Facebook ေပၚက အမုန္းစကား ဂ်ာမနီဟန္႔တားလို႔မနိုင္(Facebook ပေါ်က အမုန်းစကား ဂျာမနီဟန့်တားလို့မနိုင်)


အင္တာနက္လူမႈကြန္ယက္ေပၚမွာ အမုန္းစကားေတြ ပ်ံ႕ပြားေနတာကုိ ထိထိေရာက္ေရာက္ မဟန္႔တားႏုိင္ခဲ့တဲ့အေၾကာင္း ဂ်ာမနီႏုိင္ငံက town hall ေဟာေျပာပဲြတခုမွာ Facebook အမႈေဆာင္ အရာရွိခ်ဳပ္ Mark Zuckerberg က အသိအမွတ္ျပဳ လက္ခံ ေျပာဆုိခဲ့ေပမဲ့လည္း အခုအခါ တုိးတက္မႈေတြရေအာင္ လုပ္ေဆာင္ေနၿပီလုိ႔လည္း ေျပာဆုိသြားပါတယ္။

ဂ်ာမနီအာဏာပုိင္ေတြကေတာ့ ႏုိင္ငံတြင္းကုိ ဒုကၡသည္ေတြ စံခ်ိန္တင္ေလာက္ေအာင္ ၀င္ေရာက္လာေနတာကုိ ဆန္႔က်င္တဲ့ အၾကမ္းဖက္မႈေတြ၊ တင္းမာမႈ ေတြ ႀကီးထြားလာေနခ်ိန္မွာပဲ Facebook အပါအ၀င္ အင္တာနက္ လူမႈကြန္ယက္ေတြမွာ လူမ်ဳိးေရးမုန္းတီးတဲ့ ေဖာ္ျပမႈေတြအေပၚ စုိးရိမ္ေနသလုိ၊ လူမႈကြန္ယက္ ၀ဘ္ဆုိဒ္ေတြအေနနဲ႔ ႏွိမ္နင္းဖုိ႔လည္း လအေတာ္ၾကာကတည္းက ဖိအားေပးေတာင္းဆုိေနတာပါ။

Facebook အမႈေဆာင္ အရာရွိခ်ဳပ္ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္လုိ႔ ၿပီးခဲ့တဲ့ စက္တင္ဘာလထဲမွာပဲ ဂ်ာမန္၀န္ႀကီးခ်ဳပ္ Angela Merkel နဲ႔ ေဆြးေႏြးခဲ့သလုိ၊ ဒီသီတင္းပတ္ထဲ ဂ်ာမနီႏုိင္ငံ ခရီးစဥ္မွာလည္း ၀န္ႀကီးခ်ဳပ္႐ုံး အရာရွိခ်ဳပ္နဲ႔လည္း ေတြ႔ဆုံခဲ့တာပါ။

ဂ်ာမနီႏုိင္ငံမွာ လုပ္ေဆာင္ဖုိ႔ လုိအပ္ခ်က္ေတြ ဘယ္ေလာက္ႀကီးမားတယ္ဆုိတာ ၀န္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံမႈကုိၾကည့္ရင္ သိႏုိင္တယ္လုိ႔လည္း ဘာလင္ၿမိဳ႕ ေတာ္မွာ က်င္းပတဲ့ ေဟာေျပာပဲြမွာ Facebook အမႈေဆာင္ အရာရွိခ်ဳပ္ကေျပာဆုိသြားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............


အင်တာနက်လူမှုကွန်ယက်ပေါ်မှာ အမုန်းစကားတွေ ပျံ့ပွားနေတာကို ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့တဲ့အကြောင်း ဂျာမနီနိုင်ငံက town hall ဟောပြောပွဲတခုမှာ Facebook အမှုဆောင် အရာရှိချုပ် Mark Zuckerberg က အသိအမှတ်ပြု လက်ခံ ပြောဆိုခဲ့ပေမဲ့လည်း အခုအခါ တိုးတက်မှုတွေရအောင် လုပ်ဆောင်နေပြီလို့လည်း ပြောဆိုသွားပါတယ်။

ဂျာမနီအာဏာပိုင်တွေကတော့ နိုင်ငံတွင်းကို ဒုက္ခသည်တွေ စံချိန်တင်လောက်အောင် ၀င်ရောက်လာနေတာကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ၊ တင်းမာမှု တွေ ကြီးထွားလာနေချိန်မှာပဲ Facebook အပါအဝင် အင်တာနက် လူမှုကွန်ယက်တွေမှာ လူမျိုးရေးမုန်းတီးတဲ့ ဖော်ပြမှုတွေအပေါ် စိုးရိမ်နေသလို၊ လူမှုကွန်ယက် ၀ဘ်ဆိုဒ်တွေအနေနဲ့ နှိမ်နင်းဖို့လည်း လအတော်ကြာကတည်းက ဖိအားပေးတောင်းဆိုနေတာပါ။

Facebook အမှုဆောင် အရာရှိချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ ဆွေးနွေးခဲ့သလို၊ ဒီသီတင်းပတ်ထဲ ဂျာမနီနိုင်ငံ ခရီးစဉ်မှာလည်း ၀န်ကြီးချုပ်ရုံး အရာရှိချုပ်နဲ့လည်း တွေ့ဆုံခဲ့တာပါ။

ဂျာမနီနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ ဘယ်လောက်ကြီးမားတယ်ဆိုတာ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမှုကိုကြည့်ရင် သိနိုင်တယ်လို့လည်း ဘာလင်မြို့ တော်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ Facebook အမှုဆောင် အရာရှိချုပ်ကပြောဆိုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment