အင်ဒိုနီးရှားနိုင်ငံ ဓါတ်အားပေးစက်ရုံ တည်ဆောက်မှု အတွင်း ပေါက်ကွဲမှုကြောင့် ၇ဦးသေ၊ ၆ဦး ဒဏ်ရာရရှိ


    အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမြောက်ပိုင်း ရှိ ဓါတ်အားပေးစက်ရုံ တည်ဆောက်မှု အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သောကြောင့် အလုပ်သမား ၇ဦး သေဆုံးခဲ့ပြီး အခြား အလုပ်သမား ၆ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ မှ အကြီးတန်းအရာရှိတစ်ဦး က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။




(Xinhua)

.................................


တည်ဆောက်ဆဲ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမြောက်ပိုင်းရှိ ဓါတ်အားပေးစက်ရုံ ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမြောက်ပိုင်း ရှိ ဓါတ်အားပေးစက်ရုံ တည်ဆောက်မှု အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သောကြောင့် အလုပ်သမား ရဦး သေဆုံးခဲ့ပြီး အခြား အလုပ်သမား ၆ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ မှ အကြီးတန်းအရာရှိတစ်ဦး က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Karo ခရိုင်၊ Rih Tengah ရွာ တွင်တည်ရှိသည့် ဥမင်လိုဏ်ခေါင်းအတွင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသရှိ ပြည်တွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ၏ အတွင်းရေးမှူး Jonson Tarigan ကပြောကြားခဲ့သည်။

အလုပ်သမားများသည် အဆိုပါ ဥမင်လိုဏ်ခေါင်းအတွင်း အလုပ်လုပ်နေစဉ် ရုတ်တရက် မီးစက်ပေါက်ကွဲကာ ၄င်းတို့အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Karo ခရိုင်မှ Mr. Tarigan က ဆင်ဟွာသို့ ဖုန်းဆက်ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရှိသူ အားလုံးကို ကယ်ဆယ်ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၄င်းက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment