နယူးေယာက္ၿမိဳ႕ကို ေက်ာ္ျဖတ္ၿပီး ကမၻာေပၚတြင္ ဘီလ်ံနာအမ်ားဆံုးေနထုိင္သည့္ၿမိဳ႕ ေပက်င္းျဖစ္လာ


AP
တရုတ္ ႏိုင္ငံရဲ႕ ၿမဳိ႕ေတာ္ ေပက်င္းၿမဳိ႕ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ရဲ႕ နယူးေယာက္ၿမဳိ႕ကို ေက်ာ္ျဖတ္ၿပီးေတာ့ ကမၻာေပၚမွာ
 ဘီလ်ံနာ အမ်ားဆံုးေနထုိင္တဲ့ ၿမိဳ႕ေနရာကို ေရာက္ရွိလာခဲ့တယ္လို႔ သတင္းတစ္ရပ္မွာ ေဖာ္ျပပါတယ္။
ကမၻ ာေပၚမွာ ဘီလ်ံနာသူေဌးဦးေရ အမ်ားဆံုးရွိတဲ့ ၿမိဳ႕အျဖစ္ တရုတ္ရဲ႕ ၿမိဳ႕ေတာ္ ေပက်င္းဟာ နယူးေယာက္ၿမဳိ႕ကို
 ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္ဆိုၿပီး ရွန္ဟိုင္းအေျခစိုက္ ကုမၼဏီ Huran က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ Huran လုပ္ငန္းစုဟာဆိုရင္
 ကမၻာ့ေပၚမွာ အခ်မ္းသာဆံုး ပုဂၢိဳလ္ေတြနဲ႔ ၎တို႔ရဲ႕ သံုးစြဲမႈ အေလ့အက်င့္ေတြကုိ သုေတသနလုပ္ၿပီးေတာ့ အဆင့္သတ္မွတ္ခ်က္ေတြ
ကုိ ႏွစ္စဥ္ထုတ္ျပန္ခ်က္ေတြနဲ႔ လစဥ္ မဂၢဇင္းေတြမွာ ထုတ္ျပန္ေပးေနတဲ့ ကုမၼဏီလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာဆိုရင္ တရုတ္ႏိုင္ငံမွာ ရွိတဲ့ ဘီလ်ံနာသူေဌးဦးေရ အေရအတြက္ဟာ အေမရိကန္ထက္ပိုမ်ားေနၿပီဆိုၿပီး ၿပီးခဲ့တဲ့ လေတြကလည္း
သတင္းထုတ္ျပန္ခ်က္ေတြ ထြက္ရွိထားခဲ့ပါတယ္။ဒါ့့အျပင္ Huran ကုမၼဏီက ယခုထုတ္ျပန္လိုက္တဲ့ ေလ့လာခ်က္ကို ၾကည့္ရင္ေတာ့ စီးပြာေးရးတိုး
တက္မႈႏႈန္း ေႏွးေကြးေနေပမယ့္လည္း တရုတ္ႏိုင္ငံမွာ ရွိတဲ့ အထက္တန္းလႊာ သူေဌးႀကီးေတြအေနနဲ႔ ပိုမို ခ်မ္းသာၾကြယ္၀လာေနတာကို ျပသေန
တယ္လို႔ ဆိုပါတယ္။
တြက္ခ်က္မႈေတြအရေတာ့ လက္ရွိအခ်ိန္မွာ တရုတ္မွာ ရွိတဲ့ ဘီလ်ံနာသန္းၾကြယ္သူေဌးဦးေရဟာ ၁၅၀ နီးပါးထိ ရွိေနၿပီလို႔ Huran ကုမၼဏီ
တည္ေထာင္သူ ရူပါ့ ဟူဂီ၀ါ့ဖ္ က ေျပာပါတယ္။ အေမရိကန္ရဲ႕ နယူးေယာက္မွာေတာ့ ခန္႔မွန္းေျခအေနနဲ႔ ဘီလ်ံနာသူေဌးဦးေရ ၉၅ ဦး ရွိေနပါတယ္။
ေပက်င္းၿမဳိ႕ဟာ ယမန္ႏွစ္က ထပ္တိုးလာတဲ့ ဘီလ်ံနာဦးေရ ၃၂ ဦး ရွိလာခဲ့ၿပီးေနာက္မွာေတာ့ နယူးေယာက္ၿမိဳ႕ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
နယူးေယာက္ၿမိဳ႕ကေတာ့ ယမန္ႏွစ္က ထပ္တိုးဘီလ်ံနာ ေလးဦးသာ ရွိခဲ့ပါတယ္။ ဘီလ်ံနာ အမ်ားဆံုး ရွိတဲ့ ၿမိဳ႕စာရင္းမွာေတာ ့ ရုရွ ရဲ႕
 ေမာ္စကိုက ၆၆ ဦးနဲ႔ တတိယခ်ိတ္ခဲ့ပါတယ္။ ယင္းတု႔ိေနာက္မွာေတာ့ ေဟာင္ေကာင္နဲ႔ ရွန္ဟိုင္းတို႔က ၆၄ ဦး၊ ၅၀ ဦးတို႔နဲ႔ စတုတၳနဲ႔
ပဥၥမ ေနရာေတြမွာ အသီးသီး ရပ္တည္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
@@@
SFJ Strategy First Journal Journalကို Strategy First Institute က စီစဥ္တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပသတင္းနဲ႔ အထူးတင္ဆက္မႈေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။
SFJ Strategy First Journal

......................................................................

နယူးယောက်မြို့ကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်တွင် ဘီလျံနာအများဆုံးနေထိုင်သည့်မြို့ ပေကျင်းဖြစ်လာ
AP
တရုတ် နိုင်ငံရဲ့ မြို့တော် ပေကျင်းမြို့ဟာ လက်ရှိအချိန်မှာ အမေရိကန်ရဲ့ နယူးယောက်မြို့ကို ကျော်ဖြတ်ပြီးတော့ ကမ္ဘာပေါ်မှာ ဘီလျံနာ အများဆုံး
နေထိုင်တဲ့ မြို့နေရာကို ရောက်ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ကမ္ဘ ာပေါ်မှာ ဘီလျံနာသူဌေးဦးရေ အများဆုံးရှိတဲ့ မြို့အဖြစ်
 တရုတ်ရဲ့ မြို့တော် ပေကျင်းဟာ နယူးယောက်မြို့ကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုပြီး ရှန်ဟိုင်းအခြေစိုက် ကုမ္မဏီ Huran က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 Huran လုပ်ငန်းစုဟာဆိုရင် ကမ္ဘာ့ပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေနဲ့ ၎င်းတို့ရဲ့ သုံးစွဲမှု အလေ့အကျင့်တွေကို သုတေသနလုပ်ပြီးတော့
 အဆင့်သတ်မှတ်ချက်တွေကို နှစ်စဉ်ထုတ်ပြန်ချက်တွေနဲ့ လစဉ် မဂ္ဂဇင်းတွေမှာ ထုတ်ပြန်ပေးနေတဲ့ ကုမ္မဏီလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာဆိုရင် တရုတ်နိုင်ငံမှာ ရှိတဲ့ ဘီလျံနာသူဌေးဦးရေ အရေအတွက်ဟာ အမေရိကန်ထက်ပိုများနေပြီဆိုပြီး ပြီးခဲ့တဲ့
လတွေကလည်းသတင်းထုတ်ပြန်ချက်တွေ ထွက်ရှိထားခဲ့ပါတယ်။ဒါ့့အပြင် Huranကုမ္မဏီက ယခုထုတ်ပြန်လိုက်တဲ့ လေ့လာချက်ကို
ကြည့်ရင်တော့ စီးပွာေးရးတိုးတက်မှုနှုန်း နှေးကွေးနေပေမယ့်လည်း တရုတ်နိုင်ငံမှာ ရှိတဲ့ အထက်တန်းလွှာ သူဌေးကြီးတွေအနေနဲ့ ပိုမို
ချမ်းသာကြွယ်ဝလာနေတာကို ပြသနေတယ်လို့ ဆိုပါတယ်။တွက်ချက်မှုတွေအရတော့ လက်ရှိအချိန်မှာ တရုတ်မှာ ရှိတဲ့ ဘီလျံနာ
သန်းကြွယ်သူဌေးဦးရေဟာ ၁၅၀ နီးပါးထိ ရှိနေပြီလို့ Huran ကုမ္မဏီတည်ထောင်သူ ရူပါ့ ဟူဂီဝါ့ဖ် က ပြောပါတယ်။ အမေရိကန်ရဲ့
နယူးယောက်မှာတော့ ခန့်မှန်းခြေအနေနဲ့ ဘီလျံနာသူဌေးဦးရေ ၉၅ ဦး ရှိနေပါတယ်။ပေကျင်းမြို့ဟာ ယမန်နှစ်က ထပ်တိုးလာတဲ့
ဘီလျံနာဦးရေ ၃၂ ဦး ရှိလာခဲ့ပြီးနောက်မှာတော့ နယူးယောက်မြို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
နယူးယောက်မြို့ကတော့ ယမန်နှစ်က ထပ်တိုးဘီလျံနာ လေးဦးသာ ရှိခဲ့ပါတယ်။ ဘီလျံနာ အများဆုံး ရှိတဲ့ မြို့စာရင်းမှာတော ့
ရုရှ ရဲ့ မော်စကိုက ၆၆ ဦးနဲ့ တတိယချိတ်ခဲ့ပါတယ်။ ယင်းတို့နောက်မှာတော့ ဟောင်ကောင်နဲ့ ရှန်ဟိုင်းတို့က ၆၄ ဦး၊ ၅၀ ဦးတို့နဲ့
 စတုတ္ထနဲ့ ပဥ္စမ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

SFJ Strategy First Journalကို Strategy First Institute က စီစဉ်တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပသတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment