အာဖဂန္ ဗံုးခဲြတိုက္ခိုက္မႈ ၂၂ဦးထက္မနဲေသဆံုး (အာဖဂန် ဗုံးခွဲတိုက်ခိုက်မှု ၂၂ဦးထက်မနဲသေဆုံး )

ေဖေဖာ္၀ါရီလ ၂၇ရက္ေန႕က ကာဘူးၿမိဳ႕ရွိ အေသခံ ဗံုးေဖာက္ခြဲမႈ ျဖစ္ပြားသည့္ ေနရာသို႕ သြားေနေသာ အာဇဂန္ လံုျခံဳေရး တပ္ဖြဲ႕၀င္မ်ား။ (REUTERS/Mohammad Ismail)
အာဖဂန္နစၥတန္ႏိုင္ငံမွာ အေသခံဗံုးခြဲသမားတဦးက ၿမိဳ.ေတာ္ကာဘူးရွိ ကာကြယ္ေရး ဝန္ႀကီးဌာန နားက အစိုးရလံုၿခံဳေရးတပ္ဖြဲ႔ေတြကို ဒီေန႔ တိုက္ခိုက္ခဲ့တာေၾကာင့္ လူအနဲဆံုး ၉ ဦးေသဆံုးၿပီး၊ ၁၃ ဦး ဒဏ္ရာရသြားခ့ဲတယ္လို႔ ရဲေတြက ဆိုပါတယ္။

ဒိီမတိုင္ခင္ ဒီေန႔မွာပဲ အာဖဂန္အေရွ.ပိုင္း ပါကစၥတန္နယ္စပ္နားမွာ အေသခံဗံုးခြဲသမားတစ္ဦး လက္ခ်က္ေၾကာင့္ လူ အနဲဆံုး ၁၃ ေသဆံုးသြားၿပီး၊ လူ ၄၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ အာဖဂန္အရာရွိေတြကဆိုပါတယ္။

ကာဘူး ၿမိဳ႕ေတာ္က တိုက္ခိုက္မႈကို မ်က္ျမင္ ႀကံဳခဲ့ရသူေတြက အစုိးရ ကယ္ဆယ္ေရး တပ္ဖြဲ႔ေတြအေနနဲ႔ က်ဆံုးခဲ့တဲ့အေလာင္းေတြနဲ႔ ဒဏ္ရာ ရထားသူေတြကို ၿမိဳ.ေတာ္က ေဆးရံုတစ္ခုကို ပို႔ေဆာင္ေပးေနစဥ္ ခုလို တိုက္ခိုက္ခံခဲ့ရတာလို႔ ဆိုပါတယ္။

တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid က VOA ကိုေျပာရာမွာ ကာဘူးမွာ သူတို႔လုပ္ခဲ့တဲ့ တိုက္ခိုက္မႈေၾကာင့္ အာဖဂန္ ၾကည္းတပ္အရာရွိ ၂၃ ဦး ေသေက်ခဲ့ၿပီး၊ အမ်ားႀကီး ဒဏ္ရာရသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီ တာလီဘန္ သူပုန္ေတြအေနနဲ႔ ခုလို တိုက္ခိုက္မႈေတြေၾကာင့္ ထိခိုက္က်ဆံုးသူ စာရင္းေပးရင္ ပိုၿပီးေျပာေလ့ရွိပါတယ္။

အာဖဂန္နစၥတန္ ေခါင္းေဆာင္ Abdullah Abdullah က ဒီအၾကမ္းဖက္မႈကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္လိုက္ၿပီး၊ ခုလို အၾကမ္းဖက္မႈေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို တြဲၿပီး တၿပိဳင္ထဲ လုပ္လို႔ မရဘူးလို႔ သတိေပး လိုက္ပါတယ္

တကယ္ေတာ့ Abdullah အေနနဲ႔ ခုလိုေျပာလိုက္တာက ေရွ႔အပတ္ ပါကစၥတန္မွာ အာဖဂန္ အစိုးရနဲ့ တာလီဘန္ သူပုန္ေတြအၾကား တိုက္ရိုက္ေဆြးေႏြးပြဲေတြ လုပ္ဖို႔ အစိုးရဘက္က ကမ္းလွမ္းထားတဲ့အေၾကာင္းကို ရည္ရြယ္ၿပီး ေျပာခဲ့တာပါ။

အာဖဂန္ အစုိးရ အႀကီးအကဲ Abdullah က ဆက္ၿပီး သူပုန္ေတြအေနနဲ႔ အနာဂတ္ေကာင္းဖို႔ အၾကမ္းဖက္မႈေတြမလုပ္ပဲ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းပဲ ေရြးသင့္တယ္လို တိုက္တြန္းခဲ့ပါတယ္။

အာဖဂန္အေရွ.ပိုင္း Kunar ျပည္နယ္ၿမိဳ႔ေတာ္ Asadabad မွာျဖစ္တဲ့ တိုက္ခိုက္မႈမွာေတာ့ ဗံုးခြဲသမားအေနနဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းလာၿပီး အုပ္ခ်ုပ္ေရးမႈးရံုး အဝင္အဝနားမွာ ကိုယ့္ဟာကို ဗံုးခြဲပစ္လိုက္တာလို႔ မ်က္ျမင္သက္ေသေတြက ဆိုပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ ေသဆံုးသြားသူေတြထဲမွာ တာလီဘန္ ႏွိမ္နင္းေရး ေဒသခံ ျပည္သူ႔စစ္တပ္မႈး Malik Khan Jan လဲ ပါသြားပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ အနီးနားျဖတ္သြားတဲ့ (ဒါမွမဟုတ္) အနီးနားက ပန္းၿခံထဲမွာ ကစားေနတဲ့ ကေလးငယ္ေတြ အပါအဝင္ အရပ္သား အမ်ားစု ထိခိုက္ ေသေက်ခဲ့ရတယ္လို႔ ျပည္နယ္အရာရွိေတြကဆိုပါတယ္။ ဒဏ္ရာျပင္းထန္သူ ၇ ဦးကိုေတာ့ အနီးနားက Nangarhar ျပည္နယ္က ေဆးရံုပို႔ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
.............
 ဖေဖော်ဝါရီလ ၂၇ရက်နေ့က ကာဘူးမြို့ရှိ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားသည့် နေရာသို့ သွားနေသော အာဇဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များ။ (REUTERS/Mohammad Ismail)
အာဖဂန်နစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲသမားတဦးက မြို.တော်ကာဘူးရှိ ကာကွယ်ရေး ဝန်ကြီးဌာန နားက အစိုးရလုံခြံုရေးတပ်ဖွဲ့တွေကို ဒီနေ့ တိုက်ခိုက်ခဲ့တာကြောင့် လူအနဲဆုံး ၉ ဦးသေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ဒိီမတိုင်ခင် ဒီနေ့မှာပဲ အာဖဂန်အရှေ.ပိုင်း ပါကစ္စတန်နယ်စပ်နားမှာ အသေခံဗုံးခွဲသမားတစ်ဦး လက်ချက်ကြောင့် လူ အနဲဆုံး ၁၃ သေဆုံးသွားပြီး၊ လူ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်အရာရှိတွေကဆိုပါတယ်။

ကာဘူး မြို့တော်က တိုက်ခိုက်မှုကို မျက်မြင် ကြံုခဲ့ရသူတွေက အစိုးရ ကယ်ဆယ်ရေး တပ်ဖွဲ့တွေအနေနဲ့ ကျဆုံးခဲ့တဲ့အလောင်းတွေနဲ့ ဒဏ်ရာ ရထားသူတွေကို မြို.တော်က ဆေးရုံတစ်ခုကို ပို့ဆောင်ပေးနေစဉ် ခုလို တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က VOA ကိုပြောရာမှာ ကာဘူးမှာ သူတို့လုပ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန် ကြည်းတပ်အရာရှိ ၂၃ ဦး သေကျေခဲ့ပြီး၊ အများကြီး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ တာလီဘန် သူပုန်တွေအနေနဲ့ ခုလို တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ကျဆုံးသူ စာရင်းပေးရင် ပိုပြီးပြောလေ့ရှိပါတယ်။

အာဖဂန်နစ္စတန် ခေါင်းဆောင် Abdullah Abdullah က ဒီအကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ ခုလို အကြမ်းဖက်မှုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တွဲပြီး တပြိုင်ထဲ လုပ်လို့ မရဘူးလို့ သတိပေး လိုက်ပါတယ်

တကယ်တော့ Abdullah အနေနဲ့ ခုလိုပြောလိုက်တာက ရှေ့အပတ် ပါကစ္စတန်မှာ အာဖဂန် အစိုးရနဲ့ တာလီဘန် သူပုန်တွေအကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ လုပ်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားတဲ့အကြောင်းကို ရည်ရွယ်ပြီး ပြောခဲ့တာပါ။

အာဖဂန် အစိုးရ အကြီးအကဲ Abdullah က ဆက်ပြီး သူပုန်တွေအနေနဲ့ အနာဂတ်ကောင်းဖို့ အကြမ်းဖက်မှုတွေမလုပ်ပဲ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ရွေးသင့်တယ်လို တိုက်တွန်းခဲ့ပါတယ်။

အာဖဂန်အရှေ.ပိုင်း Kunar ပြည်နယ်မြို့တော် Asadabad မှာဖြစ်တဲ့ တိုက်ခိုက်မှုမှာတော့ ဗုံးခွဲသမားအနေနဲ့ မော်တော်ဆိုင်ကယ်မောင်းလာပြီး အုပ်ချုပ်ရေးမှုးရုံး အဝင်အဝနားမှာ ကိုယ့်ဟာကို ဗုံးခွဲပစ်လိုက်တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ တာလီဘန် နှိမ်နင်းရေး ဒေသခံ ပြည်သူ့စစ်တပ်မှုး Malik Khan Jan လဲ ပါသွားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အနီးနားဖြတ်သွားတဲ့ (ဒါမှမဟုတ်) အနီးနားက ပန်းခြံထဲမှာ ကစားနေတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား အများစု ထိခိုက် သေကျေခဲ့ရတယ်လို့ ပြည်နယ်အရာရှိတွေကဆိုပါတယ်။ ဒဏ်ရာပြင်းထန်သူ ရ ဦးကိုတော့ အနီးနားက Nangarhar ပြည်နယ်က ဆေးရုံပို့ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment