Kanye West ကို ပေရာ္ဖက္ရွင္နယ္ အကူအညီ ရယူေစခ်င္ေနတဲ့ ဇနီးသည္ Kim Kardashian



Mario

Kim Kardashian ဟာ လက္ရွိမွာ သူမရဲ ႔ခင္ပြန္း Kanye West ရဲ ႔ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ စိတ္ပူေနၿပီး Kanye ကို ဓါတုကုထံုး ခံယူဖို႔ သူမမွာ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ "Keeping Up With The Kardashians" အစီအစဥ္ရဲ ႔ ၾကယ္ပြင့္ Kim K တစ္ေယာက္ ခင္ပြန္းျဖစ္သူ ရဲ ႔ လက္ရွိ အေျခအေနနဲ႔ ပတ္သက္ၿပီး စိတ္မခ်မ္းမသာ ျဖစ္ေနရတယ္လို႔ သတင္းအရင္းအျမစ္မ်ားစြာက US Weekly သတင္းဌာနကို ေျပာျပလာပါတယ္။

ဒါေပမယ့္လည္း လက္ရွိအေနအထားအရ ရက္ပါ Kanye West ဟာ ပေရာ္ဖက္ရွင္နယ္ အကူအညီ ရယူဖို႔ ဆႏၵမရွိဘူးလို႔လည္း သတင္းအရင္းအျမစ္တစ္ဦးက ေျပာျပလာပါတယ္။ အသက္ ၃၈ ႏွစ္အရြယ္ Rap အဆုိေတာ္ Kanye West ဟာ ဒီလ အေစာပိုင္းတုန္းကလည္း သူ႔ရဲ ႔ Famous သီခ်င္းထဲမွာ ေတလာဆြစ္ဖ္ကို တိုက္ခိုက္သီဆိုထားျပန္တဲ့အတြက္ ေ၀ဖန္မႈေတြ ခံေနရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ Twitter လူမႈကြန္ရက္မွာ သူ႔ရဲ ႔ ပုဂၢိဳလ္ေရး အေၾကြးေငြ ေဒၚလာ ၅၃ သန္း က်န္ရွိေနတယ္ လို႔ ေရးသားခဲ့ပါတယ္။

အဲဒီေနာက္မွာပဲ သူဟာ Facebook တည္ေထာင္သူ Mark Zuckerberg ကို ေဒၚလာ ၁ ဘီလီယံ ေခ်းေငြ အျဖစ္ ကူညီေပးဖို႔ ေတာင္းဆို ေရးသားခဲ့ျပန္ပါတယ္။ သူ႔ရဲ ႔လုပ္ရပ္ေတြ အတြက္ Kanye ရဲ ႔ ေဘာ္ဒါတစ္ေယာက္ျဖစ္တဲ့ Rhymefest ကလည္း သူ႔သူငယ္ခ်င္း Kanye ဟာ လူမႈေရး ၊ စီးပြားေရး ၊ က်န္းမာေရး အားလံုးအတြက္ အကူအညီ လုိအပ္ေနတယ္လို႔ ေရးသားထားတာကိုလည္း ေတြ႔ရပါတယ္။

Ref:starpulse

http://www.trend.com.mm/2016/02/25/news-8936

..............................

Kanye West ကို ပရော်ဖက်ရှင်နယ် အကူအညီ ရယူစေချင်နေတဲ့ ဇနီးသည် Kim Kardashian


Mario

Kim Kardashian ဟာ လက်ရှိမှာ သူမရဲ ့ခင်ပွန်း Kanye West ရဲ ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ပူနေပြီး Kanye ကို ဓါတုကုထုံး ခံယူဖို့ သူမမှာ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ "Keeping Up With The Kardashians" အစီအစဉ်ရဲ ့ ကြယ်ပွင့် Kim K တစ်ယောက် ခင်ပွန်းဖြစ်သူ ရဲ ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး စိတ်မချမ်းမသာ ဖြစ်နေရတယ်လို့ သတင်းအရင်းအမြစ်များစွာက US Weekly သတင်းဌာနကို ပြောပြလာပါတယ်။

ဒါပေမယ့်လည်း လက်ရှိအနေအထားအရ ရက်ပါ Kanye West ဟာ ပရော်ဖက်ရှင်နယ် အကူအညီ ရယူဖို့ ဆန္ဒမရှိဘူးလို့လည်း သတင်းအရင်းအမြစ်တစ်ဦးက ပြောပြလာပါတယ်။ အသက် ၃၈ နှစ်အရွယ် Rap အဆိုတော် Kanye West ဟာ ဒီလ အစောပိုင်းတုန်းကလည်း သူ့ရဲ ့ Famous သီချင်းထဲမှာ တေလာဆွစ်ဖ်ကို တိုက်ခိုက်သီဆိုထားပြန်တဲ့အတွက် ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Twitter လူမှုကွန်ရက်မှာ သူ့ရဲ ့ ပုဂ္ဂိုလ်ရေး အကြွေးငွေ ဒေါ်လာ ၅၃ သန်း ကျန်ရှိနေတယ် လို့ ရေးသားခဲ့ပါတယ်။

အဲဒီနောက်မှာပဲ သူဟာ Facebook တည်ထောင်သူ Mark Zuckerberg ကို ဒေါ်လာ ၁ ဘီလီယံ ချေးငွေ အဖြစ် ကူညီပေးဖို့ တောင်းဆို ရေးသားခဲ့ပြန်ပါတယ်။ သူ့ရဲ ့လုပ်ရပ်တွေ အတွက် Kanye ရဲ ့ ဘော်ဒါတစ်ယောက်ဖြစ်တဲ့ Rhymefest ကလည်း သူ့သူငယ်ချင်း Kanye ဟာ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး အားလုံးအတွက် အကူအညီ လိုအပ်နေတယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

Ref:starpulse

http://www.trend.com.mm/2016/02/25/news-8936
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment