အီရန္ ေရြးေကာက္ပြဲ မွာ ျပဳျပင္ေရးဝါဒီေတြ ေနရာပိုရလာ (အီရန် ရွေးကောက်ပွဲ မှာ ပြုပြင်ရေးဝါဒီတွေ နေရာပိုရလာ )

 ဒီ ပါလီမန္ ေရြးေကာက္ပြဲရဲ့ ရလာဒ္ဟာ လာမယ့္ ၂၀၁၇ သမၼတ ေရြးေကာက္ပြဲ က်ရင္ သမၼတ ႐ူဟာနီ ျပန္လည္ အေရြးအေကာက္ ခံရ နိုင္လား ဆိုတဲ့ အေပၚ အမ်ားႀကီး သက္ေရာက္မွု ရွိနိုင္ ပါတယ္။
အီရန္ ပါလီမန္ ေရြးေကာက္ပြဲ ကေန ကနဦး ထြက္ေပၚ လာတဲ့ ရလာဒ္ ေတြ အရ သမၼတ ဟာဆန္း ႐ူဟာနီ ကို ေထာက္ ခံၾကတဲ့ ျပဳျပင္ ေျပာင္းလဲေရး လိုလားသူ ေတြ ဟာ ၿပိဳင္ဘက္ ေရွးရိုးစြဲ ေတြ ထက္ သိသိသာသာ ေနရာရ လာၾက ပါတယ္။

ၿမိဳ႕ေတာ္ တဟီရန္ရဲ့ မဲဆႏၵနယ္ အားလုံး နီးပါးမွာ ျပဳျပင္ေရးဝါဒီ ေတြ အနိုင္ ရနိုင္ေၿခ ရွိပါတယ္။

ဒါေပမယ့္ နိုင္ငံ တဝွမ္း က ၿမိဳ႕ငယ္ ေတြ မွာေတာ့ ေရွးရိုးစြဲ ေတြ လႊမ္းမိုးမယ့္ မဲဆႏၵနယ္ ေတြလည္း ရွိေနပါတယ္။

အခု အီရန္ ပါလီမန္ ေရြးေကာက္ပြဲဟာ သူ႔အစိုးရ ကို ပိုၿပီး အင္အား ေကာင္းလာေစတယ္ လို႔ သမၼတ ႐ူဟာနီ က ေျပာပါတယ္။

ေရြးေကာက္ပြဲ အတြင္း မဲဆႏၵရွင္ေတြဟာ အီရန္ မွာ ဩဇာ အေညာင္းဆုံး အတိုင္ပင္ခံ ကၽြမ္းက်င္သူမ်ား လႊတ္ေတာ္ ဆိုတဲ့ ဘာသာေရး ဦးေဆာင္ အဖြဲ႕ ရဲ့ ေနရာ ၈၈ ေနရာ အတြက္ပါ မဲေပး ခဲ့ၾကရတာ ျဖစ္ပါတယ္။

အီရန္ ရဲ့ အထြဋ္အထိပ္ ေခါင္းေဆာင္ ေနရာကို ခန္႔အပ္ နိုင္တဲ့ အဲဒီ့ ဘာသာေရး ဦးေဆာင္ အဖြဲ႕ ထဲ ပါဝင္ နိုင္ဖို႔ အတြက္ လက္ရွိ သမၼတ ႐ူဟာနီ နဲ႔ သမၼတ အကၠဘာ ဟာရွီမီ ရက္ဖ္ဆန္ဂ်ာနီ တို႔ အေျခအေန ေကာင္းေနပါတယ္။

ဒီေရြးေကာက္ပြဲဟာ အီရန္ ရဲ့ န်ဴကလီယာ အစီအစဥ္ နဲ႔ ပတ္သက္ၿပီး ကမၻာ့ အင္အားႀကီး နိုင္ငံေတြ နဲ႔ အၾကား သေဘာတူမွု ရရွိ ခဲ့ၿပီးတဲ့ ေနာက္ အီရန္ မွာ ပထမဆုံး အႀကိမ္ က်င္းပ လာတဲ့ ေရြးေကာက္ပြဲ ျဖစ္ပါတယ္။

ဒီ ပါလီမန္ ေရြးေကာက္ပြဲရဲ့ ရလာဒ္ဟာ လာမယ့္ ၂၀၁၇ သမၼတ ေရြးေကာက္ပြဲ က်ရင္ သမၼတ ႐ူဟာနီ ျပန္လည္ အေရြးအေကာက္ ခံရ နိုင္လား ဆိုတဲ့ အေပၚ အမ်ားႀကီး သက္ေရာက္မွု ရွိနိုင္ ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..........

 ဒီ ပါလီမန် ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ လာမယ့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲ ကျရင် သမ္မတ ရူဟာနီ ပြန်လည် အရွေးအကောက် ခံရ နိုင်လား ဆိုတဲ့ အပေါ် အများကြီး သက်ရောက်မှု ရှိနိုင် ပါတယ်။
အီရန် ပါလီမန် ရွေးကောက်ပွဲ ကနေ ကနဦး ထွက်ပေါ် လာတဲ့ ရလာဒ် တွေ အရ သမ္မတ ဟာဆန်း ရူဟာနီ ကို ထောက် ခံကြတဲ့ ပြုပြင် ပြောင်းလဲရေး လိုလားသူ တွေ ဟာ ပြိုင်ဘက် ရှေးရိုးစွဲ တွေ ထက် သိသိသာသာ နေရာရ လာကြ ပါတယ်။

မြို့တော် တဟီရန်ရဲ့ မဲဆန္ဒနယ် အားလုံး နီးပါးမှာ ပြုပြင်ရေးဝါဒီ တွေ အနိုင် ရနိုင်ခြေ ရှိပါတယ်။

ဒါပေမယ့် နိုင်ငံ တဝှမ်း က မြို့ငယ် တွေ မှာတော့ ရှေးရိုးစွဲ တွေ လွှမ်းမိုးမယ့် မဲဆန္ဒနယ် တွေလည်း ရှိနေပါတယ်။

အခု အီရန် ပါလီမန် ရွေးကောက်ပွဲဟာ သူ့အစိုးရ ကို ပိုပြီး အင်အား ကောင်းလာစေတယ် လို့ သမ္မတ ရူဟာနီ က ပြောပါတယ်။

ရွေးကောက်ပွဲ အတွင်း မဲဆန္ဒရှင်တွေဟာ အီရန် မှာ ဩဇာ အညောင်းဆုံး အတိုင်ပင်ခံ ကျွမ်းကျင်သူများ လွှတ်တော် ဆိုတဲ့ ဘာသာရေး ဦးဆောင် အဖွဲ့ ရဲ့ နေရာ ၈၈ နေရာ အတွက်ပါ မဲပေး ခဲ့ကြရတာ ဖြစ်ပါတယ်။

အီရန် ရဲ့ အထွဋ်အထိပ် ခေါင်းဆောင် နေရာကို ခန့်အပ် နိုင်တဲ့ အဲဒီ့ ဘာသာရေး ဦးဆောင် အဖွဲ့ ထဲ ပါဝင် နိုင်ဖို့ အတွက် လက်ရှိ သမ္မတ ရူဟာနီ နဲ့ သမ္မတ အက္ကဘာ ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ တို့ အခြေအနေ ကောင်းနေပါတယ်။

ဒီရွေးကောက်ပွဲဟာ အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ နဲ့ အကြား သဘောတူမှု ရရှိ ခဲ့ပြီးတဲ့ နောက် အီရန် မှာ ပထမဆုံး အကြိမ် ကျင်းပ လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဒီ ပါလီမန် ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ လာမယ့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲ ကျရင် သမ္မတ ရူဟာနီ ပြန်လည် အရွေးအကောက် ခံရ နိုင်လား ဆိုတဲ့ အပေါ် အများကြီး သက်ရောက်မှု ရှိနိုင် ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment