ဒဏ္ရာရထားတဲ့ ၾကက္တူေရြးကို 3D ပရင္တာထုတ္ ႏႈတ္သီးအစားထုိး တပ္ဆင္ေပးခဲ့



တိရစာၦန္ျပဳစုေစာင့္ေရွာက္ ကုသေရးအဖြြဲ႔တစ္ဖြဲ႔နဲ႔ 3D ပရင့္ထုတ္လုပ္ ကြ်မ္းက်င္သူေတြဟာ ဘရာဇီးႏိုုင္ငံရွိ ဒဏ္ရာရရွိေနတဲ့ ၾကက္တူေရြးေလးတစ္ေကာင္ကို တိုင္ေတနီယမ္ႏႈတ္သီးေလး ေအာင္ျမင္စြာ တပ္ဆင္ကုုသေပးႏိုင္ခဲ့ပါတယ္။

Gigi လို႔ေခၚတဲ့ ၾကက္တူေရြးေလးကို Sao Paulo ရွိ  Animal Care Center Ipiranga ကို ေခၚလာခဲ့ၿပီး ႏႈတ္သီးမွာ ဒဏ္ရာရေနတဲ့အတြက္ အစာမာမာေတြစားလို႔႔မရခဲ့ပါဘူး။

သူ႔ကို ေဆးရံုတင္ထားေပးၿပီး ခြဲစိတ္ဆရာ၀န္ Roberto Fecchio ၊ မ်က္ႏွာျပန္လည္ကုသေရးဆိုင္ရာ ကြ်မ္းက်င္ပညာရွင္ Cicero Moraes နဲ႔ သြားဆရာ၀န္ Paul Miamoto တို႔က ပူးေပါင္းကုသေပးခဲ့ၾကတာ ျဖစ္ပါသတဲ့။

3D ဒီဇိုင္နာလည္းျဖစ္တဲ့ Moraes ကေတာ့ သူ႔တို႔အဖြဲ႔ရဲ႕ႀကိဳးစားအားထုတ္မႈေတြအေၾကာင္း Facebook မွာ ဓါတ္ပံုေတြ ေ၀မွ်ေဖာ္ျပခဲ့ပါတယ္။

Gigi ရဲ႕ 3D-printed တိုင္ေတနီယမ္ ႏႈတ္သီးေလးမွာ အေရာင္စံုေက်ာက္ေလးေတြနဲ႔လည္း အလွဆင္ေပးထားပါေသးတယ္။
Moraes ကေတာ့ ဒီလို ၾကက္တူေရြးေလးတစ္ေကာင္ကို ေအာင္ေအာင္ျမင္ျမင္ 3D-printed ႏႈတ္သီးအစားထိုး တပ္ဆင္ေပးႏိုင္တာ ဒါပထမဦးဆံုးပါပဲလို႔ ဆိုပါတယ္။

( Michelle )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

..........................................

ဒဏ်ရာရထားတဲ့ ကြက်တူရွေးကို 3D ပရင်တာထုတ် နှုတ်သီးအစားထိုး တပ်ဆင်ပေးခဲ့


တိရစ္ဆာန်ပြုစုစောင့်ရှောက် ကုသရေးအဖွွဲ့တစ်ဖွဲ့နဲ့ 3D ပရင့်ထုတ်လုပ် ကျွမ်းကျင်သူတွေဟာ ဘရာဇီးနိုုင်ငံရှိ ဒဏ်ရာရရှိနေတဲ့ ကြက်တူရွေးလေးတစ်ကောင်ကို တိုင်တေနီယမ်နှုတ်သီးလေး အောင်မြင်စွာ တပ်ဆင်ကုုသပေးနိုင်ခဲ့ပါတယ်။

Gigi လို့ခေါ်တဲ့ ကြက်တူရွေးလေးကို Sao Paulo ရှိ  Animal Care Center Ipiranga ကို ခေါ်လာခဲ့ပြီး နှုတ်သီးမှာ ဒဏ်ရာရနေတဲ့အတွက် အစာမာမာတွေစားလို့့မရခဲ့ပါဘူး။

သူ့ကို ဆေးရုံတင်ထားပေးပြီး ခွဲစိတ်ဆရာဝန် Roberto Fecchio ၊ မျက်နှာပြန်လည်ကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Cicero Moraes နဲ့ သွားဆရာဝန် Paul Miamoto တို့က ပူးပေါင်းကုသပေးခဲ့ကြတာ ဖြစ်ပါသတဲ့။

3D ဒီဇိုင်နာလည်းဖြစ်တဲ့ Moraes ကတော့ သူ့တို့အဖွဲ့ရဲ့ကြိုးစားအားထုတ်မှုတွေအကြောင်း Facebook မှာ ဓါတ်ပုံတွေ ဝေမျှဖော်ပြခဲ့ပါတယ်။

Gigi ရဲ့ 3D-printed တိုင်တေနီယမ် နှုတ်သီးလေးမှာ အရောင်စုံကျောက်လေးတွေနဲ့လည်း အလှဆင်ပေးထားပါသေးတယ်။
Moraes ကတော့ ဒီလို ကြက်တူရွေးလေးတစ်ကောင်ကို အောင်အောင်မြင်မြင် 3D-printed နှုတ်သီးအစားထိုး တပ်ဆင်ပေးနိုင်တာ ဒါပထမဦးဆုံးပါပဲလို့ ဆိုပါတယ်။

( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment