ေကာ္ေဇာနီ ေပၚ ရုပ္ပ်က္ဆင္းပ်က္ ေခ်ာ္လဲခဲ့တဲ့ ဆယ္လီ ၂ ဦး







အားလံုးသိထားၾကတာကေတာ့ အခမ္းအနား တစ္ခုရဲ ႔ ေကာ္ေဇာ္နီ ဆိုတာဟာ လမ္းေလွ်ာက္ဖို႔ အဆင္ေျပ ေခ်ာေမြ႕တဲ့ေနရာတစ္ခုပါ။ နာမည္ႀကီး ပုဂၢိဳလ္ေတြဟာ လမ္းေလွ်ာက္တယ္ ၊ ရပ္လိုက္တယ္ ၊ ဓါတ္ပံုဆရာေတြေရွ ႔ရပ္ၿပီး ပို႔စ္ ေပးတယ္ ၊ ၿပီးရင္လမ္းဆက္ေလွ်ာက္ၾကပါတယ္။

ဒါေပမယ့္ ေဟာလီး၀ုဒ္မင္းသမီး နာအိုမီ ကမ္းဘဲလ္ နဲ႔ ပံုစံျခင္း ဆင္တူတဲ့ အီတလီ မင္းသမီး Yvonne Scio နဲ႔ သူမရဲ ႔ သူငယ္ခ်င္းျဖစ္သူ David LaChapelle တို႔ဟာ ေလာ့အိန္ဂ်လိစ္ ၿမိဳ ႔မွာ က်င္းပတဲ့ အီတလီ ရုပ္ရွင္ ပြဲေတာ္ Festival Los Angeles Italia ကို တက္ေရာက္လာတဲ့အခါမွာေတာ့ ေကာ္ေဇာနီ ေပၚမွာ ရုပ္ပ်က္ဆင္းပ်က္ ေခ်ာ္လဲ ၾကခဲ့ပါတယ္။

သူမတို႔ ၂ ဦးဟာ ဒီ အခမ္းအနားကို တက္ေရာက္ခြင့္ ရတဲ့အတြက္ ၀မ္းသာ ေနၿပီး ဓါတ္ပံုဆရာေတြေရွ ႔အမွတ္တရျဖစ္ေစဖို႔ David LaChapelle ကသူ႔ရဲ ႔ သူငယ္ခ်င္းမေလး Yvonne Scio ကို ခ်ီၿပီး ေျမွာက္ကာ ဓါတ္ပံုအရိုက္ခံရာမွာ အရွိန္မထိန္းႏိုင္ပဲ ၾကမ္းျပင္ေပၚ ရုပ္ပ်က္ဆင္းပ်က္ လဲက်သြားခဲ့ၾကတာ ျဖစ္ပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ Yvonne Scio ဟာ ၀တ္ထားတဲ့ ဂါ၀န္ လန္တက္သြားခဲ့ၿပီး ဟိုေပၚဒီေပၚ နဲ႔ ရွက္စဖြယ္ ပံုရိပ္ေတြဟာ ဓါတ္ပံုဆရာအားလံုးရဲ ႔ ကင္မရာထဲမွာ အမိအရ မွတ္တမ္းတင္မိရက္သားျဖစ္သြားခဲ့ပါတယ္။ အႏုပညာရွင္ ေတြရဲ ႔ အေရာင္အေသြးစံုလင္တဲ့ အလွဓါတ္ပံုေတြရိုက္ကူးျခင္းေၾကာင့္ ေက်ာ္ၾကားသူ David LaChapelle ဟာ လည္း ရုပ္ပ်က္ဆင္းပ်က္ ျဖစ္ခဲ့ရပါတယ္။

ထို အီတလီ ရုပ္ရွင္ပြဲေတာ္မွာေတာ့ အီတလီ-အေမရိကန္ ယဥ္ေက်းမႈ ရဲ ႔ သံတမန္ အျဖစ္ အဆိုေတာ္ ေလဒီဂါဂါ က အခမ္းအနား တက္ေရာက္လာခဲ့ပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကော်ဇောနီ ပေါ် ရုပ်ပျက်ဆင်းပျက် ချော်လဲခဲ့တဲ့ ဆယ်လီ ၂ ဦး

အားလုံးသိထားကြတာကတော့ အခမ်းအနား တစ်ခုရဲ ့ ကော်ဇော်နီ ဆိုတာဟာ လမ်းလျှောက်ဖို့ အဆင်ပြေ ချောမွေ့တဲ့နေရာတစ်ခုပါ။ နာမည်ကြီး ပုဂ္ဂိုလ်တွေဟာ လမ်းလျှောက်တယ် ၊ ရပ်လိုက်တယ် ၊ ဓါတ်ပုံဆရာတွေရှေ ့ရပ်ပြီး ပို့စ် ပေးတယ် ၊ ပြီးရင်လမ်းဆက်လျှောက်ကြပါတယ်။

ဒါပေမယ့် ဟောလီးဝုဒ်မင်းသမီး နာအိုမီ ကမ်းဘဲလ် နဲ့ ပုံစံခြင်း ဆင်တူတဲ့ အီတလီ မင်းသမီး Yvonne Scio နဲ့ သူမရဲ ့ သူငယ်ချင်းဖြစ်သူ David LaChapelle တို့ဟာ လော့အိန်ဂျလိစ် မြို ့မှာ ကျင်းပတဲ့ အီတလီ ရုပ်ရှင် ပွဲတော် Festival Los Angeles Italia ကို တက်ရောက်လာတဲ့အခါမှာတော့ ကော်ဇောနီ ပေါ်မှာ ရုပ်ပျက်ဆင်းပျက် ချော်လဲ ကြခဲ့ပါတယ်။

သူမတို့ ၂ ဦးဟာ ဒီ အခမ်းအနားကို တက်ရောက်ခွင့် ရတဲ့အတွက် ၀မ်းသာ နေပြီး ဓါတ်ပုံဆရာတွေရှေ ့အမှတ်တရဖြစ်စေဖို့ David LaChapelle ကသူ့ရဲ ့ သူငယ်ချင်းမလေး Yvonne Scio ကို ချီပြီး မြှောက်ကာ ဓါတ်ပုံအရိုက်ခံရာမှာ အရှိန်မထိန်းနိုင်ပဲ ကြမ်းပြင်ပေါ် ရုပ်ပျက်ဆင်းပျက် လဲကျသွားခဲ့ကြတာ ဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ Yvonne Scio ဟာ ၀တ်ထားတဲ့ ဂါ၀န် လန်တက်သွားခဲ့ပြီး ဟိုပေါ်ဒီပေါ် နဲ့ ရှက်စဖွယ် ပုံရိပ်တွေဟာ ဓါတ်ပုံဆရာအားလုံးရဲ ့ ကင်မရာထဲမှာ အမိအရ မှတ်တမ်းတင်မိရက်သားဖြစ်သွားခဲ့ပါတယ်။ အနုပညာရှင် တွေရဲ ့ အရောင်အသွေးစုံလင်တဲ့ အလှဓါတ်ပုံတွေရိုက်ကူးခြင်းကြောင့် ကျော်ကြားသူ David LaChapelle ဟာ လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

ထို အီတလီ ရုပ်ရှင်ပွဲတော်မှာတော့ အီတလီ-အမေရိကန် ယဉ်ကျေးမှု ရဲ ့ သံတမန် အဖြစ် အဆိုတော် လေဒီဂါဂါ က အခမ်းအနား တက်ရောက်လာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment