Leonardo DiCaprio



ေနာက္ဆံုးမွာေတာ့ ဒီနာမည္ဟာ တာေဝးအေျပးသမားတစ္ေယာက္လို ေအာ္စကာဆုေနာက္ အတင္းလိုက္ေျပးခံေနရေတာ့မယ့္ နာမည္တစ္ခုမဟုတ္ေတာ့ပါဘူး။

မာရသြန္ခရီး၂၃ႏွစ္ၾကာ၊ ေအာ္စကာဆု၅ႀကိမ္ ဇကာတင္စာရင္းဝင္ခဲ့သူဟာ ဒီကေန႔မွာ တစ္ကမာၻလံုးရဲ႕အသိအမွတ္ျပဳျခင္းကို ခံလိုက္ရၿပီျဖစ္ပါတယ္။

၁၉၉၄ခုႏွစ္ အသက္၂ဝအ႐ြယ္တုန္းက လီယိုနာဒိုဟာ What's Eating Gilbert Grape ဇာတ္ကားနဲ႔ အမ်ဳိးသားဇာတ္ရံဆု ဇကာတင္စာရင္းဝင္ခဲ့ဖူးပါတယ္။

၂ဝဝ၅ခုႏွစ္မွာ The Aviatorဇာတ္ကားနဲ႔ အမ်ဳိးသားဇာတ္ေဆာင္ဆုအျဖစ္ ပထမဆံုးအႀကိမ္ ဇကာတင္စာရင္းဝင္ခဲ့တယ္။

၂ဝဝ၇ခုႏွစ္မွာ Blood Diamond ဇာတ္ကားနဲ႔ အမ်ဳိးသားဇာတ္ေဆာင္ဆု ဇကာတင္စာရင္းဝင္ခဲ့ျပန္တယ္။

၂ဝ၁၄ ခုႏွစ္မွာလည္း The Wolf of Wall Street ဇာတ္ကားနဲ႔ အမ်ဳိးသားဇာတ္ေဆာင္ဆု၊ အေကာင္းဆံုးဇာတ္ကားဆုအျဖစ္ ဇကာတင္စာရင္းဝင္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ေအာ္စကာဆုက လီယိုနာဒိုနဲ႔ အလဲြလဲြအေခ်ာ္ေခ်ာ္ျဖစ္ခဲ့ပါတယ္။

ခန္႔ညားေခ်ာေမာတဲ့႐ုပ္ရည္နဲ႔ လုပ္စားလို႔ရႏိုင္ေပမယ့္ သ႐ုပ္ေဆာင္ပိုင္းကို ပိုအဓိကထားတဲ့ ေလာကမို႔လား..။

ေအာ္စကာဆုေပးပဲြတိုင္းမွာ လီယိုနာဒိုရဲ႕ေမွ်ာ္လင့္ခ်က္မဲ့ေပမယ့္ ဇဲြမေလ်ာ့တဲ့မ်က္ဝန္းကို ကၽြန္မတို႔ေတြ႔ျမင္ခဲ့ရတယ္။

ဒီေလာကမွာ ကံေကာင္းျခင္းဆိုတာ ေမြးရာပါမဟုတ္ဘူး။ ဇဲြလံု႔လဝီရိယစိုက္ထုတ္ဖို႔လည္း လိုတယ္ဆိုတာကို သူသိထားလို႔ျဖစ္တယ္။

တိုင္တန္းနစ္ဇာတ္ကားထဲက Rose ျဖစ္ခဲ့တဲ့ Kate Winslet လည္း ၁၃ႏွစ္ၾကာ တာေဝးေျပးၿပီးမွ ၆ႀကိမ္ေျမာက္ဇကာတင္စာရင္းဝင္ခဲ့ၿပီးမွ ေအာ္စကာဆုကို ပိုင္ဆိုင္ခဲ့သူပါ။ ဒီလို က်ိန္စာသင့္ေနတဲ့နာက်င္မႈမ်ဳိးကို Rose နဲ႔ Jack ကပဲ ခံစားနားလည္ခဲ့ပါတယ္။

ဒီတစ္ႀကိမ္ ေကာ္ေဇာနီေလွ်ာက္ခ်ိန္မွာလည္း လီယိုနာဒိုက ကိတ္နဲ႔အတူေလွ်ာက္ခဲ့ပါတယ္။

ဒီကေန႔ သူတို႔ႏွစ္ေယာက္ရဲ႕လိုက္ဖက္ညီမႈက အဲဒီႏွစ္က (တိုင္တန္းနစ္ဇာတ္ကားဇာတ္ဝင္ခန္းထဲကလို) လိုက္ဖက္ညီမႈနဲ႔ ထပ္တူထပ္မွ်က်ခဲ့ပါတယ္။

လီယိုနာဒိုက သူ႔ေမေမနဲ႔ ဒီဆုေပးပဲြကို တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ လာေရာက္အားေပးတဲ့ သူ႔မိတ္ေဆြအေပါင္းအသင္းေတြနဲ႔အတူ ဇာတ္ကားထဲပါဝင္ခဲ့တဲ့ ဝက္ဝံလည္းပါပါတယ္။ လီယိုနာဒိုကို ေအာ္စကာဆုလက္ဝယ္ပိုင္ဆိုင္ႏိုင္ေအာင္ ဒီဝက္ဝံလည္းပဲကူညီခဲ့ပါတယ္။ ဒါဟာ လူနဲ႔သဘာဝကို ထင္ဟပ္ေစခဲ့တဲ့ တကယ့္ေတာတြင္းမုဆိုးပဲျဖစ္တယ္။ ဒီဇာတ္ကားအတြက္ လီယိုနာဒိုအားသြန္ခြန္စိုက္ ႀကိဳးပမ္းခဲ့တယ္။ ေရခဲျမစ္ထဲကူးခတ္တယ္၊ အသားစိမ္းစားတယ္၊ ျမင္းေသေကာင္ထဲဝင္အိပ္တယ္…

ဒီဇာတ္ကားက အေကာင္းဆံုး ဒါ႐ိုက္တာဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါ႐ိုက္တာ Alejandro González Iñárritu က မႏွစ္ကလည္း Birdman ဇာတ္ကားနဲ႔ အေကာင္းဆံုးဒါ႐ိုက္တာဆုရခဲ့သူျဖစ္တယ္။

ဒီတစ္ႀကိမ္ေအာ္စကာဆုေပးပဲြကို အေမရိကန္သမၼတအိုဘားမားလည္း ဖန္သားျပင္ကေနၾကည့္႐ႈေနခဲ့ပါတယ္။ ဒါေၾကာင့္ အစီအစဥ္ေၾကညာသူဟာ စင္ေပၚတက္တိုင္း “ေလးစားရပါေသာ တစ္ကမာၻလံုးက ပရိသတ္ေတြနဲ႔ သမၼတအိုဘားမားခင္ဗ်ား….” လို႔ ေျပာခဲ့တယ္။ ဒုသမၼတ Joe Biden ကေတာ့ က်င္းပရာေနရာထိ သြားေရာက္အားေပးခဲ့ပါတယ္။ ဒုသမၼတေရာက္လာေတာ့ အားလံုးက မတ္တပ္ရပ္ၿပီး လက္ခုပ္တီးႀကိဳဆိုၾကတယ္။

ဒုသမၼတူက စင္ေပၚတက္ၿပီး ေက်ာင္းဝင္းလိင္အၾကမ္းဖက္မႈ ရပ္တန္႔ ေအာင္ ႀကိဳးစားၾကဖို႔ အားလံုးကိုႏႈိးေဆာ္ေျပာၾကားခဲ့တယ္။

Lady GaGa က ကိုယ္တိုင္တီး ကိုယ္တိုင္ဆိုနဲ႔ ခြန္အား႐ွိတဲ့သီခ်င္းသံစဥ္ကို အေမရိကန္ေက်ာင္းဝင္းေတြမွာ လိင္အၾကမ္းဖက္ခံခဲ့ရသူေတြနဲ႔ စင္ေပၚမွာ တဲြဖက္သီဆို သ႐ုပ္ေဖာ္ခဲ့ပါတယ္။

ဒီကေန႔ည ေအာ္စကာဆုေပးပဲြက ႏိုင္ငံေရးအနံ႔အသက္ သင္းထံုခဲ့တဲ့ပဲြျဖစ္တယ္။

လီယိုနာဒိုဆုတက္ယူၿပီး ေက်းဇူးတင္စကားေျပာၾကားခ်ိန္ ေနာက္ဆံုးေျပာလိုက္တဲ့စကားတစ္ခြန္းက “ရာသီဥတုေျပာင္းလဲတယ္ဆိုတာ တကယ္ပါ။ ကၽြန္ေတာ္တို႔လူသားမ်ဳိးႏႊယ္ကို တကယ့္ထိခိုက္ႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ေနာင္မ်ဳိးဆက္မ်ဳိးဆက္ေတြအတြက္ ဒီေလာကကို ဒီထက္ေကာင္းေအာင္ ကၽြန္ေတာ္တို႔ႀကိဳးစားေဆာင္႐ြက္ၾကစို႔”လို႔ဆိုခဲ့တယ္။

ေအာ္စကာဆုေပးပဲြတိုင္းမွာ ေၾကလြင့္သြားၿပီျဖစ္တဲ့ ထက္ျမက္ထူးခၽြန္သူေတြကို ေအာက္ေမ့တမ္းတတဲ့ အပိုင္းလည္း ပါဝင္တတ္ပါတယ္။ ေအာက္ေမ့တမ္းတသူေတြထဲမွာ Christopher Lee၊ Leonard Nimoy၊ Alan Rickman …. တို႔ပါဝင္ပါတယ္။

ဒီႏွစ္ေအာ္စကာဆုေပးပဲြ အနီးအနားမွာ ဆႏၵျပမႈတစ္ခုျဖစ္ပြားခဲ့ပါေသးတယ္။ အေမရိကန္လူ႔အခြင့္အေရးတန္းတူညီမွ်ေရးဦးေဆာင္သူ Al Sharpton ဦးေဆာင္တဲ့ လူမည္းအႏုပညာ႐ွင္တခ်ဳိ႕က ေအာ္စကာပဲြဟာ လူတန္းစားခဲြျခားတဲ့ပဲြမျဖစ္သင့္ေၾကာင္း၊ လူျဖဴေတြသာ ေနရာရတဲ့ပဲြမျဖစ္သင့္ေၾကာင္း ဆႏၵျပခဲ့ၾကတာျဖစ္တယ္။

ဆုေပးပဲြအတြင္းမွာလည္း အစီအစဥ္တင္ဆက္သူ မင္းသားChris Rockက ေဟာ္လိဝုဒ္မွာ လူမည္းေတြ ေနရာမ႐ွိေၾကာင္း၊ ထုတ္လုပ္သူ၊ ဇာတ္ညႊန္းေရးသူေတြက လူမည္းေတြကို မသံုးေၾကာင္းေျပာၾကားခဲ့တယ္။ (ေအာ္စကာဆုေပးပဲြမွာ လူျဖဴေတြအမ်ားဆံုးပါဝင္ပါတယ္) ။ ဒါဟာ တစ္ကမာၻလံုးကို တိုက္႐ိုက္လႊင့္ေနတဲ့အစီအစဥ္မို႔ ပဲြခင္းထဲမွာ ထိုင္ေနသူတို႔ရဲ႕ ခံစားမႈေထြျပားတဲ့ မ်က္ႏွာအမူအရာေတြကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။

ေနာက္ဆံုးေျပာခ်င္တာက ဒီကေန႔ေအာ္စကာဆုနဲ႔ပတ္သက္တဲ့ ေကာလဟာလ၊ ေဝဖန္သံေတြကိုေတာ့ ဆက္လက္ထြက္ေပၚလာမယ့္ သတင္းေတြမွာ ေစာင့္ၾကည့္ၾကပါစို႔လို႔…..

ဘာပဲျဖစ္ျဖစ္ ဒီဆုေပးပဲြမွာ “ကံေကာင္းျခင္းဆိုတာ ေမြးရာပါမဟုတ္ဘူး။ ဇဲြလံု႔လဝီရိယစိုက္ထုတ္ဖို႔လည္း လိုတယ္”ဆိုတာကို လီယိုနာဒိုက ၂၃ႏွစ္အၾကာမွာ သက္ေသျပသြားႏိုင္ခဲ့ပါၿပီ။ ႀကိဳးစားမႈေပၚမွာ ဇဲြလံု႔လဝီရိယစိုက္ထုတ္ႏိုင္သူတိုင္း ေအာင္ျမင္ျခင္းကို တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ဆြတ္ခူးႏိုင္တယ္ဆိုတာ ဧကန္မလဲြပါဘူး။

----------

ဖတ္မိသမွ် ဘာသာျပန္မွ်ေဝပါတယ္..

ႏိုင္းႏိုင္းစေန (Feb. 29. 2016)

....................................

Leonardo DiCaprio

နောက်ဆုံးမှာတော့ ဒီနာမည်ဟာ တာဝေးအပြေးသမားတစ်ယောက်လို အော်စကာဆုနောက် အတင်းလိုက်ပြေးခံနေရတော့မယ့် နာမည်တစ်ခုမဟုတ်တော့ပါဘူး။

မာရသွန်ခရီး၂၃နှစ်ကြာ၊ အော်စကာဆု၅ကြိမ် ဇကာတင်စာရင်းဝင်ခဲ့သူဟာ ဒီကနေ့မှာ တစ်ကမ္ဘာလုံးရဲ့အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။

၁၉၉၄ခုနှစ် အသက်၂ဝအရွယ်တုန်းက လီယိုနာဒိုဟာ What's Eating Gilbert Grape ဇာတ်ကားနဲ့ အမျိုးသားဇာတ်ရံဆု ဇကာတင်စာရင်းဝင်ခဲ့ဖူးပါတယ်။

၂ဝဝ၅ခုနှစ်မှာ The Aviatorဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုအဖြစ် ပထမဆုံးအကြိမ် ဇကာတင်စာရင်းဝင်ခဲ့တယ်။

၂ဝဝ၇ခုနှစ်မှာ Blood Diamond ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု ဇကာတင်စာရင်းဝင်ခဲ့ပြန်တယ်။

၂ဝ၁၄ ခုနှစ်မှာလည်း The Wolf of Wall Street ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံးဇာတ်ကားဆုအဖြစ် ဇကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။

ဒါပေမယ့် အော်စကာဆုက လီယိုနာဒိုနဲ့ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပါတယ်။

ခန့်ညားချောမောတဲ့ရုပ်ရည်နဲ့ လုပ်စားလို့ရနိုင်ပေမယ့် သရုပ်ဆောင်ပိုင်းကို ပိုအဓိကထားတဲ့ လောကမို့လား..။

အော်စကာဆုပေးပွဲတိုင်းမှာ လီယိုနာဒိုရဲ့မျှော်လင့်ချက်မဲ့ပေမယ့် ဇွဲမလျော့တဲ့မျက်ဝန်းကို ကျွန်မတို့တွေ့မြင်ခဲ့ရတယ်။

ဒီလောကမှာ ကံကောင်းခြင်းဆိုတာ မွေးရာပါမဟုတ်ဘူး။ ဇွဲလုံ့လဝီရိယစိုက်ထုတ်ဖို့လည်း လိုတယ်ဆိုတာကို သူသိထားလို့ဖြစ်တယ်။

တိုင်တန်းနစ်ဇာတ်ကားထဲက Rose ဖြစ်ခဲ့တဲ့ Kate Winslet လည်း ၁၃နှစ်ကြာ တာဝေးပြေးပြီးမှ ၆ကြိမ်မြောက်ဇကာတင်စာရင်းဝင်ခဲ့ပြီးမှ အော်စကာဆုကို ပိုင်ဆိုင်ခဲ့သူပါ။ ဒီလို ကျိန်စာသင့်နေတဲ့နာကျင်မှုမျိုးကို Rose နဲ့ Jack ကပဲ ခံစားနားလည်ခဲ့ပါတယ်။

ဒီတစ်ကြိမ် ကော်ဇောနီလျှောက်ချိန်မှာလည်း လီယိုနာဒိုက ကိတ်နဲ့အတူလျှောက်ခဲ့ပါတယ်။

ဒီကနေ့ သူတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီမှုက အဲဒီနှစ်က (တိုင်တန်းနစ်ဇာတ်ကားဇာတ်ဝင်ခန်းထဲကလို) လိုက်ဖက်ညီမှုနဲ့ ထပ်တူထပ်မျှကျခဲ့ပါတယ်။

လီယိုနာဒိုက သူ့မေမေနဲ့ ဒီဆုပေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ လာရောက်အားပေးတဲ့ သူ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ဇာတ်ကားထဲပါဝင်ခဲ့တဲ့ ဝက်ဝံလည်းပါပါတယ်။ လီယိုနာဒိုကို အော်စကာဆုလက်ဝယ်ပိုင်ဆိုင်နိုင်အောင် ဒီဝက်ဝံလည်းပဲကူညီခဲ့ပါတယ်။ ဒါဟာ လူနဲ့သဘာဝကို ထင်ဟပ်စေခဲ့တဲ့ တကယ့်တောတွင်းမုဆိုးပဲဖြစ်တယ်။ ဒီဇာတ်ကားအတွက် လီယိုနာဒိုအားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်။ ရေခဲမြစ်ထဲကူးခတ်တယ်၊ အသားစိမ်းစားတယ်၊ မြင်းသေကောင်ထဲဝင်အိပ်တယ်…

ဒီဇာတ်ကားက အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာ Alejandro González Iñárritu က မနှစ်ကလည်း Birdman ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုရခဲ့သူဖြစ်တယ်။

ဒီတစ်ကြိမ်အော်စကာဆုပေးပွဲကို အမေရိကန်သမ္မတအိုဘားမားလည်း ဖန်သားပြင်ကနေကြည့်ရှုနေခဲ့ပါတယ်။ ဒါကြောင့် အစီအစဉ်ကြေညာသူဟာ စင်ပေါ်တက်တိုင်း “လေးစားရပါသော တစ်ကမ္ဘာလုံးက ပရိသတ်တွေနဲ့ သမ္မတအိုဘားမားခင်ဗျား….” လို့ ပြောခဲ့တယ်။ ဒုသမ္မတ Joe Biden ကတော့ ကျင်းပရာနေရာထိ သွားရောက်အားပေးခဲ့ပါတယ်။ ဒုသမ္မတရောက်လာတော့ အားလုံးက မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြိုဆိုကြတယ်။

ဒုသမ္မတူက စင်ပေါ်တက်ပြီး ကျောင်းဝင်းလိင်အကြမ်းဖက်မှု ရပ်တန့် အောင် ကြိုးစားကြဖို့ အားလုံးကိုနှိုးဆော်ပြောကြားခဲ့တယ်။

Lady GaGa က ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုနဲ့ ခွန်အားရှိတဲ့သီချင်းသံစဉ်ကို အမေရိကန်ကျောင်းဝင်းတွေမှာ လိင်အကြမ်းဖက်ခံခဲ့ရသူတွေနဲ့ စင်ပေါ်မှာ တွဲဖက်သီဆို သရုပ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ည အော်စကာဆုပေးပွဲက နိုင်ငံရေးအနံ့အသက် သင်းထုံခဲ့တဲ့ပွဲဖြစ်တယ်။

လီယိုနာဒိုဆုတက်ယူပြီး ကျေးဇူးတင်စကားပြောကြားချိန် နောက်ဆုံးပြောလိုက်တဲ့စကားတစ်ခွန်းက “ရာသီဥတုပြောင်းလဲတယ်ဆိုတာ တကယ်ပါ။ ကျွန်တော်တို့လူသားမျိုးနွှယ်ကို တကယ့်ထိခိုက်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နောင်မျိုးဆက်မျိုးဆက်တွေအတွက် ဒီလောကကို ဒီထက်ကောင်းအောင် ကျွန်တော်တို့ကြိုးစားဆောင်ရွက်ကြစို့”လို့ဆိုခဲ့တယ်။

အော်စကာဆုပေးပွဲတိုင်းမှာ ကြေလွင့်သွားပြီဖြစ်တဲ့ ထက်မြက်ထူးချွန်သူတွေကို အောက်မေ့တမ်းတတဲ့ အပိုင်းလည်း ပါဝင်တတ်ပါတယ်။ အောက်မေ့တမ်းတသူတွေထဲမှာ Christopher Lee၊ Leonard Nimoy၊ Alan Rickman …. တို့ပါဝင်ပါတယ်။

ဒီနှစ်အော်စကာဆုပေးပွဲ အနီးအနားမှာ ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ အမေရိကန်လူ့အခွင့်အရေးတန်းတူညီမျှရေးဦးဆောင်သူ Al Sharpton ဦးဆောင်တဲ့ လူမည်းအနုပညာရှင်တချို့က အော်စကာပွဲဟာ လူတန်းစားခွဲခြားတဲ့ပွဲမဖြစ်သင့်ကြောင်း၊ လူဖြူတွေသာ နေရာရတဲ့ပွဲမဖြစ်သင့်ကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်တယ်။

ဆုပေးပွဲအတွင်းမှာလည်း အစီအစဉ်တင်ဆက်သူ မင်းသားChris Rockက ဟော်လိဝုဒ်မှာ လူမည်းတွေ နေရာမရှိကြောင်း၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးသူတွေက လူမည်းတွေကို မသုံးကြောင်းပြောကြားခဲ့တယ်။ (အော်စကာဆုပေးပွဲမှာ လူဖြူတွေအများဆုံးပါဝင်ပါတယ်) ။ ဒါဟာ တစ်ကမ္ဘာလုံးကို တိုက်ရိုက်လွှင့်နေတဲ့အစီအစဉ်မို့ ပွဲခင်းထဲမှာ ထိုင်နေသူတို့ရဲ့ ခံစားမှုထွေပြားတဲ့ မျက်နှာအမူအရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးပြောချင်တာက ဒီကနေ့အော်စကာဆုနဲ့ပတ်သက်တဲ့ ကောလဟာလ၊ ဝေဖန်သံတွေကိုတော့ ဆက်လက်ထွက်ပေါ်လာမယ့် သတင်းတွေမှာ စောင့်ကြည့်ကြပါစို့လို့…..

ဘာပဲဖြစ်ဖြစ် ဒီဆုပေးပွဲမှာ “ကံကောင်းခြင်းဆိုတာ မွေးရာပါမဟုတ်ဘူး။ ဇွဲလုံ့လဝီရိယစိုက်ထုတ်ဖို့လည်း လိုတယ်”ဆိုတာကို လီယိုနာဒိုက ၂၃နှစ်အကြာမှာ သက်သေပြသွားနိုင်ခဲ့ပါပြီ။ ကြိုးစားမှုပေါ်မှာ ဇွဲလုံ့လဝီရိယစိုက်ထုတ်နိုင်သူတိုင်း အောင်မြင်ခြင်းကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဆွတ်ခူးနိုင်တယ်ဆိုတာ ဧကန်မလွဲပါဘူး။

----------

ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်..

နိုင်းနိုင်းစနေ (Feb. 29. 2016)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment