ဆီးရီးယားၿမိဳ႕ကို ကယ္ဆယ္ေရးပစၥည္းေတြ ေလေၾကာင္းကေန ခ်ေပးခဲ့

 ဒဲရ္အေဇာ ၿမိဳ႕ရဲ့ ေနရာ ေတာ္ေတာ္မ်ားမ်ား ကို IS ေတြ ထိန္းခ်ဳပ္ ထား။
ဆီးရီးယား ထဲကို ေလေၾကာင္း ကေန ကယ္ဆယ္ ေထာက္ပံ့ေရး ပစၥည္းေတြ ပထမဆုံး အႀကိမ္ ခ်ေပး ခဲ့တယ္ လို႔ ကုလသမဂၢ က ေျပာပါတယ္။

နိုင္ငံ အေရွ႕ပိုင္း အစၥလာမ္မစ္ နိုင္ငံ အဖြဲ႕ IS ေတြ ပိတ္ဆို႔ ဝိုင္းရံတာ ခံ ေနရတဲ့ ဒဲရ္အေဇာ ၿမိဳ႕ ရွိရာဆီ ေထာက္ပံ့ေရး ပစၥည္း အထုပ္ေတြ ခ်ေပးခဲ့တာပါ။

စုစုေပါင္း ၂၁ တန္ အေလးခ်ိန္ ရွိတဲ့ အထုပ္ေတြ ကို ကမၻာ့ စားနပ္ ရိကၡာ အဖြဲ႕ ရဲ့ ေလယာဥ္ပ်ံ နဲ႔ ခ်ေပး ခဲ့တယ္လို႔ ကုလသမဂၢ ကူညီ ကယ္ဆယ္ေရး အဖြဲ႕ ရဲ့ အႀကီးအကဲ Stephen O'Brien က လုံျခဳံေရး ေကာင္စီ ကို ေျပာပါတယ္။

ရည္မွန္းထားတဲ့ ေနရာ ေတြ ဆီ ပစၥည္းေတြ ေအာင္ေအာင္ျမင္ျမင္ ေရာက္သြား နိုင္ခဲ့လား ဆိုတာ တိတိက်က် မသိရ ပါဘူး။

ဒဲရ္အေဇာ ၿမိဳ႕ရဲ့ ေနရာ ေတာ္ေတာ္မ်ားမ်ား ကို IS ေတြ ထိန္းခ်ဳပ္ ထားၿပီး က်န္တဲ့ အရပ္ ေတြ ကိုလည္း ပိတ္ဆို႔ ထားတာ မွာ လူ ၂ သိန္း ေလာက္ ပိတ္မိေနတယ္ လို႔ ကုလသမဂၢ အဖြဲ႕ က ဆိုပါတယ္။

BBC Burmese
http://www.bbc.com/burmese
.....................

 ဒဲရ်အဇော မြို့ရဲ့ နေရာ တော်တော်များများ ကို IS တွေ ထိန်းချုပ် ထား။
ဆီးရီးယား ထဲကို လေကြောင်း ကနေ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပထမဆုံး အကြိမ် ချပေး ခဲ့တယ် လို့ ကုလသမဂ္ဂ က ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ပိတ်ဆို့ ဝိုင်းရံတာ ခံ နေရတဲ့ ဒဲရ်အဇော မြို့ ရှိရာဆီ ထောက်ပံ့ရေး ပစ္စည်း အထုပ်တွေ ချပေးခဲ့တာပါ။

စုစုပေါင်း ၂၁ တန် အလေးချိန် ရှိတဲ့ အထုပ်တွေ ကို ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ ရဲ့ လေယာဉ်ပျံ နဲ့ ချပေး ခဲ့တယ်လို့ ကုလသမဂ္ဂ ကူညီ ကယ်ဆယ်ရေး အဖွဲ့ ရဲ့ အကြီးအကဲ Stephen O'Brien က လုံခြုံရေး ကောင်စီ ကို ပြောပါတယ်။

ရည်မှန်းထားတဲ့ နေရာ တွေ ဆီ ပစ္စည်းတွေ အောင်အောင်မြင်မြင် ရောက်သွား နိုင်ခဲ့လား ဆိုတာ တိတိကျကျ မသိရ ပါဘူး။

ဒဲရ်အဇော မြို့ရဲ့ နေရာ တော်တော်များများ ကို IS တွေ ထိန်းချုပ် ထားပြီး ကျန်တဲ့ အရပ် တွေ ကိုလည်း ပိတ်ဆို့ ထားတာ မှာ လူ ၂ သိန်း လောက် ပိတ်မိနေတယ် လို့ ကုလသမဂ္ဂ အဖွဲ့ က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment