ပဲရစ္ အၾကမ္းဖက္ခံရမႈ ႏွင့္ ဆက္စပ္ေနသည့္ သံသယရွိသူ အား အယ္လ္ဂ်ီးရီးယားႏိုင္ငံက ဖမ္းဆီး


ျပင္သစ္ ျပည္ထဲေရးဝန္ၾကီး Bernard Kaznovအား ေတြ႕ရစဥ္ (အင္တာနက္)
    အယ္လ္ဂ်ီယားစ္၊ ေဖေဖာ္ဝါရီ ၂၈ရက္ (ဆင္ဟြာ)

    အယ္လ္ဂ်ီးရီးယားႏိုင္ငံ ရွိ ေဒသခံ အစိုးရေရွ႕ေန တစ္ဦး က ၂၀၁၅ခုႏွစ္ ႏိုဝင္ဘာလတြင္ ျဖစ္ပြားခဲ့သည့္ ပဲရစ္ အၾကမ္းဖက္ခံရမႈ ႏွင့္ ပတ္သက္ေနသည္ ဟု သံသယရွိသည့္ အယ္လ္ဂ်ီးရီးယားႏိုင္ငံသား တစ္ဦးအား ဖမ္းဆီး ထိန္းသိမ္းထားေၾကာင္း ေဖေဖာ္ဝါရီ ၂၈ရက္ေန႕က ေျပာၾကားခဲ့သည္။

ယင္းေရွ႕ေနက သံသယရွိသူကို အယ္လ္ဂ်ီယားစ္ျမိဳ႕ေတာ္၏ အေရွ႕ဖက္ ကီလိုမီတာ ၂၅၀ အကြာ တြင္ တည္ရွိေသာ Bejaia ျပည္နယ္ ရွိ Akbou တရားရံုး၏ တရားသူၾကီးက ဆင့္ေခၚထားေၾကာင္း ေျပာၾကားခဲ့သည္။

ဘယ္လ္ဂ်ီယံ တြင္ ေနထိုင္သည့္ ယင္းတရားခံသည္ ပဲရစ္ ဗံုးေပါက္ကြဲမႈအားလုပ္ေဆာင္ခဲ့သည့္ အၾကမ္းဖက္ အဖြဲ႕ တြင္ ပါဝင္ေနသည္ဟု သံသယရွိခံရေၾကာင္း ေရွ႕ေနကေျပာၾကားခဲ့ျပီး တရားခံသည္ မည္သူျဖစ္ေၾကာင္း ႏွင့္  က်န္အေသးစိတ္အခ်က္အလက္ မ်ားကိုမူ စံုစမ္းစစ္ေဆးမႈ မျပီးေသးခင္အတြင္း ေျဖဆိုသြားမည္ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။

ျပင္သစ္ ျပည္ထဲေရးဝန္ၾကီး Bernard Kaznov က လူေပါင္း ၁၃၂ဦးေသဆံုးခဲ့ျပီး ၃၄၉ဦးဒဏ္ရာရရိွခဲ့သည့္ ပဲရစ္ အၾကမ္းဖက္ခံရမႈ အား ဘယ္လ္ဂ်ီယံႏိုင္ငံ တြင္အစီအစဥ္ေရးဆြဲခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
............

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Kaznovအား တွေ့ရစဉ် (အင်တာနက်)
    အယ်လ်ဂျီယားစ်၊ ဖေဖော်ဝါရီ ၂၈ရက် (ဆင်ဟွာ)

    အယ်လ်ဂျီးရီးယားနိုင်ငံ ရှိ ဒေသခံ အစိုးရရှေ့နေ တစ်ဦး က ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု နှင့် ပတ်သက်နေသည် ဟု သံသယရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံသား တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဖေဖော်ဝါရီ ၂၈ရက်နေ့က ပြောကြားခဲ့သည်။

ယင်းရှေ့နေက သံသယရှိသူကို အယ်လ်ဂျီယားစ်မြို့တော်၏ အရှေ့ဖက် ကီလိုမီတာ ၂၅၀ အကွာ တွင် တည်ရှိသော Bejaia ပြည်နယ် ရှိ Akbou တရားရုံး၏ တရားသူကြီးက ဆင့်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ တွင် နေထိုင်သည့် ယင်းတရားခံသည် ပဲရစ် ဗုံးပေါက်ကွဲမှုအားလုပ်ဆောင်ခဲ့သည့် အကြမ်းဖက် အဖွဲ့ တွင် ပါဝင်နေသည်ဟု သံသယရှိခံရကြောင်း ရှေ့နေကပြောကြားခဲ့ပြီး တရားခံသည် မည်သူဖြစ်ကြောင်း နှင့်  ကျန်အသေးစိတ်အချက်အလက် များကိုမူ စုံစမ်းစစ်ဆေးမှု မပြီးသေးခင်အတွင်း ဖြေဆိုသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Kaznov က လူပေါင်း ၁၃၂ဦးသေဆုံးခဲ့ပြီး ၃၄၉ဦးဒဏ်ရာရရှိခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု အား ဘယ်လ်ဂျီယံနိုင်ငံ တွင်အစီအစဉ်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment