ေႏြးေထြးရာဆီ ဦးတည္ေနတဲ့ ပင္ဂြင္းငွက္မ်ား





ျပင္းထန္တဲ့ အေအးဒဏ္ေၾကာင့္ ပင္ဂြင္းငွက္သားေပါက္ေတြ ေသဆုံးမယ့္ အႏ ၱရာယ္ကုိ ကာကြယ္ဖုိ႔ ပင္ဂြင္းငွက္မိဘေတြက ဦးေဆာင္ၿပီး အေႏြးဓာတ္ရွိတဲ့ ေနရာဆီ လမ္းေလွ်ာက္ေနပုံကုိ သဘာ၀ဆုိင္ရာ ဓာတ္ပုံရုိက္ကူးသူ ႐ြဳိင္အီဂလက္ဇ္က ရုိက္ကူးခဲ့ပါတယ္။ အဲဒီဓာတ္ပုံအရဆုိရင္ King ပင္ဂြင္းငွက္ အေကာင္ေရ ၁၅၀၀၀၀ ကေန ၂၅၀၀၀၀ ၾကားရွိႏုိင္တယ္လုိ႔ ေဒးလီးေမးလ္သတင္းစာက ေဖာ္ျပပါတယ္။
ၿဗိတိန္ရဲ႕ နယ္ျခားပုိင္နက္ျဖစ္တဲ့ ေတာင္ပုိင္းေဂ်ာ္ဂ်ီယာ ကၽြန္းစုမွာ အေအးဓာတ္ ျပင္းထန္တဲ့အတြက္ ပင္ဂြင္းငွက္ေတြဟာ ေႏြးေထြးမယ့္
ေနရာဆီ ဦးတည္ေနၾကတာပါ။ ပင္ဂြင္းငွက္သားေပါက္ေတြဟာ အရြယ္ေရာက္ၿပီးသား ပင္ဂြင္းငွက္ေတြလုိ အေအးဒဏ္ခံႏုိင္တဲ့ အေမြး၊အေတာင္ေတြ မရွိေသးပါဘူး။
ပင္ဂြင္းငွက္ေတြကုိ ေမြးကာစကေန သီတင္းပတ္ သုံးပတ္အထိ ပင္ဂြင္းငွက္မိဘေတြက အခ်ိန္ျပည့္ ေစာင့္ေရွာက္ရၿပီး ပ်မ္းမွ်အားျဖင့္ ပင္ဂြင္းငွက္တစ္ေကာင္ အရြယ္ေရာက္ဖုိ႔ ၁၀ လကေန ၁၃ လၾကား ၾကာျမင့္တယ္လုိ႔ သိရပါတယ္။ King ပင္ဂြင္းဆုိတာ ပင္ဂြင္းငွက္ေတြထဲမွာ ဒုတိယအႀကီးဆုံး ပင္ဂြင္းငွက္ျဖစ္ၿပီး သူတုိ႔ေတြ အေကာင္ႀကီးလာရင္ Emperorပင္ဂြင္းငွက္ေတြနဲ႔ ေရာေထြးသြားႏုိင္တယ္လုိ႔ ေဒးလီးေမးလ္သတင္းစာက ေဖာ္ျပပါတယ္။
Ref:Dailymail
Nz (႐ုိးရာေလး)
www.yoyarlay.com
‪#‎Nz_yyl‬
‪#‎news_yyl‬
Unicode version
နွေးထွေးရာဆီ ဦးတည်နေတဲ့ ပင်ဂွင်းငှက်များ
..............................................................
ပြင်းထန်တဲ့ အအေးဒဏ်ကြောင့် ပင်ဂွင်းငှက်သားပေါက်တွေ သေဆုံးမယ့် အန ၱရာယ်ကို ကာကွယ်ဖို့ ပင်ဂွင်းငှက်မိဘတွေက ဦးဆောင်ပြီး အနွေးဓာတ်ရှိတဲ့ နေရာဆီ လမ်းလျှောက်နေပုံကို သဘာဝဆိုင်ရာ ဓာတ်ပုံရိုက်ကူးသူ ရွိုင်အီဂလက်ဇ်က ရိုက်ကူးခဲ့ပါတယ်။ အဲဒီဓာတ်ပုံအရဆိုရင် King ပင်ဂွင်းငှက် အကောင်ရေ ၁၅၀၀၀၀ ကနေ ၂၅၀၀၀၀ ကြားရှိနိုင်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
ဗြိတိန်ရဲ့ နယ်ခြားပိုင်နက်ဖြစ်တဲ့ တောင်ပိုင်းဂျော်ဂျီယာ ကျွန်းစုမှာ အအေးဓာတ် ပြင်းထန်တဲ့အတွက် ပင်ဂွင်းငှက်တွေဟာ နွေးထွေးမယ့်
နေရာဆီ ဦးတည်နေကြတာပါ။ ပင်ဂွင်းငှက်သားပေါက်တွေဟာ အရွယ်ရောက်ပြီးသား ပင်ဂွင်းငှက်တွေလို အအေးဒဏ်ခံနိုင်တဲ့ အမွေး၊အတောင်တွေ မရှိသေးပါဘူး။
ပင်ဂွင်းငှက်တွေကို မွေးကာစကနေ သီတင်းပတ် သုံးပတ်အထိ ပင်ဂွင်းငှက်မိဘတွေက အချိန်ပြည့် စောင့်ရှောက်ရပြီး ပျမ်းမျှအားဖြင့် ပင်ဂွင်းငှက်တစ်ကောင် အရွယ်ရောက်ဖို့ ၁၀ လကနေ ၁၃ လကြား ကြာမြင့်တယ်လို့ သိရပါတယ်။ King ပင်ဂွင်းဆိုတာ ပင်ဂွင်းငှက်တွေထဲမှာ ဒုတိယအကြီးဆုံး ပင်ဂွင်းငှက်ဖြစ်ပြီး သူတို့တွေ အကောင်ကြီးလာရင် Emperor ပင်ဂွင်းငှက်တွေနဲ့ ရောထွေးသွားနိုင်တယ်လို့ ဒေးလီးမေးလ်သတင်းစာက
ဖော်ပြပါတယ်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment