာလည္း အက္ပဲလ္ကုမၼဏီအေနနဲ႔ ေတာင္ကုိရီးယား ကုမၼဏီရဲ႕
မူပိုင္ခြင့္ကိစၥရပ္တစ္ခုမွာ ထိပါးခဲ့တယ္ဆိုၿပီး ကန္ေဒၚလာ ၁၅၈,၅၀၀
ေပးေလွ်ာ္ရမယ္လို႔ တရားရံုးဆံုးျဖတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Photo; talkandroid.com
@@@
SFJ Strategy First Journalကို Strategy First Institute က စီစဥ္
တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပ
သတင္းနဲ႔ အထူးတင္ဆက္မႈေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။

-----------------

မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ပတ်သက်တဲ့ အပြန်အလှန်တရားစွဲဆိုထားမှုတွေမှာ Samsung က Apple ကုမ္ပဏီကိုအနိုင်ရ

စီအင်န်အေ
ဖေဖော်ဝါရီ ၂၈

မူပိုင်ခွင့်နဲ့ပတ်သက်လို့ ကာလကြာ တရားရင်ဆိုင်နေခဲ့ကြရတဲ့ အက်ပဲလ်နဲ့ ဆမ်ဆောင်းတို့အကြားက အငြင်းပွားမှုကို ဖေဖော်ဝါရီ ၂၇ ရက်မှာ အမေရိကန် အယူခံတရားရုံးက ဆမ်ဆောင်းကုမ္မဏီကို အနိုင်ပေးလိုက်တယ်လို့ သိရပါ
တယ်။

ပြီးခဲ့တဲ့ကာလတုန်းက မူပိုင်ခွင့်ထိပါးလို့ဆိုပြီး ဆမ်ဆောင်းကုမ္မဏီဘက်က iPhone ကုမ္မဏီကို ကန်ဒေါ်လာ ၁၁၉ ဒသမ ၆ သန်း ပေးလျော်ရမယ်လို့ တရားရုံးအမိန့်ချမှတ်မှုတစ်ခုကိုလည်း အခုအယူခံတရားရုံးဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

အက်ပဲလ်ကုမ္မဏီဘက်က တိုင်တန်းထားတဲ့ မူပိုင်ခွင့်ထိပါးမှု ကိစ္စရပ်နှစ်ခုဟာ ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိဘူးလို့ အမေရိကန်တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ အခုလို အမေရိကန် တရားရုံးက ကျွန်တော်တို့ဘက်ကို အနိုင်ပေးလိုက်လို့ တကယ့်ဝမ်းသာရပါတယ်” လို့ ဆမ်ဆောင်း ကုမ္မဏီက ထုတ်ပြန်ပြောကြားပါတယ်။

တောင်ကိုရီးယားရဲ့ မိုဘိုင်းဖုန်းကုမ္မဏီဟာ စမတ်ဖုန်းတွေနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်အများအပြားကို ထိပါးချိုးဖောက်ထားခဲ့တယ်ဆိုပြီး အက်ပဲလ်ကုမ္မဏီဘက်က ၂၀၁၂ ခုနှစ် အစောပိုင်းမှာ တရားစွဲဆိုထားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိတို့ဘက်က အမှားအယွင်း လုပ်မထားခဲ့သလို အက်ပဲလ်ဘက်ကသာ မူပိုင်ခွင့်တစ်ချို့ကို ချိုးဖောက်ထားတာဆိုပြီး ဆမ်ဆောင်းကုမ္မဏီကလည်း အက်ပဲလ်ကို ပြန်ပြီးတရားစွဲဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ကာလကြာ တရားရင်ဆိုင်လာရတဲ့အချိန်မှာ နှစ်ဘက်အကြား စွပ်စွဲထားတဲ့ မူပိုင်ခွင့်ချိုးဖောက်မှု တိုင်ကြားချက်အရေအတွက်မှာ ကျဆင်းလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က တရားရုံးမှာတော့ အက်ပဲလ်ဘက်က တိုင်ကြားထားတဲ့ မူပိုင်ခွင့်ချိုးဖောက်မှု ကိစ္စသုံးခုနဲ့ ဆမ်ဆောင်းဘက်က တိုင်ကြားတဲ့ ကိစ္စနှစ်ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တရားရုံးက ဆုံးဖြတ်ရာမှာတော့ အက်ပဲလ်ကုမ္မဏီဘက်က တိုင်ကြားထားတဲ့ ကိစ္စရပ်သုံးခုအနက်က နှစ်ခုကတော့ ခိုင်လုံမှုမရှိဘူးလို့ ဆုံးဖြတ်ခဲ့သလို ကျန်တစ်ခုကိုလည်း ဆမ်ဆောင်းကုမ္မဏီက ထိပါးချိုးဖောက်ခဲ့ခြင်းမရှိဘူးဆိုပြီး
ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ဘက်မှာလည်း အက်ပဲလ်ကုမ္မဏီအနေနဲ့ တောင်ကိုရီးယား ကုမ္မဏီရဲ့
မူပိုင်ခွင့်ကိစ္စရပ်တစ်ခုမှာ ထိပါးခဲ့တယ်ဆိုပြီး ကန်ဒေါ်လာ ၁၅၈,၅၀၀
ပေးလျှော်ရမယ်လို့ တရားရုံးဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment