ယီမင်၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီ တပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံး


ဆာနား ၊ ၂၆-၂-၂၀၁၆





PyiChitThar
...............


ဆာနား ၊ ၂၆-၂-၂၀၁၆

ယီမင် တပ်ဖွဲ့ဝင် များသည် နိုင်ငံမြောက်ပိုင်း ဂျော့ဖ်ပြည်နယ် ရှိ ဆော်ဒီတပ်ဖွဲ့ ကို ပဲ့ထိန်းဒုံးကျည် တစ်စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဆော်ဒီ တပ်မှူးများ အပါအဝင် တပ်ဖွဲ့ဝင် ၅ဝ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

Popular Committees က ထောက်ခံထားသော တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းက ဆော်ဒီ တပ်ဖွဲ့ဝင်များ စခန်းချ နေသော ဘဲအယ်လ် မာရတ်ဇစ်က် ဒေသသို ့Qaher 1 အမျိုးအစား ပဲ့ထိန်း ဒုံးကျည်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်း တိုက်ခိုက်မှု အတွင်း ဆော်ဒီတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့ပြီး စစ်လက်နက် ပစ္စည်းများလည်း ပျက်စီးခဲ့ကြောင်း ဘဲအယ်လ်မာ ဆာရတ်အ် သတင်းဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် ယီမင်တပ်ဖွဲ့ဝင် များသည် နိုင်ငံ အနောက်တောင်ပိုင်း တာအစ်ဇ် ပြည်နယ် အယ်လ်ဝါဇီယတ်အ် ခရိုင်ရှိ ဆော်ဒီတပ်ဖွဲ့ဝင် များနှင့် ၄င်းတို့၏ သံချပ်ကာယာဉ် များကို အမြောက်ဆန် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment