ဖီဖာ ဥကၠဌသစ္ Gianni Infantino ကို ေရြးခ်ယ္ (ဖီဖာ ဥက္ကဌသစ် Gianni Infantino ကို ရွေးချယ် )

ဖီဖာ ဥကၠဌသစ္ ဂ်ာနီ အင္ဖန္တီနို
ဖီဖာ ကမၻာ့ ေဘာလုံး အဖြဲ႕ခ်ဳပ္ ရဲ့ ဥကၠဌ ရာထူး ကို မေန႔ ကေတာ့ ဇူးရစ္ ၿမိဳ႕ မွာ ေရြးခ်ယ္ လိုက္နိုင္ ပါၿပီ။ သူကေတာ့ ဆြစ္ဇာလန္ နိုင္ငံသား ဂ်ာနီ အင္ဖန္တီနို ျဖစ္ပါတယ္။ သူဟာ ဆြစ္ဇာလန္ နိုင္ငံ မွ ေရွ႕ေန တဦး ျဖစ္ၿပီး အသက္ ၄၅ ႏွစ္ ပဲ ရွိပါေသးတယ္။ ဥကၠဌ ေရြးခ်ယ္ပြဲ ဟာ လည္း တႀကိမ္ နဲ႔ နဲ႔ လိုအပ္တဲ့ အနိုင္မဲ ၅၀ ရာခိုင္ႏွုန္း ကို မရ တဲ့ အတြက္ ေနာက္တႀကိမ္ မဲထည့္ ၿပီးကာ မွ ဝင္ေရာက္ ယွဥ္ၿပိဳင္သူ ၅ ဦး အနက္ ဂ်ာနီ အင္ဖန္တီနို ဟာ ၂၀၇ မဲ အနက္ ၁၁၅ မဲ နဲ႔ အနိုင္ရခဲ့တာပါ။

သူ႔ရဲ့ ေအာင္ျမင္မွု နဲ႔ ပတ္သက္ၿပီး ဂ်ာနီ အင္ဖန္တီနို က သတင္းစာ ရွင္းလင္းပြဲ မွာ ေျပာရာမွာ ဖီဖာ နဲ႔ ပတ္သက္လို႔ ဂုဏ္ယူရ မဲ့ အဆင့္ ျပန္ေရာက္ ေအာင္ ႀကိဳးစား မယ့္ အေၾကာင္း ဖီဖာ ဟာ ေဘာလုံးေလာက ကို ဘယ္လို ျမႇင့္တင္ ေပးမယ္ ဆိုတဲ့ အခ်က္ ေပၚမွာ ဂုဏ္ယူ ၾကရေတာ့ မယ့္ ေနရာ မွာ က႑သစ္ တရပ္ ထဲ ဝင္လိုက္ ၾကတဲ့ အေၾကာင္း အခုက်င္းပ ၿပီးစီးသြားတဲ့ ဖီဖာ ညီလာခံ ကေန ျပဳျပင္ ေျပာင္းလဲမွု အသစ္ေတြ လည္း ခ်မွတ္နိုင္ခဲ့ ၿပီမို႔ ဒီျပဳျပင္မွု ေတြေပၚ မူတည္ၿပီး ဖီဖာ ရဲ့ ပုံရိပ္ နဲ႔ ဂုဏ္သိကၡာ ကို ျပန္ဆည္ပါ့မယ္ လို႔ ေျပာသြားတာပါ။

ၿပီးခဲ့တဲ့ ႏွစ္ေတြ အတြင္းမွာ အေမရိကန္ျပည္ေထာင္စု နဲ႔ ဆြစ္ဇာလန္ နိုင္ငံ တို႔မွာ အစီရင္ခံစာ ေပါင္း ၁၃၀ ကို မူတည္ၿပီး စုံစမ္းစစ္ေဆးမွု ျပဳရာ မွ ဖီဖာ ရဲ့ အဖြဲ႕တြင္း မွာ ထိပ္တန္း အရာရွိေတြ မသကၤာဖြယ္ အဂတိ လိုက္စားမွု ေတြ ေပၚေပါက္ ခဲ့ တာပါ။

အထူးသျဖင့္ ကမၻာ့ ဖလားဗိုလ္လုပြဲ ကို အိမ္ရွင္နိုင္ငံ အျဖစ္ လက္ခံ က်င္းပ ခြင့္ မဲခြဲ ဆုံးျဖတိၾကရာမွာ ထိပ္တန္း အရာရွိေတြ က လာဘ္ေငြ ယူၿပီး ဘက္လိုက္ မဲေပး ေရြးခ်ယ္ခဲ့တာ ေတြ ျဖစ္ခဲ့ လို႔ပါပဲ။ အဲဒီ အတြက္ ၂၀၁၈ခု ႏွစ္ အတြက္ ႐ုရွ ကို ကမၻာ့ ဖလားဗိုလ္လုပြဲ အိမ္ရွင္ နိုင္ငံ အျဖစ္ ေရြးခဲ့တာရယ္၊ ၂၀၂၂ ခု ႏွစ္ အတြက္ ကာတာ နိုင္ငံ ကို ေရြးခဲ့မွု ေတြ နဲ႔ ၿငိစြန္းခဲ့ၾကတာပါ။

ဒီအမွုေတြ နဲ႔ ဖီဖာ ဥကၠဌ ေဟာင္း ဆက္ပ္ဘလက္တာ လည္း ရာထူးက ဖယ္ရွားျခင္းခံခဲ့ရတာပါ။ ဆက္ပ္ဘလက္တာ က လည္း ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ ကို လက္ခံ လိုက္ၾကတဲ့ အတြက္ သူဝမ္းသာတဲ့ အေၾကာင္း ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.....................
 ဖီဖာ ဥက္ကဌသစ် ဂျာနီ အင်ဖန်တီနို
ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ရာထူး ကို မနေ့ ကတော့ ဇူးရစ် မြို့ မှာ ရွေးချယ် လိုက်နိုင် ပါပြီ။ သူကတော့ ဆွစ်ဇာလန် နိုင်ငံသား ဂျာနီ အင်ဖန်တီနို ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန် နိုင်ငံ မှ ရှေ့နေ တဦး ဖြစ်ပြီး အသက် ၄၅ နှစ် ပဲ ရှိပါသေးတယ်။ ဥက္ကဌ ရွေးချယ်ပွဲ ဟာ လည်း တကြိမ် နဲ့ နဲ့ လိုအပ်တဲ့ အနိုင်မဲ ၅၀ ရာခိုင်နှုန်း ကို မရ တဲ့ အတွက် နောက်တကြိမ် မဲထည့် ပြီးကာ မှ ဝင်ရောက် ယှဉ်ပြိုင်သူ ၅ ဦး အနက် ဂျာနီ အင်ဖန်တီနို ဟာ ၂၀၇ မဲ အနက် ၁၁၅ မဲ နဲ့ အနိုင်ရခဲ့တာပါ။

သူ့ရဲ့ အောင်မြင်မှု နဲ့ ပတ်သက်ပြီး ဂျာနီ အင်ဖန်တီနို က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောရာမှာ ဖီဖာ နဲ့ ပတ်သက်လို့ ဂုဏ်ယူရ မဲ့ အဆင့် ပြန်ရောက် အောင် ကြိုးစား မယ့် အကြောင်း ဖီဖာ ဟာ ဘောလုံးလောက ကို ဘယ်လို မြှင့်တင် ပေးမယ် ဆိုတဲ့ အချက် ပေါ်မှာ ဂုဏ်ယူ ကြရတော့ မယ့် နေရာ မှာ ကဏ္ဍသစ် တရပ် ထဲ ဝင်လိုက် ကြတဲ့ အကြောင်း အခုကျင်းပ ပြီးစီးသွားတဲ့ ဖီဖာ ညီလာခံ ကနေ ပြုပြင် ပြောင်းလဲမှု အသစ်တွေ လည်း ချမှတ်နိုင်ခဲ့ ပြီမို့ ဒီပြုပြင်မှု တွေပေါ် မူတည်ပြီး ဖီဖာ ရဲ့ ပုံရိပ် နဲ့ ဂုဏ်သိက္ခာ ကို ပြန်ဆည်ပါ့မယ် လို့ ပြောသွားတာပါ။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန်ပြည်ထောင်စု နဲ့ ဆွစ်ဇာလန် နိုင်ငံ တို့မှာ အစီရင်ခံစာ ပေါင်း ၁၃၀ ကို မူတည်ပြီး စုံစမ်းစစ်ဆေးမှု ပြုရာ မှ ဖီဖာ ရဲ့ အဖွဲ့တွင်း မှာ ထိပ်တန်း အရာရှိတွေ မသင်္ကာဖွယ် အဂတိ လိုက်စားမှု တွေ ပေါ်ပေါက် ခဲ့ တာပါ။

အထူးသဖြင့် ကမ္ဘာ့ ဖလားဗိုလ်လုပွဲ ကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ ခွင့် မဲခွဲ ဆုံးဖြတိကြရာမှာ ထိပ်တန်း အရာရှိတွေ က လာဘ်ငွေ ယူပြီး ဘက်လိုက် မဲပေး ရွေးချယ်ခဲ့တာ တွေ ဖြစ်ခဲ့ လို့ပါပဲ။ အဲဒီ အတွက် ၂၀၁၈ခု နှစ် အတွက် ရုရှ ကို ကမ္ဘာ့ ဖလားဗိုလ်လုပွဲ အိမ်ရှင် နိုင်ငံ အဖြစ် ရွေးခဲ့တာရယ်၊ ၂၀၂၂ ခု နှစ် အတွက် ကာတာ နိုင်ငံ ကို ရွေးခဲ့မှု တွေ နဲ့ ငြိစွန်းခဲ့ကြတာပါ။

ဒီအမှုတွေ နဲ့ ဖီဖာ ဥက္ကဌ ဟောင်း ဆက်ပ်ဘလက်တာ လည်း ရာထူးက ဖယ်ရှားခြင်းခံခဲ့ရတာပါ။ ဆက်ပ်ဘလက်တာ က လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ် ကို လက်ခံ လိုက်ကြတဲ့ အတွက် သူဝမ်းသာတဲ့ အကြောင်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment