တိရိစာၦန္ေတြကို သဘာဝရုပ္ထုေတြအျဖစ္ ေျပာင္းလဲလိုက္တဲ႔ ေရကန္ႀကီး




တန္ဇန္းနီးယားမွာ႐ွိတဲ႔ ေနထ႐ြန္ ေရကန္ႀကီးဟာ ကန္ထဲမွာေသခဲ႔ၾကတဲ႔သတၱ၀ါေတြကို ေက်ာက္႐ုပ္ထုေတြအျဖစ္ ေျပာင္းလဲေစခဲ႔ပါတယ္။ အဲ႔ဒီ႔က ေၾကာက္မက္ဖြယ္ျမင္ကြင္းေတြကို ဓါတ္ပံုဆရာ Nick Brandtက မွတ္တမ္းတင္႐ိုက္ကူးထားပါတယ္။

တန္ဖန္းနီးယားေျမာက္ပိုင္း ေနထရြန္ ေရကန္ႀကီးရဲ႕အေျခအေနက အေတာ္ေလးကိုၾကမ္းတမ္းလွပါတယ္။ အဲ႔ဒီ႔ေနရာကိုေ႐ွာင္႐ွားရမယ္လို႔ သတၱ၀ါအမ်ားစုကေတာ႔ သိ႐ွိခဲ႔ပါတယ္။ ေရတိမ္ေရကန္ႀကီးျဖစ္တဲ႔ ေနထရြန္မွာ အပူခ်ိန္၁၂၀ဒီဂရီ ဖာရင္ဟိုက္ထိ ျမင္႔တက္ခဲ႔ၿပီး ဆားဓါတ္ဖြဲ႕လာတာေၾကာင္႔ သတၱ၀ါေတြအတြက္ အဆိပ္ျဖစ္ခဲ႔ေတာ႔တာပါပဲ။

ေနာ္တန္ေရကန္ႀကီးမွာ ေသေၾကဖြယ္လကၡဏာေတြျဖစ္ေနခဲ႔ေပမဲ႔ နဂိုက ႀကိဳးၾကာနီေတြအတြက္ က်က္စားရာ ေျမေကာင္းေျမသန္႔ပါပဲ။ ဆားကြ်န္းေတြဖြဲ႕လာတဲ႔အခါ၊ ႀကိဳးႀကာနီေတြက အဲ႔ဒီ႔ဆားကြ်န္းေတြေပၚမွာအသိုက္ေဆာက္တယ္၊ ၿပီးေတာ႔ အဲ႔ဒီ႔ကန္ထဲမွာေပါက္တဲ႔ ေရညႈိေတြကို စားသံုးၾကတယ္။

ဒီကန္ႀကီးကိုေနထရြန္လို႕ ေခၚရတဲ႔အေၾကာင္းရင္းက ကန္ထဲမွာေနထရြန္ဓါတ္ေပါင္းေတြပါလို႔ပါပဲ။ ေနထရြန္ဓါတ္ေပါင္းဆိုတာကို ေ႐ွးတုန္းက ေႂကြထည္ေျမထည္လုပ္တဲ႔ အႏွစ္ထဲမွာ ထည္႔သံုးၾကတယ္။ ေနထရြန္ဓါတ္ေပါင္းေတြက ဆိုဒီယမ္ကာဗြန္နိတ္ေတြကို ျဖစ္ေစတယ္။ ဂရိတ္ရစ္ဖ္ေတာင္ၾကားေဒသကလာတဲ႔ မီးေတာင္ေခ်ာ္ရည္ေတြလိုမ်ိဳးေပါ႔။

အဲ႔ဒီ႔ကန္ထဲမွာေသသြားတဲ႔ သတၱ၀ါေတြက ေက်ာက္႐ုပ္ထုေတြအျဖစ္ ေျပာင္းလဲသြားၿပီး တာ႐ွည္ခံသြားတယ္။

ဓါတ္ပံုဆရာ Nick Brandtက ဒီႀကိဳးၾကာနီငွက္၊ လင္းႏို႔နဲ႔ တျခားသတၱ၀ါေကာင္ေတြကို ႐ွာေဖြေတြ႕႐ွိသြားၿပီး ဓါတ္ပံုမွတ္တမ္းတင္ႏိုင္ခဲ႔တယ္။

“ကယ္ေတာ႔မကယ္ႏိုင္ဘူးေပါ႔ဗ်ာ။ ဓါတ္ပံုပဲ႐ိုက္ႏိုင္ခဲ႔တယ္။ သူတို႔ဘယ္လိုေသခဲ႔တယ္ဆိုတာ ဘယ္သူမွ တိတိက်က်မသိၾကဘူး။ ကန္ႀကီးရဲ႕ေရာင္ျပန္ဟပ္မႈကို ထင္ေရာင္ထင္မွားျဖစ္ၿပီး ကန္ထဲျပဳတ္က်ခဲ႔တာျဖစ္မယ္။” လို႔ ဓါတ္ပံုဆရာ Nick Brandtကေျပာခဲ႔ပါတယ္။

( Skyler )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)

#knowledge.thithtoolwin.com

Ref:mnn

.......................................

တိရိစ္ဆာန်တွေကို သဘာဝရုပ်ထုတွေအဖြစ် ပြောင်းလဲလိုက်တဲ့ ရေကန်ကြီး


တန်ဇန်းနီးယားမှာရှိတဲ့ နေထရွန် ရေကန်ကြီးဟာ ကန်ထဲမှာသေခဲ့ကြတဲ့သတ္တဝါတွေကို ကျောက်ရုပ်ထုတွေအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ အဲ့ဒီ့က ကြောက်မက်ဖွယ်မြင်ကွင်းတွေကို ဓါတ်ပုံဆရာ Nick Brandtက မှတ်တမ်းတင်ရိုက်ကူးထားပါတယ်။

တန်ဖန်းနီးယားမြောက်ပိုင်း နေထရွန် ရေကန်ကြီးရဲ့အခြေအနေက အတော်လေးကိုကြမ်းတမ်းလှပါတယ်။ အဲ့ဒီ့နေရာကိုရှောင်ရှားရမယ်လို့ သတ္တဝါအများစုကတော့ သိရှိခဲ့ပါတယ်။ ရေတိမ်ရေကန်ကြီးဖြစ်တဲ့ နေထရွန်မှာ အပူချိန်၁၂၀ဒီဂရီ ဖာရင်ဟိုက်ထိ မြင့်တက်ခဲ့ပြီး ဆားဓါတ်ဖွဲ့လာတာကြောင့် သတ္တဝါတွေအတွက် အဆိပ်ဖြစ်ခဲ့တော့တာပါပဲ။

နော်တန်ရေကန်ကြီးမှာ သေကြေဖွယ်လက္ခဏာတွေဖြစ်နေခဲ့ပေမဲ့ နဂိုက ကြိုးကြာနီတွေအတွက် ကျက်စားရာ မြေကောင်းမြေသန့်ပါပဲ။ ဆားကျွန်းတွေဖွဲ့လာတဲ့အခါ၊ ကြိုးကြာနီတွေက အဲ့ဒီ့ဆားကျွန်းတွေပေါ်မှာအသိုက်ဆောက်တယ်၊ ပြီးတော့ အဲ့ဒီ့ကန်ထဲမှာပေါက်တဲ့ ရေညှိုတွေကို စားသုံးကြတယ်။

ဒီကန်ကြီးကိုနေထရွန်လို့ ခေါ်ရတဲ့အကြောင်းရင်းက ကန်ထဲမှာနေထရွန်ဓါတ်ပေါင်းတွေပါလို့ပါပဲ။ နေထရွန်ဓါတ်ပေါင်းဆိုတာကို ရှေးတုန်းက ကြွေထည်မြေထည်လုပ်တဲ့ အနှစ်ထဲမှာ ထည့်သုံးကြတယ်။ နေထရွန်ဓါတ်ပေါင်းတွေက ဆိုဒီယမ်ကာဗွန်နိတ်တွေကို ဖြစ်စေတယ်။ ဂရိတ်ရစ်ဖ်တောင်ကြားဒေသကလာတဲ့ မီးတောင်ချော်ရည်တွေလိုမျိုးပေါ့။

အဲ့ဒီ့ကန်ထဲမှာသေသွားတဲ့ သတ္တဝါတွေက ကျောက်ရုပ်ထုတွေအဖြစ် ပြောင်းလဲသွားပြီး တာရှည်ခံသွားတယ်။

ဓါတ်ပုံဆရာ Nick Brandtက ဒီကြိုးကြာနီငှက်၊ လင်းနို့နဲ့ တခြားသတ္တဝါကောင်တွေကို ရှာဖွေတွေ့ရှိသွားပြီး ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့တယ်။

“ကယ်တော့မကယ်နိုင်ဘူးပေါ့ဗျာ။ ဓါတ်ပုံပဲရိုက်နိုင်ခဲ့တယ်။ သူတို့ဘယ်လိုသေခဲ့တယ်ဆိုတာ ဘယ်သူမှ တိတိကျကျမသိကြဘူး။ ကန်ကြီးရဲ့ရောင်ပြန်ဟပ်မှုကို ထင်ရောင်ထင်မှားဖြစ်ပြီး ကန်ထဲပြုတ်ကျခဲ့တာဖြစ်မယ်။” လို့ ဓါတ်ပုံဆရာ Nick Brandtကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref:mnn
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment