ငတ္ေနတဲ့ျပည္သူၾကား ခမ္းနားတဲ့ သမၼတေမြးေန႔ (ငတ်နေတဲ့ပြည်သူကြား ခမ်းနားတဲ့ သမ္မတမွေးနေ့ )


ကမၻာ့အသက္အႀကီးဆုံး ေခါင္းေဆာင္လည္းျဖစ္တဲ့ ဇင္ဘာေဘြသမၼတ Robert Mugabe ဟာ အမ်ားျပည္သူေတြ တက္ေရာက္ႏုိင္တဲ့ သူ႔ရဲ႕ ၉၂ ႏွစ္ေျမာက္ ေမြးေန႔ပြဲကုိ တုိင္းျပည္အေရွ႕ေတာင္ပုိင္းမွာရွိတဲ့ Masvingo ၿမိဳ႕မွာ ေငြေၾကးအေျမာက္အမ်ား အကုန္အက်ခံၿပီး ခမ္းနားႀကီးက်ယ္စြာ စေနေန႔က က်င္းပခဲ့ပါတယ္။

ေမြးေန႔ပြဲ အခမ္းအနားမွာ ေကၽြးေမြးတဲ့ သားေကာင္းေတြနဲ႔ အမဲသားေတြကုိ စားေသာက္ၾကဖုိ႔ ေထာင္ေပါင္းမ်ားစြာေသာ ဇင္ဘာေဘြႏုိင္ငံသားေတြဟာ စေနေန႔က အခမ္းအနားက်င္းပရာ ေနရာကုိ သြားေရာက္ခဲ့ၾကပါတယ္။ UNESCO အဖြဲ႔ႀကီးက ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ သတ္မွတ္ထားတဲ့ ဇင္ဘာေဘြႏုိင္ငံရဲ႕ သမုိင္း၀င္ ေရွးေဟာင္းၿမိဳ႕ေတာ္ တည္ရွိရာေနရာမွာ Robert Mugabe ရဲ႕ ေမြးေန႔ပြဲကုိ ႏွစ္စဥ္ က်င္းပလာတာ အခုဆုိရင္ အစဥ္အလာတခုလုိ ျဖစ္လာေနပါၿပီ။

ေမြးေန႔ပြဲ အခမ္းအနားမွာ မုိးပ်ံပူေဖာင္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ပန္းစည္း ၉၂ စည္းကုိ Robert Mugabe က ပစ္လႊတ္ခဲ့ပါတယ္။

ဒါေပမဲ့ ဒါဟာ အခုသီတင္းပတ္အတြင္း ျပဳလုပ္ခဲ့တဲ့ ေမြးေန႔အခမ္းအနား မ်ားစြာထဲက တခုျဖစ္တဲ့ အခုလုိ ေငြကုန္ေၾကးက် အမ်ားအျပားခံၿပီး ျပဳလုပ္တဲ့ ေမြးေန႔ပြဲဟာ ဇင္ဘာေဘြႏုိ္င္ငံသား အမ်ားစု ငတ္မြတ္မႈနဲ႔ အစာေရစာ ျပတ္လပ္မႈေတြနဲ႔ ရင္ဆုိင္ေနရတဲ့အခ်ိန္ က်င္းပတာ ျဖစ္တဲ့အတြက္ မသင့္ေတာ္ဘူးလုိ႔ ေ၀ဖန္သူေတြက ေထာက္ျပ ေျပာဆုိၾကပါတယ္။

တုိင္းျပည္အတြင္းက ေနရာတခ်ဳိ႕မွာ မုိးေခါင္ေရရွားမႈ ျဖစ္ခဲ့တာနဲ႔ စီးပြားေရး က်ဆင္းမႈေတြ ျဖစ္ေနတာေၾကာင့္ အစုိးရက အေရးေပၚ အေျခအေန ေၾကညာထားပါတယ္။ တုိက္ဆုိင္စြာပဲ သမၼတ Robert Mugabe ရဲ႕ ေမြးေန႔ပြဲ က်င္းပတဲ့ Masvingo ၿမိဳ႕ဟာလည္း မုိးေခါင္ ေရရွားမႈဒဏ္ အဆုိးရြားဆုံး ခံခဲ့ရတဲ့ ေနရာတခု ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 တောင်ကယ်ရိုလိုင်းနား ပါတီတွင်းရွေးပွဲ Hill

ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်လည်းဖြစ်တဲ့ ဇင်ဘာဘွေသမ္မတ Robert Mugabe ဟာ အများပြည်သူတွေ တက်ရောက်နိုင်တဲ့ သူ့ရဲ့ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို တိုင်းပြည်အရှေ့တောင်ပိုင်းမှာရှိတဲ့ Masvingo မြို့မှာ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ခမ်းနားကြီးကျယ်စွာ စနေနေ့က ကျင်းပခဲ့ပါတယ်။

မွေးနေ့ပွဲ အခမ်းအနားမှာ ကျွေးမွေးတဲ့ သားကောင်းတွေနဲ့ အမဲသားတွေကို စားသောက်ကြဖို့ ထောင်ပေါင်းများစွာသော ဇင်ဘာဘွေနိုင်ငံသားတွေဟာ စနေနေ့က အခမ်းအနားကျင်းပရာ နေရာကို သွားရောက်ခဲ့ကြပါတယ်။ UNESCO အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ သမိုင်းဝင် ရှေးဟောင်းမြို့တော် တည်ရှိရာနေရာမှာ Robert Mugabe ရဲ့ မွေးနေ့ပွဲကို နှစ်စဉ် ကျင်းပလာတာ အခုဆိုရင် အစဉ်အလာတခုလို ဖြစ်လာနေပါပြီ။

မွေးနေ့ပွဲ အခမ်းအနားမှာ မိုးပျံပူဖောင်းတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းစည်း ၉၂ စည်းကို Robert Mugabe က ပစ်လွှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ အခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ မွေးနေ့အခမ်းအနား များစွာထဲက တခုဖြစ်တဲ့ အခုလို ငွေကုန်ကြေးကျ အများအပြားခံပြီး ပြုလုပ်တဲ့ မွေးနေ့ပွဲဟာ ဇင်ဘာဘွေနို်င်ငံသား အများစု ငတ်မွတ်မှုနဲ့ အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် ကျင်းပတာ ဖြစ်တဲ့အတွက် မသင့်တော်ဘူးလို့ ဝေဖန်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

တိုင်းပြည်အတွင်းက နေရာတချို့မှာ မိုးခေါင်ရေရှားမှု ဖြစ်ခဲ့တာနဲ့ စီးပွားရေး ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ တိုက်ဆိုင်စွာပဲ သမ္မတ Robert Mugabe ရဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ Masvingo မြို့ဟာလည်း မိုးခေါင် ရေရှားမှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ နေရာတခု ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.comary Clinton အနိုင်ရ
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment