အေမရိကန္ႏွင့္ေတာင္ကုိရီးယားႏုိင္ငံတုိ႔ ပူးတြဲစစ္ဆင္ေရး ေလ့က်င့္လွ်င္ ပစ္မွတ္ထားတုိက္ခုိက္မည္ဟု ေျမာက္ကုိရီးယားေျပာ


ဆိုးလ္ ေဖေဖာ္ဝါရီ ၂၄

ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယားစမ္းသပ္မႈႏွင့္ ဒံုးပ်ံပစ္လႊတ္ခဲ့ၿပီး တင္းမာမႈမ်ားျဖစ္ေပၚေနခ်ိန္တြင္ လာမည့္လ ပူးတြဲစစ္ေရးေလ့က်င့္မႈႏွစ္ပတ္လည္ျပဳလုပ္ရန္ စီစဥ္ေနေသာ ေတာင္ကုိရီးယားႏွင့္ ယင္း၏မဟာမိတ္ အေမရိကန္တို႔အား ေျမာက္ကိုရီးယားက အဂၤါေန႔တြင္ သတိေပးလိုက္သည္။

အဆိုပါ ႏွစ္ပတ္လည္ပူးတြဲစစ္ေရးေလ့က်င့္မႈသည္ စစ္ပြဲႏွင့္ လက္တုံ႔ျပန္မႈကုိ ဦးတည္ေနေၾကာင္း ေျမာက္ကိုရီးယားက သတိေပးလိုက္သည္။

မိမိတို႔၏ မဟာဗ်ဴဟာႏွင့္ နည္းဗ်ဴဟာၾကြယ္ဝေသာ တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ရန္သူကိုလက္တုံ႔ျပန္ရန္ အသင့္ျပင္ဆင္ထားေၾကာင္း ကိုရီးယားျပည္သူ႔တပ္မေတာ္ အႀကီးအကဲ၏ ေၾကညာခ်က္ကုိ ႏုိင္ငံပိုင္ မီဒီယာက ေဖာ္ျပသည္။

အေမရိကန္ႏွင့္ေတာင္ကုိရီးယား ႏုိင္ငံတို႔အေနျဖင့္ ပူးတြဲစစ္ေရး ေလ့က်င့္မႈျပဳလုပ္လာပါက ေတာင္ကုိရီးယား သမၼတအိမ္ေတာ္(Blue House)သည္ ပထမပစ္မွတ္ျဖစ္ၿပီး ေတာင္ကို ရီးယားတြင္ အေမရိကန္တပ္ဖြဲ႕ဝင္ ၂၈၅ဝဝ အေျခ စိုက္သည့္ အေမရိကန္၏ အာရွအေျခစိုက္စခန္း မ်ားသည္ ဒုတိယပစ္မွတ္ျဖစ္ေၾကာင္း ယင္းေၾကညာခ်က္ တြင္ ေဖာ္ျပသည္။

လြန္ခဲ့ေသာ သီတင္းပတ္က ေတာင္ကိုရီးယားသမၼတ ပတ္ဂြန္ေဟးက ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယားႏွင့္ တာေဝးပစ္ဒံုးပ်ံစမ္းသပ္မႈကို တုံ႔ျပန္ရန္အတြက္ အစီအမံမ်ား ေဆာင္ရြက္ထားရန္ သတိေပးလိုက္သည္။

(႐ိုက္တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

.........


ဆိုးလ် ဖေဖော်ဝါရီ ၂၄

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးပျံပစ်လွှတ်ခဲ့ပြီး တင်းမာမှုများဖြစ်ပေါ်နေချိန်တွင် လာမည့်လ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှစ်ပတ်လည်ပြုလုပ်ရန် စီစဉ်နေသော တောင်ကိုရီးယားနှင့် ယင်း၏မဟာမိတ် အမေရိကန်တို့အား မြောက်ကိုရီးယားက အင်္ဂါနေ့တွင် သတိပေးလိုက်သည်။

အဆိုပါ နှစ်ပတ်လည်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် စစ်ပွဲနှင့် လက်တုံ့ပြန်မှုကို ဦးတည်နေကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်သည်။

မိမိတို့၏ မဟာဗျူဟာနှင့် နည်းဗျူဟာကြွယ်ဝသော တပ်ဖွဲ့ဝင်များအနေဖြင့် ရန်သူကိုလက်တုံ့ပြန်ရန် အသင့်ပြင်ဆင်ထားကြောင်း ကိုရီးယားပြည်သူ့တပ်မတော် အကြီးအကဲ၏ ကြေညာချက်ကို နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

အမေရိကန်နှင့်တောင်ကိုရီးယား နိုင်ငံတို့အနေဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်လာပါက တောင်ကိုရီးယား သမ္မတအိမ်တော်(Blue House)သည် ပထမပစ်မှတ်ဖြစ်ပြီး တောင်ကို ရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅ဝဝ အခြေ စိုက်သည့် အမေရိကန်၏ အာရှအခြေစိုက်စခန်း များသည် ဒုတိယပစ်မှတ်ဖြစ်ကြောင်း ယင်းကြေညာချက် တွင် ဖော်ပြသည်။

လွန်ခဲ့သော သီတင်းပတ်က တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက မြောက်ကိုရီးယား၏ နျူကလီးယားနှင့် တာဝေးပစ်ဒုံးပျံစမ်းသပ်မှုကို တုံ့ပြန်ရန်အတွက် အစီအမံများ ဆောင်ရွက်ထားရန် သတိပေးလိုက်သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment