တ႐ုတ္အမ်ိဳးသား တစ္ဦးက ကေလး ၁၀ ဦးကုိ ဓားျဖင့္ခုတ္ကာ ကုိယ့္ကုိယ္ကုိယ္ သတ္ေသခဲ့ (တရုတ်အမျိုးသား တစ်ဦးက ကလေး ၁၀ ဦးကို ဓားဖြင့်ခုတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ )


ေပက်င္း ၊ ၁-၃-၂၀၁၆

တ႐ုတ္ႏုိင္ငံ ေတာင္ပိုင္းတြင္ ဓားကိုင္ရမ္းကားသူ အမ်ဳိးသား တစ္ဦးသည္ ေဖေဖာ္ဝါရီ ၂၉ ရက္က ကေလး ၁ဝ ဦးကို မူလတန္းေက်ာင္း အျပင္ဘက္၌ ဓားျဖင့္ခုတ္ၿပီး ေနာက္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသ သြားေၾကာင္း ရဲတပ္ဖဲြ႕က ေျပာၾကားသည္။

ကေလးငယ္ မ်ားသည္ ဟိုင္ကိုၿမိဳ႕ရွိ Yang Fan မူလတန္း ေက်ာင္းမွ လမ္းေလွ်ာက္ ျပန္လာစဥ္ အမ်ဳိးသား တစ္ဦးက ဓားျဖင့္ ခုတ္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ အေသးစိတ္ အခ်က္အလက္ မ်ားကို ထုတ္ျပန္ႏုိင္ျခင္း မရွိေသးဘဲ အဆိုပါအမႈကို စံုစမ္းစစ္ေဆး ေနဆဲ ျဖစ္ေၾကာင္း ေလာင္ဟူ ရဲစခန္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။

ဓားျဖင့္ အခုတ္ခံရသည့္ ကေလးငယ္ ၁ဝ ဦးအနက္ ႏွစ္ဦးမွာ ဒဏ္ရာျပင္းထန္ ေသာ္လည္း က်န္ကေလးငယ္ မ်ားမွာ ဒဏ္ရာ အနည္းငယ္သာ ရရွိထားၿပီး အသက္အႏၲရာယ္ စိုးရိမ္ဖြယ္ မရွိေၾကာင္း ေဒသတြင္း သတင္းဌာန မ်ားက ေဖာ္ျပထားသည္။

တ႐ုတ္ႏုိင္ငံတြင္ ေက်ာင္းသား မ်ားအား ဓားျဖင့္ထုိးမႈ သည္ မရွိသေလာက္ ရွားပါးၿပီး ထိုသို႔ တိုက္ခိုက္မႈ မ်ားသည္လည္း စိတ္ေရာဂါ ေဝဒနာရွင္မ်ား၏ လုပ္ေဆာင္မႈသာ ျဖစ္ေၾကာင္းႏွင့္ ကေလးမ်ား၏ လံုၿခံဳေရးအတြက္ ကာကြယ္ေပးရန္ မိဘမ်ားက ေတာင္းဆို ထားေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
..................


ပေကျင်း ၊ ၁-၃-၂၀၁၆

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဓားကိုင်ရမ်းကားသူ အမျိုးသား တစ်ဦးသည် ဖေဖော်ဝါရီ ၂၉ ရက်က ကလေး ၁ဝ ဦးကို မူလတန်းကျောင်း အပြင်ဘက်၌ ဓားဖြင့်ခုတ်ပြီး နောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကလေးငယ် များသည် ဟိုင်ကိုမြို့ရှိ Yang Fan မူလတန်း ကျောင်းမှ လမ်းလျှောက် ပြန်လာစဉ် အမျိုးသား တစ်ဦးက ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက် များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အဆိုပါအမှုကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ကြောင်း လောင်ဟူ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓားဖြင့် အခုတ်ခံရသည့် ကလေးငယ် ၁ဝ ဦးအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန် သော်လည်း ကျန်ကလေးငယ် များမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိထားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိကြောင်း ဒေသတွင်း သတင်းဌာန များက ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ကျောင်းသား များအား ဓားဖြင့်ထိုးမှု သည် မရှိသလောက် ရှားပါးပြီး ထိုသို့ တိုက်ခိုက်မှု များသည်လည်း စိတ်ရောဂါ ဝေဒနာရှင်များ၏ လုပ်ဆောင်မှုသာ ဖြစ်ကြောင်းနှင့် ကလေးများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးရန် မိဘများက တောင်းဆို ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment