ထိုင်းနိုင်ငံ တွင် ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးအား ကမ္ဘောဒီးယား ငါးဖမ်းလှေ လုပ်သားများ က အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့်



၂၈-၂-၂၀၁၆





...................
၂၈-၂-၂၀၁၆

ယနေ ့မနက် (၁)နာရီအချိန်မှာ ထိုင်းနိုင်ငံ သရ ခရိုင် (ထိုင်း -ကမ္ဘောဒီယား နယ်စပ်မြို ့နယ်) ကော့ကို ကျွန်းတွင်ရပ်နားထားသည့် စက်လှေပေါ်မှ ကမ္ဘော ဒီယား လှေထိုးသား ငါးဦးက ညပိုင်း ကျွန်းပေါ်ရှိ ဟော်တယ်သို ့ ပြန်လာသူ နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး နှစ်ဦးကို အုပ်စုလိုက် ရိုက်နှက် မုဒိန်းကျင့်ခဲ့ကြကြောင်း သိရပါတယ်။


ကမ်းစပ်မှာ အမျိုးသမီးနှစ်ဦး ဒဏ်ရာတွေနဲ ့ လဲနေတာကို ဟော်တယ် ၀န်ထမ်းတွေကတွေ ့ခဲ့ပြီးနောက် ရဲစခန်းကို တိုင်ကြားခဲ့ကြပါတယ်၊ နယ်မြေ ရဲတပ်ဖွဲ ့ ၀င်များ - စစ်တပ်နဲ ့ ကျွန်းအုပ်ချုပ်ရေး အရာရှိတွေပါ၀င် လူ (၅၀) ကျော်က တကျွန်းလုံး ပိတ်ဆို ့ ရှာဖွေ ခဲ့ရပြီး မနက်လေးနာရီမှာ တရားခံ ကမ္ဘာဒီယား နိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း နှစ်ဦးကတော့ တောတွင်း ထွက်ပြေးနေကြဆဲလို ့ရဲတပ်ဖွဲ ့ က ထုတ်ပြန်ခဲ့ပါတယ်။

တရားခံတွေဟာ အသက် (၂၀)ကျော် လူငယ်တွေဖြစ်ကြပြီး ငါးဖမ်းစက်လှေ ရပ်နားထားစဉ် အရက်သောက်နေကြရင်းညပိုင်းကမ်းစပ်မှာ ယောက်ကျးလေးအဖေါ် မပါပဲ လမ်းလျှောက်နေတဲ့ နိုင်ငံခြား သူနှစ်ဦး ကို တွေ ့ခဲ့ရာက ၀ိုင်းချုပ်ပြီး မုဒိန်းကျင့်ခဲ့ကြတာပါ ၊ တရားခံ တချို ့က အမျိုးသမီးနှစ်ဦးကို သတိမေ့အောင်ရိုက် နှက်ခဲ့ကြေ ကြာင်း သိရပါတယ်၊ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးကို ဆေးရုံမှာအရေးပေါ် ဆေးကုသပေးနေရကြောင်း ထိုင်းနိုင်ငံ Khaosod အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAWက်မှုပြန်ဖြစ် 
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment