ISIS အဖွဲ့က အီရတ်ပြည်သူများကို တိုက်ခိုက်ရာတွင် တားမြစ်ဓာတုပစ္စည်း အသုံးပြုခဲ့ကြောင်း တွေ့ရှိ (ISIS အဖှဲ့က အီရတ်ပြည်သူများကို တိုက်ခိုက်ရာတွင် တားမြစ်ဓာတုပစ္စည်း အသုံးပြုခဲ့ကြောင်း တွေ့ရှိ )


ဘဂ္ဂဒက် ၊ ၂၆-၂-၂၀၁၆


အဆိုပါ ဓာတုပစ္စည်း များသည် ကုလသမဂ္ဂက အန္တရာယ်ရှိသော အရာဝတ္ထု အဖြစ် သတ်မှတ် ထားသည့် Vinyltrichlorosilane ဖြစ်ကြောင်း ဒေသတွင်း လုံခြုံရေး တပ်ဖွဲ့မှ အရာရှိတစ်ဦး က ပြောကြားသည်။


အဆိုပါ ဓာတုပစ္စည်း များကို ISIS အကြမ်းဖက် အဖွဲ့က ခြောက်လကြာ ထိန်းချုပ်ခဲ့သည့် အန်ဘာပြည်နယ် ရာမာဒီမြို့ အနောက်ပိုင်းရှိ စက်မှုဇုန် တစ်ခု၏ ကုန်ပစ္စည်း သိုလှောင်ရုံတွင် ဒေသတွင်း လုံခြုံရေး တပ်ဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယင်း ဓာတုပစ္စည်း များနှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို အီရတ် စစ်ဘက်က လုံခြုံ စိတ်ချရသော နေရာသို့ ရွှေ့ပြောင်း ထားပြီး ဖြစ်ကြောင်း သိရသည်။

PyiChitThar
...............


ဘဂ္ဂဒက် ၊ ၂၆-၂-၂၀၁၆

အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ISIS အကြမ်းဖက် အဖွဲ့က အီရတ်ပြည်သူ များနှင့် တပ်ဖွဲ့ဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက် ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရာ နေရာကို အန်ဘာပြည်နယ် တွင် တွေ့ရှိခဲ့ကြောင်း Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြ ထားသည်။

အဆိုပါ ဓာတုပစ္စည်း များသည် ကုလသမဂ္ဂက အန္တရာယ်ရှိသော အရာဝတ္ထု အဖြစ် သတ်မှတ် ထားသည့် Vinyltrichlorosilane ဖြစ်ကြောင်း ဒေသတွင်း လုံခြံုရေး တပ်ဖွဲ့မှ အရာရှိတစ်ဦး က ပြောကြားသည်။

Vinyltrichlorosilane  ဓာတုပစ္စည်းသည် အရေပြားကို စားပြီး မျက်စိနှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည်။ ထို့ပြင် တစ်သျှူးများ ပျက်စီးခြင်း၊ အရေပြား လောင်ကျွမ်းခြင်း၊ မျက်စိ အလင်းကွယ် ခြင်းနှင့် ၄င်းနှင့် အလွန်အကျွံ ထိတွေ့ရပါက အပြင်းအထန် ဖျားနာပြီး အသက်သေဆုံး သည်အထိ ဖြစ်ပေါ် စေနိုင်သည်။

အဆိုပါ ဓာတုပစ္စည်း များကို ISIS အကြမ်းဖက် အဖွဲ့က ခြောက်လကြာ ထိန်းချုပ်ခဲ့သည့် အန်ဘာပြည်နယ် ရာမာဒီမြို့ အနောက်ပိုင်းရှိ စက်မှုဇုန် တစ်ခု၏ ကုန်ပစ္စည်း သိုလှောင်ရုံတွင် ဒေသတွင်း လုံခြံုရေး တပ်ဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယင်း ဓာတုပစ္စည်း များနှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို အီရတ် စစ်ဘက်က လုံခြံု စိတ်ချရသော နေရာသို့ ရွှေ့ပြောင်း ထားပြီး ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment