လူေတြ အေကာင္းမျမင္တဲ့သူအျဖစ္ကေန လူတကာအားက်တဲ့ ေအာင္ျမင္သူ ဗီတိုရီးယား


လူေတြ အေကာင္းမျမင္တဲ့သူအျဖစ္ကေန လူတကာအားက်တဲ့ ေအာင္ျမင္သူျဖစ္ေအာင္ ဒီႏွစ္ေတြအတြင္း ဗီတိုရီးယား ဘာေတြမ်ားေျပာင္းလဲခဲ့သလဲလို႔ လူအမ်ားက သိခ်င္ေနၾကပါလိမ့္မယ္။

ဇာတ္လမ္းကို ဟိုးသူ႔ငယ္ဘဝကေန စေျပာရပါလိမ့္မယ္….

ဗီတိုရီးယားက ခ်မ္းသာၾကြယ္ဝတဲ့မိသားစုက ဆင္းသက္လာသူျဖစ္တယ္။ ေက်ာင္းတက္စအ႐ြယ္တည္းက Rolls-Royce ကားစီးၿပီး ေက်ာင္းတက္ခဲ့သူျဖစ္တယ္။

ေက်ာင္းမွာက ပိုက္ဆံခ်မ္းသာၿပီး အလွအပမက္ရင္ အပယ္ခံရတတ္ပါတယ္။ ဒါေၾကာင့္ သူဟာ ေက်ာင္းသားအမ်ားရဲ႕ လ်စ္လ်ဴ႐ႈတာကို ခံခဲ့ရတယ္။ ဘယ္သူမွ သူနဲ႔အတူ တစ္ခံုတည္းမထိုင္ခ်င္ခဲ့ၾကဘူး။

သူဟာ ငယ္႐ြယ္စဥ္ကတည္းက အႏုပညာအသိုင္းအဝိုင္းထဲဝင္ဖို႔ ႀကိဳးစားခဲ့တယ္။ အသက္ ၁၉ႏွစ္မွာေတာ့ တစ္ကမာၻလံုးကို ႐ိုက္ခတ္ခဲ့တဲ့ နာမည္ႀကီး Spice Girls အဖဲြ႔ထဲ သူပါဝင္ခဲ့ၿပီးေနာက္ နာမည္ရစျပဳလာခဲ့တယ္။

အဲဒီအဖဲြ႔ထဲမွာ သူ႔နာမည္က Posh ျဖစ္တယ္။ အဓိပၸာယ္က အထက္တန္းလႊာ၊ ေၾကာ့ေမာ့ တန္ဖိုးႀကီးတာျဖစ္တယ္။

တစ္ေခတ္တစ္ခါမွာ Spice Girls က အရမ္းထင္႐ွားေက်ာ္ၾကားခဲ့တယ္။ ပါဝင္သူေတြလည္း ႀကိဳးစားခဲ့ၾကတယ္။ ဆက္စီက်တဲ့ေနရာမွာေတာ့ ဒီကေန႔ ကိုရီးယားအဆိုေတာ္အမ်ဳိးသမီးအဖဲြ႕ေတြထက္ေတာင္ သာပါတယ္။

ေဒးဗစ္ဘက္ခ္ဟမ္းက တီဗီေပၚမွာ Spice Girls အဖဲြ႕ကိုျမင္လိုက္တာနဲ႔ ဗီတိုရီးယားကို ခ်စ္မိသြားခဲ့တယ္။ အဲဒီေနာက္ ပါတီတစ္ခုမွာ သူရဲ႕အခ်စ္ဘုရင္မ ဗီတိုရီးယားနဲ႔ မေမွ်ာ္လင့္ဘဲသူဆံုခဲ့တယ္။ သူ႔ဖုန္းနံပါတ္ကို ဗီတိုရီးယားက အရင္ေတာင္းလိုက္မယ္လို႔ သူထင္မထားခဲ့မိဘူး။ ဒီလိုနဲ႔ သိပ္မၾကာခင္မွာပဲ သူတို႔ခ်စ္ႀကိဳက္သြားခဲ့ၾကတယ္။

သူတို႔က သူေဌးသမီးနဲ႔ဆင္းရဲသား အခ်စ္ပံုျပင္ထဲကအတိုင္းပဲ။ အဲဒီတုန္းက ဘက္ခ္ဟမ္းနာမည္မ႐ွိေသးဘူး။ သူ႔အေမက ဆံပင္ညႇပ္ဆိုင္မွာ အလုပ္လုပ္တယ္။ ဗီတိုရီးယားက နာမည္ႀကီးတဲ့အဆိုေတာ္ျဖစ္ေနၿပီ။ ၿပီးေတာ့ ကုမၸဏီလည္းဖြင့္ထားေသးတယ္။

အဲဒီတုန္းက ေဒးဗစ္ဘက္ခ္ဟမ္းရဲ႕ပိုင္ဆိုင္မႈကို ဗီတိုရီးယား မမက္ခဲ့ပါဘူး။ ဘက္ခ္ဟမ္းနဲ႔မေတြ႔ခင္တုန္းက သူ ႏွစ္ခါေစ့စပ္ခဲ့ဖူးတယ္။ အခ်စ္ တာ႐ွည္မခိုင္ခဲ့ဘူး။ ဘက္ခ္ဟမ္းနဲ႔ေတြ႔မွ သူ႔အခ်စ္ခရီးလမ္းက ႐ွည္သြားတယ္။ ေအာ္… သူတို႔က ကေလးေမြးၿပီးမွ မဂၤလာေဆာင္ၾကတာပါ။

မဂၤလာေဆာင္ၿပီးတဲ့ေနာက္ ဘက္ခ္ဟမ္းရဲ႕အလုပ္အကိုင္ေတာ္ေတာ္မ်ားမ်ားကို ဗီတိုရီးယားကူညီခဲ့တယ္။ အဓိက အေရးပါတဲ့အရာက ေတာသားပံုေပါက္ေနတဲ့ ကိုယ့္ေယာက္်ားေဘာလံုးသမားကို အမ်ဳိးသမီးထုရင္ထဲကမင္းသားအျဖစ္ သူေျပာင္းလိုက္တာပါပဲ။

ေျပာစကားအရ သူတို႔ႏွစ္ေယာက္ခ်ိန္းေတြ႔စက ဘက္ခ္ဟမ္းက အီတလီနာမည္ႀကီးတံဆိပ္ Versace ဝယ္ဝတ္သတဲ့။ အဲဒီမတိုင္ခင္တုန္းက Versace ဆိုတာ ဘာမွန္းေတာင္ ဘက္ခ္ဟမ္းသိတာ မဟုတ္ဘူး။ Versace ဆိုတာ ေဘာလံုးသမားတစ္ေယာက္ရဲ႕နာမည္လို႔ပဲ သူထင္ခဲ့တာ။

ေနာက္ ဗီတိုရီးယားကေျပာေသးတယ္။ ေဒးဗစ္ဘက္ခ္ဟမ္းက ဘာျဖစ္လို႔ ခါးပတ္ကို အျမင့္ႀကီးတက္ပတ္ထားမွန္း မသိဘူးတဲ့။ ဘက္ခ္ဟမ္းရဲ႕ ေတာက်ပံုကို ေျပာပါတယ္။

ႏွစ္ေယာက္အတူေနၿပီးေနာက္ ဘက္ခ္ဟမ္းရဲ႕ ဝတ္စားဆင္ယင္ပံုကို ဗီတိုရီးယားတာဝန္ယူေတာ့တယ္။ အခုခ်ိန္မွာေတာ့ ဘက္ခ္ဟမ္းဟာ ကိုယ့္ပံုရိပ္ကိုဂ႐ုမစိုက္တဲ့ ၾကမ္းၾကမ္းတမ္းတမ္းေယာက္်ားတစ္ေယာက္ မဟုတ္ေတာ့ဘူး။ ကိုယ့္စတိုင္လ္အတြက္ ေငြကုန္ေၾကးက်ခံႏိုင္တဲ့ boy တစ္ေယာက္ျဖစ္သြားၿပီ။ သူဆံပင္တစ္ခါညႇပ္ရင္ စတာလင္ေပါင္ရာေက်ာ္ကုန္တယ္ဆိုပဲ။

ဗီတိုရီးယားက သူ႔ေယာက္်ားဘက္ခ္ဟမ္းကို 007ဂ်ဳိင္းစဘြန္းေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ဖူးတယ္တဲ့။ သူ႔ေယာက္်ားအတြက္ သူေတာ္ေတာ္အပင္ပန္းခံခဲ့တယ္။

လူတစ္ေယာက္ကို ထိန္းလြန္းရင္လည္း ေကာင္းတာမဟုတ္ဘူး။ တစ္ေန႔မွာ ဘက္ခ္ဟမ္းက သူ႔လက္ေထာက္အမ်ဳိးသမီးတစ္ေယာက္နဲ႔ အီစီကလီ႐ိုက္ေနေၾကာင္းကို မီဒီယာေတြက ေဖာ္လိုက္တယ္။

တကယ္ေတာ့ လင္မယားအခ်င္းခ်င္း အျမင္မတူလို႔ ဗီတိုရီးယားက ဘက္ခ္ဟမ္းကို စပိန္မွာတစ္ေယာက္တည္း ပစ္ထားခဲ့တာ။ တစ္ေယာက္တည္းေနရေတာ့ စိတ္ေလၿပီေပါ့။ အဲဒီမွာ အကြက္ေစာင့္ေနတဲ့သူနဲ႔တိုးေတာ့ မျဖစ္သင့္တာေတြ ျဖစ္ခဲ့ၾကရတာေပါ့။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဗီတိုရီးယား အႀကီးအက်ယ္စိတ္ဓာတ္က်သြားခဲ့တယ္။ လက္ေထာက္အမ်ဳိးသမီးက သူဟာလိင္တူတစ္ေယာက္ပါလို႔ ေျပာခဲ့ဖူးလို႔ ဘက္ခ္ဟမ္းနဲ႔ေဖာက္ျပန္မယ္မွန္း သူမေတြးခဲ့မိဘူး။

တစ္ကမာၻလံုးက သူ႔အ႐ွက္ကို ေလွာင္ရယ္ဖို႔ေစာင့္ေနခ်ိန္မွာ ဗီတိုရီယားက ေအးေဆးတည္ၿငိမ္တဲ့အသြင္နဲ႔ မီဒီယာေ႐ွ႕မွာ “ကၽြန္မ မငိုဘူး။ ကၽြန္မေယာက္်ားကို ကၽြန္မအၿမဲယံုၾကည္တယ္”လို႔ ေျပာခဲ့တယ္။

အိမ္ေထာင္ေရးဆိုတာ ေလွ်ာက္လွမ္းရခက္တဲ့ ခရီးတစ္ခုလို႔ဆိုၾကတယ္။ ျပႆနာအမ်ဳိးမ်ဳိး၊ အခက္အခဲအမ်ဳိးမ်ဳိးနဲ႔ ေတြ႕ႀကံဳခံစားခဲ့ၿပီးမွ လူေတြက ပိုႀကံ့ခိုင္သန္မာလာတတ္ၾကတယ္။

အဲဒီလိုပဲ… အခက္အခဲ ဆင္းရဲဒုကၡနဲ႔ရင္ဆိုင္ေတြ႔ရမွ အမ်ဳိးသမီးနဲ႔ အမ်ဳိးသမီးခ်င္းၾကားက ျခားနားမႈကို ေတြ႔ျမင္ႏိုင္မွာျဖစ္တယ္။ တခ်ဳိ႕အမ်ဳိးသမီးက အခက္အခဲေတြကို တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္တယ္။ တခ်ဳိ႕ကေတာ့ ကိုယ့္ကိုယ္ကိုအ႐ႈံးေပးၿပီး ထြက္ေျပးတယ္။

အသံတိတ္ရင္ဆိုင္ေျဖ႐ွင္းတိုင္း ကိုယ္ဘက္က နစ္နာသြားလို႔ေတာ့ မဟုတ္ဘူး။ သိပ္မၾကာပါဘူး… ဗီတိုရီယားဟာ ဘက္ခ္ဟမ္းနဲ႔တဲြၿပီး စဲြမက္ဖြယ္ပံုအမ်ဳိးမ်ဳိးကို ႐ိုက္ကူးခဲ့တယ္။ ဒါ့အျပင္ တတိယကေလးကို ေမြးဖြားၿပီး ဒီအိမ္ေထာင္ေရးကို ခိုင္မာသထက္ခိုင္မာေစခဲ့တယ္။

တကယ္ေတာ့ ဘက္ခ္ဟမ္းအေပၚ ဗီတိုရီယား နစ္နစ္ကာကာခ်စ္ခဲ့တာပါ။ စိတ္ႏွလံုးသားနဲ႔ ဒီသံေယာဇဥ္ႀကိဳးကို ၿမဲသထက္ၿမဲေအာင္ထိန္းသိမ္းခဲ့တာပါ။ အလုပ္ဘယ္ေလာက္မ်ားမ်ား သူဟာမီးဖိုေခ်ာင္ဝင္တတ္၊ ေယာက္်ားနဲ႔အတူ ေဘာလံုးပဲြၾကည့္တတ္တယ္လို႔ ဆိုတယ္။ ေယာက္်ားခရီးေဝးသြားရင္လည္း မၾကာခဏဖုန္းဆက္ၿပီး ဂ႐ုစိုက္တတ္ခဲ့တယ္။

အဲဒီအျပင္ ဗီတိုရီးယားဟာ မိသားစုကိုအရမ္းခ်စ္တတ္သူအျဖစ္ နာမည္ႀကီးပါတယ္။ တစ္ခါက သူ႔အလုပ္ၿပီးၿပီးခ်င္း ရဟတ္ယာဥ္စီးၿပီး သူ႔သားရဲ႕မိဘဆရာေတြ႔ဆံုမႈပဲြကို သြားခဲ့ေသးတယ္။

ဗီတိုရီးယားဟာ အိမ္ေထာင္ေရးကို ထိန္းထားႏိုင္႐ံုတင္မက စီးပြားေရးမွာလည္း ေအာင္ျမင္သူျဖစ္တယ္။ သူဟာ Spice Girls အဖဲြ႔ထဲမွာ တက္လမ္းအ႐ွိဆံုးသူျဖစ္ခဲ့တယ္။

Spice Girls အဖဲြ႔က မီး႐ွဴးမီးပန္းလို႔ ခဏတြင္းခ်င္းထြက္ေပၚလာၿပီး ခဏတြင္းခ်င္းမွာေပ်ာက္ပ်က္သြားခဲ့တယ္။ အဖဲြ႕ဝင္ေတြကဲြကုန္ခဲ့တယ္။ အဲဒီထဲမွာ ဗီတိုရီးယားတစ္ေယာက္တည္းပဲ အခုခ်ိန္ထိ အႏုပညာလမ္းေပၚမွာ ေလွ်ာက္လွမ္းေနဆဲျဖစ္တယ္။

ဖက္႐ွင္ေလာကမွာလည္း သူဟာ ေနရာတစ္ခုရထားသူျဖစ္တယ္။ ႐ႈိးပဲြႀကီးေတြေလွ်ာက္ခဲ့ဖူးတယ္။ နာမည္ႀကီးတံဆိပ္ေတြကို ေၾကာ္ျငာခဲ့ဖူးတယ္။ သူ႔စတိုင္လ္နဲ႔သူ စဲြစဲြၿမဲၿမဲ႐ွိခဲ့တယ္။ ဥပမာ- ဒူးေအာက္ေရာက္တဲ့ စကပ္တိုမ်ဳိး သူအၿမဲဝတ္တတ္တယ္။

၂ဝဝ၆ခုႏွစ္မွာ David and Victoria Beckham ဆိုတဲ့ တံဆိပ္ကို ဗီတိုရီးယားတည္ေထာင္လိုက္ၿပီး သူကိုယ္တိုင္ ဒီဇိုင္နာလုပ္ေတာ့တယ္။ ေနကာမ်က္မွန္၊ ေရေမႊးနဲ႔ ဂ်င္းထည္ေတြကို ထုတ္လုပ္ခဲ့တယ္။

ဒါက ဘာမွထူးဆန္းတဲ့သတင္းေတာ့ မဟုတ္ခဲ့ပါဘူး။

ကိုယ္ပိုင္တံဆိပ္ထုတ္လုပ္တဲ့ သ႐ုပ္ေဆာင္ေတြ မ်ားလြန္းလွပါတယ္။ နာမည္ႀကီးဒီဇိုင္နာေတြငွားၿပီး ကိုယ္ပိုင္နာမည္နဲ႔ တံဆိပ္ထုတ္တဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးပါပဲ။

ဒါေပမယ့္ ဗီတိုရီးယားက မတူခဲ့ဘူး။ သူက တံဆိပ္ေရာ ဒီဇိုင္းေရာ သူကိုယ္တိုင္လုပ္တယ္။ ေနာက္ပိုင္း VB (Victoria Beckham)ဆိုတဲ့တံဆိပ္တစ္ခုေထာင္ၿပီး အထက္တန္းလႊာဖက္႐ွင္ေတြပဲ သူထြင္ေတာ့တယ္။ ပထမအႀကိမ္ ပစၥည္းသစ္မိတ္ဆက္ပဲြမွာပဲ သူအမွတ္ေကာင္းရခဲ့တယ္။ တခ်ဳိ႕ကလည္း “ဒီေလာက္ က်ပ္တဲ့အဝတ္အစား ဘယ္သူဝတ္မွာတုန္း”ဆိုၿပီး မႀကိဳက္ၾကဘူး။ အဂၤလန္တခ်ဳိ႕က ေစ်းႀကီးလြန္းလို႔ ဘယ္သူ႔မွဝယ္မွာမဟုတ္ဘူးလို႔ ေလွာင္ရယ္ၾကတယ္။

ဗီတိုရီးယားက ျပင္ပေဝဖန္သံေတြကို နားစြင့္တတ္သူပါ။ အရင္တုန္းက သတင္းေထာက္တစ္ေယာက္က သူ႔ကို ရယ္တာမလွဘူးလို႔ ေျပာခဲ့ဖူးလို႔ အဲဒီေနာက္ပိုင္း သူမ်က္ႏွာတည္နဲ႔ပဲ ေနေတာ့တယ္။ မီဒီယာေ႐ွ႕မွာ သူအရယ္နည္းသြားခဲ့တယ္။

ဒါေၾကာင့္ သူ႔ဖက္႐ွင္အေပၚ ျပင္ပရဲ႕ေဝဖန္သံကို သူအေလးထားခဲ့ၿပီး ႀကိဳးစားၿပီး ေကာင္းသထက္ေကာင္းေအာင္ သူျပင္ဆင္ခဲ့တယ္။

အင္တာဗ်ဴးတစ္ခုမွာ သူက “တစ္ခါတုန္းက ကၽြန္မဟာ လူအမ်ားရဲ႕ေလွာင္ရယ္စရာျဖစ္ခဲ့တယ္။ လူေတြ ကၽြန္မကို ေလွာင္ရယ္ေနခ်ိန္မွာ ကၽြန္မသင္ယူေနပါတယ္။ ကၽြန္မအခုလက္႐ွိလုပ္ငန္းအတြက္ လိုအပ္တဲ့အရာေတြကို ကၽြန္မသင္ယူစုေဆာင္းေနခဲ့ပါတယ္”လို႔ ဆိုခဲ့တယ္။

အခုေတာ့ သူဟာႏွစ္စဥ္ႏွစ္တိုင္း လူေတြကို ႐ိုးသားေကာင္းမြန္တဲ့ ထုတ္ကုန္ေတြေပးႏိုင္႐ံုတင္မက အဲဒီလုပ္ငန္းကို ေအာင္ေအာင္ျမင္ျမင္ လုပ္ကိုင္ႏိုင္ခဲ့ပါတယ္။ သူ႔ဝင္ေငြက သူ႔ေယာက္်ားဘက္ခ္ဟမ္းထက္ေတာင္ ပိုမ်ားေနခဲ့လို႔ သူတို႔ႏွစ္ေယာက္ေပါင္းရဲ႕ဥစၥာပစၥည္းက အဂၤလန္ဘုရင္မထက္ေတာင္ ပိုေသးတယ္လို႔ ဆိုစမွတ္႐ွိခဲ့ဖူးပါတယ္။

ဒီလို အဖက္ဖက္ကျပည့္စံုခ်မ္းသာေနတာေတာင္ ဗီတိုရီးယားဟာ မနက္ ၆နာရီမွာ အိပ္ရာထတဲ့အက်င့္ကို ျပဳလုပ္ေနဆဲျဖစ္တယ္။ အိပ္ရာထ၊ ကိုယ္လက္လႈပ္႐ွားမႈလုပ္၊ အလုပ္လုပ္၊ ဆိုင္ေတြလိုက္ၾကည့္၊ ခရီးသြား၊ ကေလးေတြကို ျပဳစုေစာင့္ေ႐ွာက္နဲ႔ ဆိုင္အသစ္အတြက္ သူကိုယ္တိုင္သြားေရာက္ ျပင္ဆင္ခဲ့ပါေသးတယ္။

ဒါဟာ ကိုယ္ဟာဘယ္လိုလူစားမ်ဳိးျဖစ္တယ္ဆိုတာကို မီဒီယာအားမကိုးဘဲ ကိုယ့္အားကိုယ္ကိုးၿပီး သက္ေသျပလိုက္တာပဲျဖစ္တယ္။

New York Fashion Week မွာ ဒီတစ္ေႏြရဲ႕ VB က ဆက္လက္ေအာင္ပဲြခံခဲ့ပါတယ္။ ဒီပဲြမွာေတာ့ ဗီတိုရီယားက အရင္ပံုစံနဲ႔ မတူခဲ့ပါဘူး။ ေဒါက္ဖိနပ္အျမင့္ႀကီးအစား ေပါ့ပါးတဲ့ stan smith ဖိနပ္နဲ႔ သူပဲြတက္ခဲ့တယ္။

အင္တာဗ်ဴးတစ္ခုမွာ သူေျပာခဲ့ဖူးသလိုေပါ့.. “အရင္တုန္းက လူေတြၾကားမွာထင္းလင္းေနေအာင္ ကၽြန္မကိုယ္ကၽြန္မဝတ္ဆင္ခဲ့တယ္။ အခုေတာ့ လြတ္လပ္ေပါ့ပါးၿပီး ကိုယ့္ကိုယ္ကို သက္ေတာင့္သက္သာ႐ွိေစတာကိုပဲ ကၽြန္မႏွစ္သက္ေတာ့တယ္”။

လူဟာ အသက္အ႐ြယ္တစ္ခုကို ေရာက္လာတဲ့အခါ အျပင္ပန္းအလွ၊ ဥစၥာပစၥည္းေတြနဲ႔ ကိုယ့္ကိုယ္ကိုသက္ေသျပဖို႔ မလိုအပ္ေတာ့ပါဘူး။ မိမိကိုယ္ကိုယ္ယံုၾကည္မႈ႐ွိတဲ့ အမ်ဳိးသမီးကမွ ကိုယ့္တစ္သက္ကို ထြန္းေတာက္႐ွင္သန္ႏိုင္မွာျဖစ္ပါတယ္။


ႏိုင္းႏိုင္းစေန (Feb.25. 2016)

.........................................................

လူတွေ အကောင်းမမြင်တဲ့သူအဖြစ်ကနေ လူတကာအားကျတဲ့ အောင်မြင်သူဖြစ်အောင် ဒီနှစ်တွေအတွင်း ဗီတိုရီးယား ဘာတွေများပြောင်းလဲခဲ့သလဲလို့ လူအများက သိချင်နေကြပါလိမ့်မယ်။

ဇာတ်လမ်းကို ဟိုးသူ့ငယ်ဘဝကနေ စပြောရပါလိမ့်မယ်….

ဗီတိုရီးယားက ချမ်းသာကြွယ်ဝတဲ့မိသားစုက ဆင်းသက်လာသူဖြစ်တယ်။ ကျောင်းတက်စအရွယ်တည်းက Rolls-Royce ကားစီးပြီး ကျောင်းတက်ခဲ့သူဖြစ်တယ်။

ကျောင်းမှာက ပိုက်ဆံချမ်းသာပြီး အလှအပမက်ရင် အပယ်ခံရတတ်ပါတယ်။ ဒါကြောင့် သူဟာ ကျောင်းသားအများရဲ့ လျစ်လျူရှုတာကို ခံခဲ့ရတယ်။ ဘယ်သူမှ သူနဲ့အတူ တစ်ခုံတည်းမထိုင်ချင်ခဲ့ကြဘူး။

သူဟာ ငယ်ရွယ်စဉ်ကတည်းက အနုပညာအသိုင်းအဝိုင်းထဲဝင်ဖို့ ကြိုးစားခဲ့တယ်။ အသက် ၁၉နှစ်မှာတော့ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တဲ့ နာမည်ကြီး Spice Girls အဖွဲ့ထဲ သူပါဝင်ခဲ့ပြီးနောက် နာမည်ရစပြုလာခဲ့တယ်။

အဲဒီအဖွဲ့ထဲမှာ သူ့နာမည်က Posh ဖြစ်တယ်။ အဓိပ္ပာယ်က အထက်တန်းလွှာ၊ ကြော့မော့ တန်ဖိုးကြီးတာဖြစ်တယ်။

တစ်ခေတ်တစ်ခါမှာ Spice Girls က အရမ်းထင်ရှားကျော်ကြားခဲ့တယ်။ ပါဝင်သူတွေလည်း ကြိုးစားခဲ့ကြတယ်။ ဆက်စီကျတဲ့နေရာမှာတော့ ဒီကနေ့ ကိုရီးယားအဆိုတော်အမျိုးသမီးအဖွဲ့တွေထက်တောင် သာပါတယ်။

ဒေးဗစ်ဘက်ခ်ဟမ်းက တီဗီပေါ်မှာ Spice Girls အဖွဲ့ကိုမြင်လိုက်တာနဲ့ ဗီတိုရီးယားကို ချစ်မိသွားခဲ့တယ်။ အဲဒီနောက် ပါတီတစ်ခုမှာ သူရဲ့အချစ်ဘုရင်မ ဗီတိုရီးယားနဲ့ မမျှော်လင့်ဘဲသူဆုံခဲ့တယ်။ သူ့ဖုန်းနံပါတ်ကို ဗီတိုရီးယားက အရင်တောင်းလိုက်မယ်လို့ သူထင်မထားခဲ့မိဘူး။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ သူတို့ချစ်ကြိုက်သွားခဲ့ကြတယ်။

သူတို့က သူဌေးသမီးနဲ့ဆင်းရဲသား အချစ်ပုံပြင်ထဲကအတိုင်းပဲ။ အဲဒီတုန်းက ဘက်ခ်ဟမ်းနာမည်မရှိသေးဘူး။ သူ့အမေက ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်တယ်။ ဗီတိုရီးယားက နာမည်ကြီးတဲ့အဆိုတော်ဖြစ်နေပြီ။ ပြီးတော့ ကုမ္ပဏီလည်းဖွင့်ထားသေးတယ်။

အဲဒီတုန်းက ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ပိုင်ဆိုင်မှုကို ဗီတိုရီးယား မမက်ခဲ့ပါဘူး။ ဘက်ခ်ဟမ်းနဲ့မတွေ့ခင်တုန်းက သူ နှစ်ခါစေ့စပ်ခဲ့ဖူးတယ်။ အချစ် တာရှည်မခိုင်ခဲ့ဘူး။ ဘက်ခ်ဟမ်းနဲ့တွေ့မှ သူ့အချစ်ခရီးလမ်းက ရှည်သွားတယ်။ အော်… သူတို့က ကလေးမွေးပြီးမှ မင်္ဂလာဆောင်ကြတာပါ။

မင်္ဂလာဆောင်ပြီးတဲ့နောက် ဘက်ခ်ဟမ်းရဲ့အလုပ်အကိုင်တော်တော်များများကို ဗီတိုရီးယားကူညီခဲ့တယ်။ အဓိက အရေးပါတဲ့အရာက တောသားပုံပေါက်နေတဲ့ ကိုယ့်ယောက်ျားဘောလုံးသမားကို အမျိုးသမီးထုရင်ထဲကမင်းသားအဖြစ် သူပြောင်းလိုက်တာပါပဲ။

ပြောစကားအရ သူတို့နှစ်ယောက်ချိန်းတွေ့စက ဘက်ခ်ဟမ်းက အီတလီနာမည်ကြီးတံဆိပ် Versace ဝယ်ဝတ်သတဲ့။ အဲဒီမတိုင်ခင်တုန်းက Versace ဆိုတာ ဘာမှန်းတောင် ဘက်ခ်ဟမ်းသိတာ မဟုတ်ဘူး။ Versace ဆိုတာ ဘောလုံးသမားတစ်ယောက်ရဲ့နာမည်လို့ပဲ သူထင်ခဲ့တာ။

နောက် ဗီတိုရီးယားကပြောသေးတယ်။ ဒေးဗစ်ဘက်ခ်ဟမ်းက ဘာဖြစ်လို့ ခါးပတ်ကို အမြင့်ကြီးတက်ပတ်ထားမှန်း မသိဘူးတဲ့။ ဘက်ခ်ဟမ်းရဲ့ တောကျပုံကို ပြောပါတယ်။

နှစ်ယောက်အတူနေပြီးနောက် ဘက်ခ်ဟမ်းရဲ့ ဝတ်စားဆင်ယင်ပုံကို ဗီတိုရီးယားတာဝန်ယူတော့တယ်။ အခုချိန်မှာတော့ ဘက်ခ်ဟမ်းဟာ ကိုယ့်ပုံရိပ်ကိုဂရုမစိုက်တဲ့ ကြမ်းကြမ်းတမ်းတမ်းယောက်ျားတစ်ယောက် မဟုတ်တော့ဘူး။ ကိုယ့်စတိုင်လ်အတွက် ငွေကုန်ကြေးကျခံနိုင်တဲ့ boy တစ်ယောက်ဖြစ်သွားပြီ။ သူဆံပင်တစ်ခါညှပ်ရင် စတာလင်ပေါင်ရာကျော်ကုန်တယ်ဆိုပဲ။

ဗီတိုရီးယားက သူ့ယောက်ျားဘက်ခ်ဟမ်းကို 007ဂျိုင်းစဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်တဲ့။ သူ့ယောက်ျားအတွက် သူတော်တော်အပင်ပန်းခံခဲ့တယ်။

လူတစ်ယောက်ကို ထိန်းလွန်းရင်လည်း ကောင်းတာမဟုတ်ဘူး။ တစ်နေ့မှာ ဘက်ခ်ဟမ်းက သူ့လက်ထောက်အမျိုးသမီးတစ်ယောက်နဲ့ အီစီကလီရိုက်နေကြောင်းကို မီဒီယာတွေက ဖော်လိုက်တယ်။

တကယ်တော့ လင်မယားအချင်းချင်း အမြင်မတူလို့ ဗီတိုရီးယားက ဘက်ခ်ဟမ်းကို စပိန်မှာတစ်ယောက်တည်း ပစ်ထားခဲ့တာ။ တစ်ယောက်တည်းနေရတော့ စိတ်လေပြီပေါ့။ အဲဒီမှာ အကွက်စောင့်နေတဲ့သူနဲ့တိုးတော့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတာပေါ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗီတိုရီးယား အကြီးအကျယ်စိတ်ဓာတ်ကျသွားခဲ့တယ်။ လက်ထောက်အမျိုးသမီးက သူဟာလိင်တူတစ်ယောက်ပါလို့ ပြောခဲ့ဖူးလို့ ဘက်ခ်ဟမ်းနဲ့ဖောက်ပြန်မယ်မှန်း သူမတွေးခဲ့မိဘူး။

တစ်ကမ္ဘာလုံးက သူ့အရှက်ကို လှောင်ရယ်ဖို့စောင့်နေချိန်မှာ ဗီတိုရီယားက အေးဆေးတည်ငြိမ်တဲ့အသွင်နဲ့ မီဒီယာရှေ့မှာ “ကျွန်မ မငိုဘူး။ ကျွန်မယောက်ျားကို ကျွန်မအမြဲယုံကြည်တယ်”လို့ ပြောခဲ့တယ်။

အိမ်ထောင်ရေးဆိုတာ လျှောက်လှမ်းရခက်တဲ့ ခရီးတစ်ခုလို့ဆိုကြတယ်။ ပြဿနာအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးနဲ့ တွေ့ကြုံခံစားခဲ့ပြီးမှ လူတွေက ပိုကြံ့ခိုင်သန်မာလာတတ်ကြတယ်။

အဲဒီလိုပဲ… အခက်အခဲ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်တွေ့ရမှ အမျိုးသမီးနဲ့ အမျိုးသမီးချင်းကြားက ခြားနားမှုကို တွေ့မြင်နိုင်မှာဖြစ်တယ်။ တချို့အမျိုးသမီးက အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တယ်။ တချို့ကတော့ ကိုယ့်ကိုယ်ကိုအရှုံးပေးပြီး ထွက်ပြေးတယ်။

အသံတိတ်ရင်ဆိုင်ဖြေရှင်းတိုင်း ကိုယ်ဘက်က နစ်နာသွားလို့တော့ မဟုတ်ဘူး။ သိပ်မကြာပါဘူး… ဗီတိုရီယားဟာ ဘက်ခ်ဟမ်းနဲ့တွဲပြီး စွဲမက်ဖွယ်ပုံအမျိုးမျိုးကို ရိုက်ကူးခဲ့တယ်။ ဒါ့အပြင် တတိယကလေးကို မွေးဖွားပြီး ဒီအိမ်ထောင်ရေးကို ခိုင်မာသထက်ခိုင်မာစေခဲ့တယ်။

တကယ်တော့ ဘက်ခ်ဟမ်းအပေါ် ဗီတိုရီယား နစ်နစ်ကာကာချစ်ခဲ့တာပါ။ စိတ်နှလုံးသားနဲ့ ဒီသံယောဇဉ်ကြိုးကို မြဲသထက်မြဲအောင်ထိန်းသိမ်းခဲ့တာပါ။ အလုပ်ဘယ်လောက်များများ သူဟာမီးဖိုချောင်ဝင်တတ်၊ ယောက်ျားနဲ့အတူ ဘောလုံးပွဲကြည့်တတ်တယ်လို့ ဆိုတယ်။ ယောက်ျားခရီးဝေးသွားရင်လည်း မကြာခဏဖုန်းဆက်ပြီး ဂရုစိုက်တတ်ခဲ့တယ်။

အဲဒီအပြင် ဗီတိုရီးယားဟာ မိသားစုကိုအရမ်းချစ်တတ်သူအဖြစ် နာမည်ကြီးပါတယ်။ တစ်ခါက သူ့အလုပ်ပြီးပြီးချင်း ရဟတ်ယာဉ်စီးပြီး သူ့သားရဲ့မိဘဆရာတွေ့ဆုံမှုပွဲကို သွားခဲ့သေးတယ်။

ဗီတိုရီးယားဟာ အိမ်ထောင်ရေးကို ထိန်းထားနိုင်ရုံတင်မက စီးပွားရေးမှာလည်း အောင်မြင်သူဖြစ်တယ်။ သူဟာ Spice Girls အဖွဲ့ထဲမှာ တက်လမ်းအရှိဆုံးသူဖြစ်ခဲ့တယ်။

Spice Girls အဖွဲ့က မီးရှူးမီးပန်းလို့ ခဏတွင်းချင်းထွက်ပေါ်လာပြီး ခဏတွင်းချင်းမှာပျောက်ပျက်သွားခဲ့တယ်။ အဖွဲ့ဝင်တွေကွဲကုန်ခဲ့တယ်။ အဲဒီထဲမှာ ဗီတိုရီးယားတစ်ယောက်တည်းပဲ အခုချိန်ထိ အနုပညာလမ်းပေါ်မှာ လျှောက်လှမ်းနေဆဲဖြစ်တယ်။

ဖက်ရှင်လောကမှာလည်း သူဟာ နေရာတစ်ခုရထားသူဖြစ်တယ်။ ရှိုးပွဲကြီးတွေလျှောက်ခဲ့ဖူးတယ်။ နာမည်ကြီးတံဆိပ်တွေကို ကြော်ငြာခဲ့ဖူးတယ်။ သူ့စတိုင်လ်နဲ့သူ စွဲစွဲမြဲမြဲရှိခဲ့တယ်။ ဥပမာ- ဒူးအောက်ရောက်တဲ့ စကပ်တိုမျိုး သူအမြဲဝတ်တတ်တယ်။

၂ဝဝ၆ခုနှစ်မှာ David and Victoria Beckham ဆိုတဲ့ တံဆိပ်ကို ဗီတိုရီးယားတည်ထောင်လိုက်ပြီး သူကိုယ်တိုင် ဒီဇိုင်နာလုပ်တော့တယ်။ နေကာမျက်မှန်၊ ရေမွှေးနဲ့ ဂျင်းထည်တွေကို ထုတ်လုပ်ခဲ့တယ်။

ဒါက ဘာမှထူးဆန်းတဲ့သတင်းတော့ မဟုတ်ခဲ့ပါဘူး။

ကိုယ်ပိုင်တံဆိပ်ထုတ်လုပ်တဲ့ သရုပ်ဆောင်တွေ များလွန်းလှပါတယ်။ နာမည်ကြီးဒီဇိုင်နာတွေငှားပြီး ကိုယ်ပိုင်နာမည်နဲ့ တံဆိပ်ထုတ်တဲ့ သရုပ်ဆောင်တွေ အများကြီးပါပဲ။

ဒါပေမယ့် ဗီတိုရီးယားက မတူခဲ့ဘူး။ သူက တံဆိပ်ရော ဒီဇိုင်းရော သူကိုယ်တိုင်လုပ်တယ်။ နောက်ပိုင်း VB (Victoria Beckham)ဆိုတဲ့တံဆိပ်တစ်ခုထောင်ပြီး အထက်တန်းလွှာဖက်ရှင်တွေပဲ သူထွင်တော့တယ်။ ပထမအကြိမ် ပစ္စည်းသစ်မိတ်ဆက်ပွဲမှာပဲ သူအမှတ်ကောင်းရခဲ့တယ်။ တချို့ကလည်း “ဒီလောက် ကျပ်တဲ့အဝတ်အစား ဘယ်သူဝတ်မှာတုန်း”ဆိုပြီး မကြိုက်ကြဘူး။ အင်္ဂလန်တချို့က စျေးကြီးလွန်းလို့ ဘယ်သူ့မှဝယ်မှာမဟုတ်ဘူးလို့ လှောင်ရယ်ကြတယ်။

ဗီတိုရီးယားက ပြင်ပဝေဖန်သံတွေကို နားစွင့်တတ်သူပါ။ အရင်တုန်းက သတင်းထောက်တစ်ယောက်က သူ့ကို ရယ်တာမလှဘူးလို့ ပြောခဲ့ဖူးလို့ အဲဒီနောက်ပိုင်း သူမျက်နှာတည်နဲ့ပဲ နေတော့တယ်။ မီဒီယာရှေ့မှာ သူအရယ်နည်းသွားခဲ့တယ်။

ဒါကြောင့် သူ့ဖက်ရှင်အပေါ် ပြင်ပရဲ့ဝေဖန်သံကို သူအလေးထားခဲ့ပြီး ကြိုးစားပြီး ကောင်းသထက်ကောင်းအောင် သူပြင်ဆင်ခဲ့တယ်။

အင်တာဗျူးတစ်ခုမှာ သူက “တစ်ခါတုန်းက ကျွန်မဟာ လူအများရဲ့လှောင်ရယ်စရာဖြစ်ခဲ့တယ်။ လူတွေ ကျွန်မကို လှောင်ရယ်နေချိန်မှာ ကျွန်မသင်ယူနေပါတယ်။ ကျွန်မအခုလက်ရှိလုပ်ငန်းအတွက် လိုအပ်တဲ့အရာတွေကို ကျွန်မသင်ယူစုဆောင်းနေခဲ့ပါတယ်”လို့ ဆိုခဲ့တယ်။

အခုတော့ သူဟာနှစ်စဉ်နှစ်တိုင်း လူတွေကို ရိုးသားကောင်းမွန်တဲ့ ထုတ်ကုန်တွေပေးနိုင်ရုံတင်မက အဲဒီလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ခဲ့ပါတယ်။ သူ့ဝင်ငွေက သူ့ယောက်ျားဘက်ခ်ဟမ်းထက်တောင် ပိုများနေခဲ့လို့ သူတို့နှစ်ယောက်ပေါင်းရဲ့ဥစ္စာပစ္စည်းက အင်္ဂလန်ဘုရင်မထက်တောင် ပိုသေးတယ်လို့ ဆိုစမှတ်ရှိခဲ့ဖူးပါတယ်။

ဒီလို အဖက်ဖက်ကပြည့်စုံချမ်းသာနေတာတောင် ဗီတိုရီးယားဟာ မနက် ၆နာရီမှာ အိပ်ရာထတဲ့အကျင့်ကို ပြုလုပ်နေဆဲဖြစ်တယ်။ အိပ်ရာထ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်၊ အလုပ်လုပ်၊ ဆိုင်တွေလိုက်ကြည့်၊ ခရီးသွား၊ ကလေးတွေကို ပြုစုစောင့်ရှောက်နဲ့ ဆိုင်အသစ်အတွက် သူကိုယ်တိုင်သွားရောက် ပြင်ဆင်ခဲ့ပါသေးတယ်။

ဒါဟာ ကိုယ်ဟာဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို မီဒီယာအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး သက်သေပြလိုက်တာပဲဖြစ်တယ်။

New York Fashion Week မှာ ဒီတစ်နွေရဲ့ VB က ဆက်လက်အောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲမှာတော့ ဗီတိုရီယားက အရင်ပုံစံနဲ့ မတူခဲ့ပါဘူး။ ဒေါက်ဖိနပ်အမြင့်ကြီးအစား ပေါ့ပါးတဲ့ stan smith ဖိနပ်နဲ့ သူပွဲတက်ခဲ့တယ်။

အင်တာဗျူးတစ်ခုမှာ သူပြောခဲ့ဖူးသလိုပေါ့.. “အရင်တုန်းက လူတွေကြားမှာထင်းလင်းနေအောင် ကျွန်မကိုယ်ကျွန်မဝတ်ဆင်ခဲ့တယ်။ အခုတော့ လွတ်လပ်ပေါ့ပါးပြီး ကိုယ့်ကိုယ်ကို သက်တောင့်သက်သာရှိစေတာကိုပဲ ကျွန်မနှစ်သက်တော့တယ်”။

လူဟာ အသက်အရွယ်တစ်ခုကို ရောက်လာတဲ့အခါ အပြင်ပန်းအလှ၊ ဥစ္စာပစ္စည်းတွေနဲ့ ကိုယ့်ကိုယ်ကိုသက်သေပြဖို့ မလိုအပ်တော့ပါဘူး။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးကမှ ကိုယ့်တစ်သက်ကို ထွန်းတောက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။


နိုင်းနိုင်းစနေ (Feb.25. 2016)
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment