အျမင့္ဆံုး စစ္ဘက္ ရဲစြမ္းသတၱိရွင္ဆု Navy Seal တစ္ဦးအား အုိဘားမား ခ်ီးျမႇင့္

သမၼတ Obama က စစ္ဘက္ဆိုင္ရာ အျမင့္ဆံုးဂုဏ္ထူးေဆာင္ဆုကို အထူးစစ္ဗ်ဴဟာမႉး Edward Byers ကို ခ်ီးျမႇင့္စဥ္။ (ေဖေဖာ္ဝါရီ ၂၉၊ ၂၀၁၆)
ႏိုင္ငံရဲ႕ အျမင့္ဆံုး စစ္ဘက္ဆုိင္ရာ ဂုဏ္ထူးေဆာင္ဆုကို အေမရိကန္သမၼတ ဘာရတ္အိုဘားမားက အေမရိကန္ ေရတပ္ လက္ေရြးစင္ Navy Seal အဖြဲ႔ဝင္ အဆင့္ျမင့္ အထူးစစ္ဗ်ဴဟာမႉး Edward Byers ကို တနလၤာေန႔က ခ်ီးျမႇင့္ခဲ့ပါတယ္။ အာဖဂန္နစၥတန္ႏုိင္ငံမွာ တာလီဘန္စစ္ေသြးႂကြေတြလက္က အေမရိကန္ဓားစာခံတစ္ေယာက္ကိုကယ္တင္လိုက္တဲ့ သူ႔ရဲ႕ ရဲစြမ္းသတၱိကို ဂုဏ္ျပဳတာျဖစ္ပါတယ္။

Edward Byers ဦးေဆာင္တဲ့ ကယ္ဆယ္ေရးအဖြဲ႔က ညအေမွာင္ကို အကာအကြယ္ျပဳၿပီး ၂၀၁၂ ခု၊ ဒီဇင္ဘာလထဲမွာ အေမရိကန္ ဓားစာခံ Dr. Dilip Joseph ကို ကယ္ထုတ္ခဲ့တာျဖစ္ပါတယ္။

ဆုခ်ီးျမႇင့္ပဲြအခမ္းအနားမွာ ကယ္တင္ခဲ့ပံုနဲ႔ပတ္သက္လို႔ သမၼတ အိုဘားမားက ေျပာၾကားရာမွာ - Byers နဲ႔သူ႔ရဲ႕အဖြဲ႔ဟာ တာလီဘန္ အေစာင့္ေတြရွိတဲ့ အေဆာက္အဦးထဲကို ဝင္ခ်ိန္မွာ အေစာင့္ေတြနဲ႔ ပက္ပင္းတိုးၿပီး ပစ္ခတ္မႈျဖစ္ခဲ့ရာမွာလည္း Edward Byers က ဓားစာခံကိုေရာ သူ႔ရဲ႕တပ္ဖြဲ႔ဝင္ေတြရဲ႕ အသက္ကိုပါ ကယ္တင္ခဲ့ပါတယ္။

မစၥတာ ေဆးတပ္သား Byers ဟာ ေသလုေမ်ာပါး ဒဏ္ရာအျပင္းအထန္ရထားတဲ့ သူ႔ရဲ႕တပ္ဖြဲ႔ဝင္ တစ္ေယာက္ကိုလည္း ေရွးဦးသူနာျပဳ စုနည္းနဲ႔ အာဖဂန္ထဲက ရဟတ္ယာဥ္နဲ႔ ထြက္ခြာေနတဲ့ အခ်ိန္ မိနစ္ ၄၀ ၾကာ ျပဳစုခဲ့ပါတယ္။ သမၼတအိုဘားမားက အေမရိကန္ႏုိင္ငံသားေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ စိတ္ခ်လက္ခ် အိပ္ေကာင္းျခင္း အိပ္ႏိုင္တာဟာ ႏိုင္ငံတာဝန္ကို သက္စြန္႔ဆံဖ်ားထမ္းေနတဲ့ Byers လို သူရဲေကာင္းေတြေၾကာင့္ ျဖစ္တယ္လို႔လည္း သမၼတ အိုဘားမားက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ကေလး ေလးေယာက္ဖခင္ျဖစ္သူ Dr. Dilip Joseph ဟာ အာဖဂန္နစၥတန္မွာ ေဆးပညာနည္းစနစ္ေတြကို သင္ၾကားပို႔ခ်ေပးခဲ့သူျဖစ္ၿပီး သူ႔အေနနဲ႔ ထိခိုက္ဒဏ္ရာမရွိခဲ့ဘဲ မိသားစုဆီကို ေဘးကင္းလံုၿခံဳစြာ ျပန္လည္ေရာက္ရွိသြားခဲ့ပါတယ္။

ဂုဏ္ထူးေဆာင္ဆုတံဆိပ္ ကို တာဝန္အရ လုပ္တာထက္ပိုၿပီး စြမ္းစြမ္းတမံ စြန္႔စားၿပီး အမႈထမ္းတဲ့ ရဲစြမ္းသတၱိရွိတဲ့ တပ္မေတာ္သားေတြကို ခ်ီးျမႇင့္တာျဖစ္ပါတယ္။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com

..............................................


သမ္မတ Obama က စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို အထူးစစ်ဗျူဟာမှူး Edward Byers ကို ချီးမြှင့်စဉ်။ (ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆)
နိုင်ငံရဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက အမေရိကန် ရေတပ် လက်ရွေးစင် Navy Seal အဖွဲ့ဝင် အဆင့်မြင့် အထူးစစ်ဗျူဟာမှူး Edward Byers ကို တနင်္လာနေ့က ချီးမြှင့်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်စစ်သွေးကြွတွေလက်က အမေရိကန်ဓားစာခံတစ်ယောက်ကိုကယ်တင်လိုက်တဲ့ သူ့ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတာဖြစ်ပါတယ်။

Edward Byers ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ညအမှောင်ကို အကာအကွယ်ပြုပြီး ၂၀၁၂ ခု၊ ဒီဇင်ဘာလထဲမှာ အမေရိကန် ဓားစာခံ Dr. Dilip Joseph ကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ကယ်တင်ခဲ့ပုံနဲ့ပတ်သက်လို့ သမ္မတ အိုဘားမားက ပြောကြားရာမှာ - Byers နဲ့သူ့ရဲ့အဖွဲ့ဟာ တာလီဘန် အစောင့်တွေရှိတဲ့ အဆောက်အဦးထဲကို ဝင်ချိန်မှာ အစောင့်တွေနဲ့ ပက်ပင်းတိုးပြီး ပစ်ခတ်မှုဖြစ်ခဲ့ရာမှာလည်း Edward Byers က ဓားစာခံကိုရော သူ့ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်ကိုပါ ကယ်တင်ခဲ့ပါတယ်။

မစ္စတာ ဆေးတပ်သား Byers ဟာ သေလုမျောပါး ဒဏ်ရာအပြင်းအထန်ရထားတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင် တစ်ယောက်ကိုလည်း ရှေးဦးသူနာပြု စုနည်းနဲ့ အာဖဂန်ထဲက ရဟတ်ယာဉ်နဲ့ ထွက်ခွာနေတဲ့ အချိန် မိနစ် ၄၀ ကြာ ပြုစုခဲ့ပါတယ်။ သမ္မတအိုဘားမားက အမေရိကန်နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ချလက်ချ အိပ်ကောင်းခြင်း အိပ်နိုင်တာဟာ နိုင်ငံတာဝန်ကို သက်စွန့်ဆံဖျားထမ်းနေတဲ့ Byers လို သူရဲကောင်းတွေကြောင့် ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကလေး လေးယောက်ဖခင်ဖြစ်သူ Dr. Dilip Joseph ဟာ အာဖဂန်နစ္စတန်မှာ ဆေးပညာနည်းစနစ်တွေကို သင်ကြားပို့ချပေးခဲ့သူဖြစ်ပြီး သူ့အနေနဲ့ ထိခိုက်ဒဏ်ရာမရှိခဲ့ဘဲ မိသားစုဆီကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

ဂုဏ်ထူးဆောင်ဆုတံဆိပ် ကို တာဝန်အရ လုပ်တာထက်ပိုပြီး စွမ်းစွမ်းတမံ စွန့်စားပြီး အမှုထမ်းတဲ့ ရဲစွမ်းသတ္တိရှိတဲ့ တပ်မတော်သားတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment