(Xinhua)
...........
 ဆိုမာလီ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ မြို့တွင်း တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)
    မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
    ဆိုမာလီ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတအိမ်တော်အနီး SYL ဟိုတယ်နှင့် ငြိမ်းချမ်းရေး ဥယျာဉ်အား ပစ်မှတ် ထားတိုက်ခိုက်သည့် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်၌ ပြောသည်။
ပထမဗုံးမှာ ငြိ်မ်းချမ်းရေး ဥယျာဉ်ဂိတ်ပေါက်၌ ကားဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူ ရ ဦးသေဆုံးခဲ့ကြောင်း ရဲအရာ ရှိ ဆတ်မြူ့စ်က ပြောသည်။ အခြားပေါက်ကွဲမှု တစ်ခုမှာ SYL ဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှု၌ လမ်း ပေါ်မှာ သန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့သည်။
ယင်းတိုက်ခိုက်မှုများအား ဆိုမာလီ အခြေစိုက် အယ်လ်-ရှာဘတ် (Al-Shabaab) အဖွဲ့က ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေး ဥယျာဉ်မှာ SYL ဟိုတယ်ဘေး၌ တည်ရှိပြီး ဒေသခံများက သောကြာနေ့တိုင်း သွားရောက် အပန်းဖြေလေ့ရှိသော စည်ကားသည့်နေရာတစ်ခုလည်း ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment