အသက္ ၆၅ အဘိုးၾကီးနဲ႔ ၁၂ ႏွစ္သမီး မဂၤလာေဆာင္ ဓာတ္ပံုရိုက္ စမ္းသပ္မွု









အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕ေပၚမွာ နာမည္ေက်ာ္ YouTube ဗီဒီိယို Channel ႏွစ္ခုက ပူးေပါင္းျပီးေတာ့ စမ္းသပ္မွု တစ္ခု ျပဳလုပ္ပါတယ္။ ယင္းကေတာ့ အသက္ ၆၅ ႏွစ္အရြယ္ သတို႔သား အဘိုးၾကီးနဲ႔ အသက္ ၁၂ ႏွစ္ အရြယ္ ကေလးမေလးတို႔အတြက္ Pre Wedding ဓာတ္ပံု ရိုက္ေပးျခင္း ျဖစ္ပါတယ္။
နယူးေယာက္ျမိဳ႕ လူစည္ကားတဲ့ ေနရာမွာ ဓာတ္ပံုရိုက္ စမ္းသပ္မွု ျပဳလုပ္ျပီး ေရာက္ေလရာ ေနရာမွာ လူေတြရဲ႕ တံု႔ျပန္မွုကို ရရွိပါတယ္။ ပထမ တစ္ေနရာမွာ အမ်ိဳးသမီး တစ္ေယာက္ဟာ ေရွ႕တုိးလာျပီး ကေလးကို အသက္ဘယ္ေလာက္ရွိေၾကာင္းေမးတယ္။ အဘုိးၾကီးကိုေမးတယ္။ ျပီးေတာ့ မိဘေတြဘယ္မွာလည္း ေမးပါတယ္။ ျပီးေတာ့ ဒါဟာ တရားမဝင္ဘူးလို႔ ေျပာျပီး ကေလးကို လြတ္ေပးဖို႔ ေတာင္းဆုိပါတယ္။ ဒီလိုပါပဲ စမ္းသပ္တဲ့ေနရာတိုင္းမွာ အဘိုးၾကီးဟာ ျပႆနာ အရွာခံရျပီး အခ်ိဳ႕ဆုိရင္ ရဲေခၚျပီး ဖမ္းမယ္ဆိုတဲ့အထိ လုပ္ၾက ပါတယ္။ အခ်ိဳ႕ဆုိရင္ ဝိုင္းျပီးေတာ့ ထိုးၾကိတ္ဖို႔အထိေတာင္ ေဒါသထြက္ၾက ပါတယ္။
စမ္းသပ္မွုထဲမွာ ကေလးရဲ႕ မိဘမ်ားက ခြင့္ျပဳလိ႔ု လက္ထက္ျခင္းျဖစ္ေၾကာင္း လာေရာက္ ဆန္႔က်င္ေျပာဆုိသူမ်ားကို ေျပာေပမယ့္ လက္မခံခဲ့ၾကပါဘူး။ ကေလးကို ကယ္ဆယ္ ဖုိ႔ပဲ ဆႏၵ မဲေနၾကခဲ့ ပါတယ္။ ကမၻာေပၚမွာ ႏိုင္ငံေပါင္း ၉၅ ႏို္င္ငံေက်ာ္မွာ အရြယ္မေရာက္ခင္ လက္ထက္ထိမ္းျမားခံရျခင္းဟာ အျဖစ္မ်ားလ်က္ ရွိပါတယ္။ အထူးသျဖင့္ အေရွ႕အာရွ၊ ေတာင္အာရွ၊ အေနာက္အာရွ၊ အေရွ႕ေတာင္ အာရွ၊ အာဖရိက၊ လက္တင္အေမရိကတို႔မွာ အျဖစ္မ်ားဆံုး ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္မွ အသက္ျပည့္တယ္လို႔ ဥပေဒ အရ သတ္မွတ္ထားျခင္း ျဖစ္ပါတယ္။
ကမၻာမွာ ေန႔စဥ္ ၃၃၀၀၀ (သံုးေသာင္းသံုးေထာင္) ေသာ အသက္မျပည့္ေသးတဲ့ ကေလးငယ္မ်ားဟာ ပတ္ဝန္းက်င္၊ မိဘ အသိုင္းအဝိုင္း၊ ဘာသာေရး၊ လူမွုေရး ဖိႏွိပ္မွုမ်ားအရ လက္ထက္ထိမ္းျမားေနၾကရ ပါတယ္။
ဗီဒီယို ၾကည့္ရွုရန္ - https://youtu.be/KldFGgUTqKA
ေအာင္ခမ္း (ရိုးရာေလး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com

(Unicode version)

အသက် ၆၅ အဘိုးကြီးနဲ့ ၁၂ နှစ်သမီး မင်္ဂလာဆောင် ဓာတ်ပုံရိုက် စမ်းသပ်မှု
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ပေါ်မှာ နာမည်ကျော် YouTube ဗီဒိယို Channel နှစ်ခုက ပူးပေါင်းပြီးတော့ စမ်းသပ်မှု တစ်ခု ပြုလုပ်ပါတယ်။ ယင်းကတော့ အသက် ၆၅ နှစ်အရွယ် သတို့သား အဘိုးကြီးနဲ့ အသက် ၁၂ နှစ် အရွယ် ကလေးမလေးတို့အတွက် Pre Wedding ဓာတ်ပုံ ရိုက်ပေးခြင်း ဖြစ်ပါတယ်။
နယူးယောက်မြို့ လူစည်ကားတဲ့ နေရာမှာ ဓာတ်ပုံရိုက် စမ်းသပ်မှု ပြုလုပ်ပြီး ရောက်လေရာ နေရာမှာ လူတွေရဲ့ တုံ့ပြန်မှုကို ရရှိပါတယ်။ ပထမ တစ်နေရာမှာ အမျိုးသမီး တစ်ယောက်ဟာ ရှေ့တိုးလာပြီး ကလေးကို အသက်ဘယ်လောက်ရှိကြောင်းမေးတယ်။ အဘိုးကြီးကိုမေးတယ်။ ပြီးတော့ မိဘတွေဘယ်မှာလည်း မေးပါတယ်။ ပြီးတော့ ဒါဟာ တရားမဝင်ဘူးလို့ ပြောပြီး ကလေးကို လွတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလိုပါပဲ စမ်းသပ်တဲ့နေရာတိုင်းမှာ အဘိုးကြီးဟာ ပြဿနာ အရှာခံရပြီး အချို့ဆိုရင် ရဲခေါ်ပြီး ဖမ်းမယ်ဆိုတဲ့အထိ လုပ်ကြ ပါတယ်။ အချို့ဆိုရင် ဝိုင်းပြီးတော့ ထိုးကြိတ်ဖို့အထိတောင် ဒေါသထွက်ကြ ပါတယ်။
စမ်းသပ်မှုထဲမှာ ကလေးရဲ့ မိဘများက ခွင့်ပြုလို့ လက်ထက်ခြင်းဖြစ်ကြောင်း လာရောက် ဆန့်ကျင်ပြောဆိုသူများကို ပြောပေမယ့် လက်မခံခဲ့ကြပါဘူး။ ကလေးကို ကယ်ဆယ် ဖို့ပဲ ဆန္ဒ မဲနေကြခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၉၅ န်ိုင်ငံကျော်မှာ အရွယ်မရောက်ခင် လက်ထက်ထိမ်းမြားခံရခြင်းဟာ အဖြစ်များလျက် ရှိပါတယ်။ အထူးသဖြင့် အရှေ့အာရှ၊ တောင်အာရှ၊ အနောက်အာရှ၊ အရှေ့တောင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့မှာ အဖြစ်များဆုံး ဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ အသက်ပြည့်တယ်လို့ ဥပဒေ အရ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာမှာ နေ့စဉ် ၃၃၀၀၀ (သုံးသောင်းသုံးထောင်) သော အသက်မပြည့်သေးတဲ့ ကလေးငယ်များဟာ ပတ်ဝန်းကျင်၊ မိဘ အသိုင်းအဝိုင်း၊ ဘာသာရေး၊ လူမှုရေး ဖိနှိပ်မှုများအရ လက်ထက်ထိမ်းမြားနေကြရ ပါတယ်။
ဗီဒီယို ကြည့်ရှုရန် - https://youtu.be/KldFGgUTqKA
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment