တရုတ္ႏိုင္ငံ တြင္ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ျဖစ္စဥ္သစ္ ၂ခု ထပ္မံျဖစ္ပြား

တရုတ္ႏိုင္ငံ တြင္ ဇီကာဗိုင္းရပ္စ္ မျပန္႕ပြားေစရန္အတြက္ ျခင္ႏွိမ္ႏွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ (internet)
    ကြမ္က်ဳိး၊ ေဖေဖာ္ဝါရီ ၂၈ ရက္ (ဆင္ဟြာ)

    တရုတ္ႏိုင္ငံ ေတာင္ပိုင္း ကြမ္တံုျပည္နယ္ တြင္ ေဖေဖာ္ဝါရီလ ၂၆ရက္ေန႕က ဇီကာဗိုင္းရပ္စ္ ကူးစက္ခံမႈ ျဖစ္စဥ္သစ္ ၂ခု ကိုေတြ႕ရွိခဲ့ေၾကာင္း အဆိုပါေဒသရွိ က်န္းမာေရး အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။

ေရာဂါကူးစက္ခံရသူ ႏွစ္ဦးမွာ ဗင္နီဇြဲလားႏုိင္ငံ မွ တရုတ္ႏိုင္ငံသို႕ျပန္လာသည့္ ေမာင္ႏွမ ၂ဦး ျဖစ္ကာ တစ္ဦးသည္ အသက္ေျခာက္ႏွစ္အရြယ္ ေယာက္်ားေလးတစ္ဦးျဖစ္ျပီး ေနာက္တစ္ဦးမွာ အသက္ ရွစ္ႏွစ္ အရြယ္ မိန္းကေလးတစ္ဦးျဖစ္ေၾကာင္း သိရသည္။ ၄င္းတို႕သည္ ကြမ္က်ဳိး ဘိုင္ယန္ အျပည္ျပည္ဆိုင္ရာေလဆိပ္သုိ႕ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႕တြင္ ေရာက္ရွိခ်ိန္၌ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရသည္ကို သိရိွခဲ့ျခင္းျဖစ္ေၾကာင္း ကြမ္တံုျပည္နယ္ဆိုင္ရာ က်န္းမာေရး ႏွင့္ မိသားစု စီမံကိန္း ေကာ္မရွင္ ကေျပာၾကားခဲ့သည္။

၄င္းတို႕ႏွစ္ဦးအား ေဖေဖာ္ဝါရီလ ၂၇ရက္ေန႕တြင္ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳႏိုင္ခဲ့ျပီး ယခုအခါတြင္ ေဆးရံု၌ ေဆးကုသမႈ ခံယူေနေၾကာင္းသိရသည္။

တရုတ္ႏိုင္ငံတြင္ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ရွစ္ေယာက္ရွိလာျပီး ႏိုင္ငံတစ္ဝန္းတြင္ ရာသီဥတု စတင္ပူေႏြးလာေသာေၾကာင့္ ဇီကာဗိုင္းရပ္စ္ႏွင့္ ပတ္သက္၍ သတိေပးခ်က္မ်ား တုိးျမွင့္ထားေၾကာင္းသိရသည္။

အမ်ဳးိသား က်န္းမာေရး ႏွင့္ မိသားစု စီမံကိန္း ေကာ္မရွင္ က ရာသီဥတု ပူေႏြးလာသည္ႏွင့္ အမွ် အခ်ဳိ႕ေဒသ မ်ားတြင္ ျခင္ေပါက္ဖြားႏႈန္းသည္လည္း တိုးတက္လာေသာေၾကာင့္ ဖ်ားနာမႈ အား ထိန္းခ်ဳပ္ခက္ခဲ ႏိုင္သည့္ အတြက္ အမ်ားျပည္သူမ်ားအား ႏိုးႏိုးၾကားၾကားေနထိုင္ၾကရန္ တိုက္တြန္းထားေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
..........
 တရုတ်နိုင်ငံ တွင် ဇီကာဗိုင်းရပ်စ် မပြန့်ပွားစေရန်အတွက် ခြင်နှိမ်နှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (internet)
    ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့က ဇီကာဗိုင်းရပ်စ် ကူးစက်ခံမှု ဖြစ်စဉ်သစ် ၂ခု ကိုတွေ့ရှိခဲ့ကြောင်း အဆိုပါဒေသရှိ ကျန်းမာရေး အာဏာပိုင်များကပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသူ နှစ်ဦးမှာ ဗင်နီဇွဲလားနိုင်ငံ မှ တရုတ်နိုင်ငံသို့ပြန်လာသည့် မောင်နှမ ၂ဦး ဖြစ်ကာ တစ်ဦးသည် အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ရှစ်နှစ် အရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။ ၄င်းတို့သည် ကွမ်ကျိုး ဘိုင်ယန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရောက်ရှိချိန်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ကွမ်တုံပြည်နယ်ဆိုင်ရာ ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် ကပြောကြားခဲ့သည်။

၄င်းတို့နှစ်ဦးအား ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယခုအခါတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

တရုတ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ရှစ်ယောက်ရှိလာပြီး နိုင်ငံတစ်ဝန်းတွင် ရာသီဥတု စတင်ပူနွေးလာသောကြောင့် ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတိပေးချက်များ တိုးမြှင့်ထားကြောင်းသိရသည်။

အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ရာသီဥတု ပူနွေးလာသည်နှင့် အမျှ အချို့ဒေသ များတွင် ခြင်ပေါက်ဖွားနှုန်းသည်လည်း တိုးတက်လာသောကြောင့် ဖျားနာမှု အား ထိန်းချုပ်ခက်ခဲ နိုင်သည့် အတွက် အများပြည်သူများအား နိုးနိုးကြားကြားနေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment