မစၥစၥပီေဒသ ေလဆင္ႏွာေမာင္းတုိက္ခက္၍ သုံးဦးေသဆုံး ဒဏ္ရာအမ်ားအျပားရရွိ


ဘာတြန္႐ု ေဖေဖာ္ဝါရီ ၂၄

လူဝီစီယားနားေတာင္ပိုင္းႏွင့္ မစၥစၥပီေဒသတို႔တြင္ အဂၤါေန႔က ေလဆင္ႏွာေမာင္းမ်ား တုိက္ခတ္ခဲ့ၿပီး လူသံုးဦး ေသဆံုးကာ ၃ဝ ဒဏ္ရာရရွိခဲ့သည္။ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္မ်ားႏွင့္ လုပ္ငန္းအေဆာက္ အအံုမ်ားစြာ ပ်က္စီးခဲ့ၿပီး ေရစင္တစ္ခုၿပိဳလဲက်ခဲ့ေၾကာင္း အေရးေပၚမုိးေလဝသဌာနမွ ထုတ္ျပန္ေၾကညာသည္။

ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ လူဝီစီယားနားတြင္ ပ်က္စီးမႈအမ်ားဆံုးျဖစ္ခဲ့သည့္ ေနရာမွာ မစၥစၥပီျမစ္ဝွမ္းရွိ ကြန္ဗင့္ရြာငယ္ျဖစ္ၿပီး Sugar Hill ၿခံေျမရွိ ခန္႔မွန္းေရႊ႕ေျပာင္းအိမ္ေျခ ၁၆ဝ ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း ေဒသရဲမွဴး ကာနယ္ မိုက္အက္ဒမြန္ဆန္က သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။ ကြန္ဗင့္ရွိၿခံေျမအတြင္း လူႏွစ္ဦးေသဆံုးခဲ့ၿပီး အပ်က္အစီးပံုမ်ားၾကားတြင္ ပိတ္မိေနသူမ်ားရွိ၊ မရွိကို ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားက ေခြးမ်ားျဖင့္ ပိုက္စိပ္တိုက္ ရွာေဖြလ်က္ရွိေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ဂြၽန္ဘဲလ္အက္ဝါ့တ္က ေျပာသည္။

ေပ်ာက္ဆံုးေနသူမ်ားကို ေဆး႐ံုဧရိယာတစ္ဝိုက္တြင္ ျပန္ေတြ႕ရန္ ေမွ်ာ္လင့္ေၾကာင္းႏွင့္ နယူးေအာ္လင္း အေနာက္ပိုင္းမွ မုိင္ ၆ဝ ခန္႔အကြာရွိ ကြန္ဗင့္ရြာငယ္၌ အသက္ရွင္လြတ္ေျမာက္သူမ်ားထဲတြင္ ျပန္ေတြ႕ႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း အာဏာပုိင္မ်ားက ေျပာသည္။ (႐ုိက္တာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
.............


ဘာတွန်ရု ဖေဖော်ဝါရီ ၂၄

လူဝီစီယားနားတောင်ပိုင်းနှင့် မစ္စစ္စပီဒေသတို့တွင် အင်္ဂါနေ့က လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့ပြီး လူသုံးဦး သေဆုံးကာ ၃ဝ ဒဏ်ရာရရှိခဲ့သည်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် လုပ်ငန်းအဆောက် အအုံများစွာ ပျက်စီးခဲ့ပြီး ရေစင်တစ်ခုပြိုလဲကျခဲ့ကြောင်း အရေးပေါ်မိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာသည်။

လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် လူဝီစီယားနားတွင် ပျက်စီးမှုအများဆုံးဖြစ်ခဲ့သည့် နေရာမှာ မစ္စစ္စပီမြစ်ဝှမ်းရှိ ကွန်ဗင့်ရွာငယ်ဖြစ်ပြီး Sugar Hill ခြံမြေရှိ ခန့်မှန်းရွှေ့ပြောင်းအိမ်ခြေ ၁၆ဝ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသရဲမှူး ကာနယ် မိုက်အက်ဒမွန်ဆန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကွန်ဗင့်ရှိခြံမြေအတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး အပျက်အစီးပုံများကြားတွင် ပိတ်မိနေသူများရှိ၊ မရှိကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ခွေးများဖြင့် ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်း အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ်အက်ဝါ့တ်က ပြောသည်။

ပျောက်ဆုံးနေသူများကို ဆေးရုံဧရိယာတစ်ဝိုက်တွင် ပြန်တွေ့ရန် မျှော်လင့်ကြောင်းနှင့် နယူးအော်လင်း အနောက်ပိုင်းမှ မိုင် ၆ဝ ခန့်အကွာရှိ ကွန်ဗင့်ရွာငယ်၌ အသက်ရှင်လွတ်မြောက်သူများထဲတွင် ပြန်တွေ့နိုင်ရန် မျှော်လင့်ကြောင်း အာဏာပိုင်များက ပြောသည်။ (ရိုက်တာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment