အလုပ္ကထြက္ၿပီး ရြက္ေလွနဲ႔ ကမၻာပတ္ေနတဲ့ ဇနီးေမာင္ႏွံ

အေမရိကန္လူငယ္စံုတြဲတစ္တြဲဟာ လက္ရွိေအာင္ျမင္ေနတဲ့အလုပ္ကိုယ္စီကေန ထြက္လုိက္ၾကၿပီး ပိုင္ဆိုင္သမွ် တန္ဖိုးႀကီးပစၥည္းေတြလည္း ေရာင္းခ်လိုက္ပါတယ္။ အဲဒီေနာက္ ရြက္ေလွတစ္စင္းဝယ္ၿပီး ကမၻာ့ပတ္ခဲ့တာ အခုဆိုရင္ ၁၆ ႏိုင္ငံကိုသူတို႔လွည့္ပတ္ေရာက္ရွိခဲ့ၿပီးၿပီ ျဖစ္ပါတယ္။


မတ္တ္နဲ႔ ဂ်က္စီကာတို႔ဟာ အသက္ ၃၂ ႏွစ္အရြယ္ကိုယ္စီရွိၾကသူေတြ ျဖစ္ပါတယ္။ မတ္တ္က ကားကုမၸဏီမွာ ေအာင္ျမင္ေနတဲ့ အေရာင္းမန္ေနဂ်ာတစ္ေယာက္ျဖစ္ၿပီး ဂ်က္စီကာက အာမခံကုမၸဏီက ဝန္ထမ္းျဖစ္ပါတယ္။ အဆင္ေျပတဲ့အလုပ္ကုိယ္စီရွိၾကေပမယ့္ သူတို႔ႏွစ္ဦးမွာ ႀကီးမားတဲ့အိပ္မက္တစ္ခုရွိတာေၾကာင့္ အလုပ္ေတြနဲ႔ ပိုင္ဆုိင္မႈေတြကို စြန္႔လႊတ္လိုက္ၾကတာျဖစ္ပါတယ္။ အလုပ္ကထြက္ၿပီးတဲ့ေနာက္သူတို႔ အိမ္အပါအဝင္ ပစၥည္းအေတာ္မ်ားမ်ားကို ေရာင္းခ်လိုက္ပါတယ္။ အဲဒီေနာက္ ၂၀၀၈ ခုႏွစ္မွာ ရြက္ေလွတစ္စင္းဝယ္ပါတယ္။ ရြက္ေလွနဲ႔ ကမၻာပတ္ဖို႔အိပ္မက္ရွိခဲ့ေပမယ့္ တကယ္တမ္းၾကေတာ့ ရြက္ေလွတစ္ခါမွ ေမာင္းဖူးသူေတြ မဟုတ္ပါဘူး။ ဒါေၾကာင့္ ရြက္ေလွစမ္းေမာင္းၾကည့္တာ သံုးႏွစ္ၾကာသြားပါတယ္။ အဲဒီေနာက္ ၂၀၁၁ မွာသူတို႔ေမြးရပ္ေျမ မီခ်ီဂန္ကိုစြန္႔ခြာၿပီး စြန္႔စားခန္းေတြ စတင္ခဲ့ၾကတာျဖစ္ပါတယ္။
အခုဆိုရင္ ရြက္ေလွေပၚမွာ သူတို႔ႏွစ္ဦးတည္းမဟုတ္ေတာ့ပါဘူး။ ေၾကာင္ကေလးတေကာင္လည္း အၿမဲတမ္းလုိက္ပါလွ်က္ရွိပါတယ္။ ဒါေပမယ့္သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးဟာ ခ်မ္းသာၾကြယ္ဝသူေတြ မဟုတ္တာေၾကာင့္ ရြက္ေလွနဲ႔ကမၻာပတ္ရင္း အသံုးစရိတ္အေတာ္ေလးေခြၽတာရတယ္လို႔ သူတို႔ကဝန္ခံၾကပါတယ္။ ဘယ္ကမ္းေျခ၊ ဘယ္ႏိုင္ငံပဲေရာက္ေရာက္ နာမည္ႀကီးစားေသာက္ဆိုင္ေတြကို သူတို႔ေရွာင္ၾကပါတယ္။ ဒါေတာင္စက္ေလွဖိုးအပါအဝင္ သူတို႔ရဲ႕ တစ္လကုန္က်စရိတ္ဟာ ေဒၚလာ ၇၀၀ ေလာက္ပွ်မ္းမွ် ရွိေနတက္ပါတယ္။


ေလာေလာဆယ္မွာေတာ့ သူတို႔ႏွစ္ဦးက ေပၚတူဂီ၊ ဟြန္ဒူးရပ္စ္၊ က်ဴးဘား၊ ဂ်ေမကာ၊ မကၠစီကို၊ ကိုလံဘီယာ စတဲ့ႏုိင္ငံေတြအပါအဝင္ အမ်ားအျပားေရာက္ခဲ့ၿပီးၿပီျဖစ္ေပမယ့္ ရြက္ေလွခရီးစဥ္ကိုေတာ့ အဆံုးသတ္ဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ေျပာပါတယ္။
planet.com.mm
.....................................
အလုပ်ကထွက်ပြီး ရွက်လှေနဲ့ ကမ္ဘာပတ်နေတဲ့ ဇနီးမောင်နှံ



အမေရိကန်လူငယ်စုံတွဲတစ်တွဲဟာ လက်ရှိအောင်မြင်နေတဲ့အလုပ်ကိုယ်စီကနေ ထွက်လိုက်ကြပြီး ပိုင်ဆိုင်သမျှ တန်ဖိုးကြီးပစ္စည်းတွေလည်း ရောင်းချလိုက်ပါတယ်။ အဲဒီနောက် ရွက်လှေတစ်စင်းဝယ်ပြီး ကမ္ဘာ့ပတ်ခဲ့တာ အခုဆိုရင် ၁၆ နိုင်ငံကိုသူတို့လှည့်ပတ်ရောက်ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။


မတ်တ်နဲ့ ဂျက်စီကာတို့ဟာ အသက် ၃၂ နှစ်အရွယ်ကိုယ်စီရှိကြသူတွေ ဖြစ်ပါတယ်။ မတ်တ်က ကားကုမ္ပဏီမှာ အောင်မြင်နေတဲ့ အရောင်းမန်နေဂျာတစ်ယောက်ဖြစ်ပြီး ဂျက်စီကာက အာမခံကုမ္ပဏီက ဝန်ထမ်းဖြစ်ပါတယ်။ အဆင်ပြေတဲ့အလုပ်ကိုယ်စီရှိကြပေမယ့် သူတို့နှစ်ဦးမှာ ကြီးမားတဲ့အိပ်မက်တစ်ခုရှိတာကြောင့် အလုပ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်လိုက်ကြတာဖြစ်ပါတယ်။ အလုပ်ကထွက်ပြီးတဲ့နောက်သူတို့ အိမ်အပါအဝင် ပစ္စည်းအတော်များများကို ရောင်းချလိုက်ပါတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ ရွက်လှေတစ်စင်းဝယ်ပါတယ်။ ရွက်လှေနဲ့ ကမ္ဘာပတ်ဖို့အိပ်မက်ရှိခဲ့ပေမယ့် တကယ်တမ်းကြတော့ ရွက်လှေတစ်ခါမှ မောင်းဖူးသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် ရွက်လှေစမ်းမောင်းကြည့်တာ သုံးနှစ်ကြာသွားပါတယ်။ အဲဒီနောက် ၂၀၁၁ မှာသူတို့မွေးရပ်မြေ မီချီဂန်ကိုစွန့်ခွာပြီး စွန့်စားခန်းတွေ စတင်ခဲ့ကြတာဖြစ်ပါတယ်။
အခုဆိုရင် ရွက်လှေပေါ်မှာ သူတို့နှစ်ဦးတည်းမဟုတ်တော့ပါဘူး။ ကြောင်ကလေးတကောင်လည်း အမြဲတမ်းလိုက်ပါလျှက်ရှိပါတယ်။ ဒါပေမယ့်သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ချမ်းသာကြွယ်ဝသူတွေ မဟုတ်တာကြောင့် ရွက်လှေနဲ့ကမ္ဘာပတ်ရင်း အသုံးစရိတ်အတော်လေးချွေတာရတယ်လို့ သူတို့ကဝန်ခံကြပါတယ်။ ဘယ်ကမ်းခြေ၊ ဘယ်နိုင်ငံပဲရောက်ရောက် နာမည်ကြီးစားသောက်ဆိုင်တွေကို သူတို့ရှောင်ကြပါတယ်။ ဒါတောင်စက်လှေဖိုးအပါအဝင် သူတို့ရဲ့ တစ်လကုန်ကျစရိတ်ဟာ ဒေါ်လာ ရ၀၀ လောက်ပျှမ်းမျှ ရှိနေတက်ပါတယ်။


လောလောဆယ်မှာတော့ သူတို့နှစ်ဦးက ပေါ်တူဂီ၊ ဟွန်ဒူးရပ်စ်၊ ကျူးဘား၊ ဂျမေကာ၊ မက္ကစီကို၊ ကိုလံဘီယာ စတဲ့နိုင်ငံတွေအပါအဝင် အများအပြားရောက်ခဲ့ပြီးပြီဖြစ်ပေမယ့် ရွက်လှေခရီးစဉ်ကိုတော့ အဆုံးသတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။
planet.com.mm
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment