ကားေမာင္းေနစဥ္ ခ်စ္တင္းေႏွာရာမွ ယာဥ္တိုက္မႈျဖစ္ပြားျပီး ယာဥ္ေမာင္းအမ်ဳိးသား ေသဆံုး


အိႏၵိယနိုင္ငံတြင္ ခ်စ္သူႏွစ္ဦး ကားကို အရွိန္ျဖင့္ ေမာင္းႏွင္ေနစဥ္ လိင္ဆက္ဆံရာ အရွိန္မထိန္းနိုင္ဘဲ ထရပ္ကားတစီးႏွင့္တိုက္မိျပီး ယာဥ္ေမာင္းအမ်ဳိးသား ပြဲခ်င္းျပီး ေသဆံုးခဲ့သည့္ အျဖစ္ဆိုးတခု ျဖစ္ပြားခဲ့သည္။ အမ်ဳိးသမီးမွာ ျပင္းထန္ေသာ ဦးေခါင္းဒဏ္ရာျဖင့္ ေဆး႐ုံတြင္ ကုသမႈခံယူေနရဆဲျဖစ္သည္။

ပူရန္ပူရအရပ္မွ အသက္ ၃၁ ႏွစ္အရြယ္အမ်ဳိးသားသည္ ပီလစ္ဘစ္အရပ္ရွိ အသက္ ၂၄ ႏွစ္အရြယ္ ခ်စ္သူထံ အလည္အပတ္ သြားေရာက္ခဲ့သည္။ ထို႔ေနာက္ ၎တို႔ႏွစ္ဦး Pilibhit-Puranpur အေ၀းေျပးလမ္းမဆီသို႔ ေမာင္းႏွင္ခဲ့ၾကသည္။ ရဲတပ္ဖြဲ႔၏အဆိုအရ အေ၀းေျပးလမ္းမွာ ေမွာင္ေနျပီး ၎တို႔၏ယာဥ္သည္ မ်က္ႏွာခ်င္းဆိုင္မွ လာေသာ မီနီထရပ္ကို အခ်ိန္မီ မေရွာင္တိမ္းနိုင္ခဲ့ျခင္းျဖစ္နိုင္သည္ဟု ဆိုသည္။

အခင္းျဖစ္ပြားရာသို႔ သြားေရာက္စံုစမ္းခဲ့ေသာ ရဲအရာရွိမ်ားက ခါးေေအာက္ပုိင္း အ၀တ္ဗလာျဖစ္ေနေသာ စံုတြဲကို ကားထဲတြင္ ေတြ႔ရွိခဲ့ရသည္။ ကက္သနာတံတားအနီး၌ျဖစ္ပြားခဲ့ေသာ အဆိုပါ ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္၍ ပထမသတင္းေပးတိုင္ၾကားခ်က္အျဖစ္ မီနီထရပ္ ယာဥ္ေမာင္းအား ေမာ္ေတာ္ယာဥ္ မဆင္မျခင္ ေမာင္းႏွင္မႈျဖင့္ Gajroula ရဲစခန္း၌ အမႈဖြင့္တိုင္ၾကားထားသည္။

“ကားတိုက္တဲ့အသံၾကားေတာ့ အနီးအပါးက လူေတြထြက္လာျပီး ကားထဲကလူေတြကို ကယ္ဖို႔ၾကိဳးစားခဲ့ၾကတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ ယာဥ္ေမာင္းအမ်ဳိးသားက ေသဆံုးေနျပီ။ ျဖစ္နိုင္တာကေတာ့ ကားေမာင္းေနတုန္း လိင္ဆက္ဆံတာကေန မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကားကို မျမင္တာေသာ္လည္းေကာင္း၊ အခ်ိန္မီ မေရွာင္တိမ္းနိုင္တာေသာ္လည္းေကာင္း ျဖစ္ပါလိမ့္မယ္”ဟု Gajroula ရဲစခန္းမွ စခန္းမွဴး Gajroula Rajesh Yadav က ေျပာသည္။

ရည္ညႊန္း - TOI
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
................


အိန္ဒိယနိုင်ငံတွင် ချစ်သူနှစ်ဦး ကားကို အရှိန်ဖြင့် မောင်းနှင်နေစဉ် လိင်ဆက်ဆံရာ အရှိန်မထိန်းနိုင်ဘဲ ထရပ်ကားတစီးနှင့်တိုက်မိပြီး ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့သည့် အဖြစ်ဆိုးတခု ဖြစ်ပွားခဲ့သည်။ အမျိုးသမီးမှာ ပြင်းထန်သော ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်သည်။

ပူရန်ပူရအရပ်မှ အသက် ၃၁ နှစ်အရွယ်အမျိုးသားသည် ပီလစ်ဘစ်အရပ်ရှိ အသက် ၂၄ နှစ်အရွယ် ချစ်သူထံ အလည်အပတ် သွားရောက်ခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦး Pilibhit-Puranpur အဝေးပြေးလမ်းမဆီသို့ မောင်းနှင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏အဆိုအရ အဝေးပြေးလမ်းမှာ မှောင်နေပြီး ၎င်းတို့၏ယာဉ်သည် မျက်နှာချင်းဆိုင်မှ လာသော မီနီထရပ်ကို အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာသို့ သွားရောက်စုံစမ်းခဲ့သော ရဲအရာရှိများက ခါးေအောက်ပိုင်း အဝတ်ဗလာဖြစ်နေသော စုံတွဲကို ကားထဲတွင် တွေ့ရှိခဲ့ရသည်။ ကက်သနာတံတားအနီး၌ဖြစ်ပွားခဲ့သော အဆိုပါ ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ ပထမသတင်းပေးတိုင်ကြားချက်အဖြစ် မီနီထရပ် ယာဉ်မောင်းအား မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်မှုဖြင့် Gajroula ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားသည်။

“ကားတိုက်တဲ့အသံကြားတော့ အနီးအပါးက လူတွေထွက်လာပြီး ကားထဲကလူတွေကို ကယ်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ယာဉ်မောင်းအမျိုးသားက သေဆုံးနေပြီ။ ဖြစ်နိုင်တာကတော့ ကားမောင်းနေတုန်း လိင်ဆက်ဆံတာကနေ မျက်နှာချင်းဆိုင်ကလာတဲ့ ကားကို မမြင်တာသော်လည်းကောင်း၊ အချိန်မီ မရှောင်တိမ်းနိုင်တာသော်လည်းကောင်း ဖြစ်ပါလိမ့်မယ်”ဟု Gajroula ရဲစခန်းမှ စခန်းမှူး Gajroula Rajesh Yadav က ပြောသည်။

ရည်ညွှန်း - TOI
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment