ကေလးကို ဓားျဖင့္ ၁၄ ခ်က္ထိုးၿပီး အရွင္လတ္လတ္ ေျမျမဳႇပ္ခဲ့သည့္ မိခင္ကို ဖမ္းမိ

ထိိုင္းႏုိင္ငံ ခြန္္ခဲခ႐ုိင္မွာ ေမြးကင္းစကေလးကို ဓားနဲ႔ ၁၄ ခ်က္ထိုးၿပီး အရွင္လတ္လတ္ ေျမျမဳႇပ္ခဲ့တဲ့ မိခင္ကို ဖမ္းဆီးလုိက္ပါတယ္။

ကေလးကို မလိုခ်င္တာေၾကာင့္ သတ္လုိက္တာလို႔ အသက္ ၄၂ ႏွစ္အရြယ္ အမ်ိဳးသမီး ဆုဒါေသာင္ဒီက ၀န္ခံခဲ့ၿပီး က်ဴးလြန္ခဲ့တဲ့ ျဖစ္ရပ္ကို ေဖေဖာ္၀ါရီ ၂၇ ရက္က ျပန္လည္ သ႐ုပ္ျပခဲ့တယ္လို႔ ထုိင္းဘန္ေကာက္ပိုစ္ သတင္းက ေရးပါတယ္။

သ႐ုပ္ျပတဲ့အခ်ိန္ အမ်ိဳးသမီးကို လုံၿခဳံေရး အေစာင့္အၾကပ္ တင္းတင္းၾကပ္ၾကပ္ခ်ထားၿပီး လူေတြက သူကို ဆဲေရးတိုင္းထြာခဲ့ပါတယ္။

ခြန္္ခဲခ႐ုိင္ ေနာင္ဆ၀မ္ရြာက စပါးခင္းမွာ အခ်က္ေပါင္းမ်ားစြာ ဓားထိုးခံရၿပီး အရွင္လတ္လတ္ ေျမျမဳႇပ္ခံထားရတဲ့ ကေလးကို ေဖေဖာ္၀ါရီ ၂၃ ရက္မွာ ေမြးျမဴေရးလုပ္ငန္းရွင္က ေတြ႔ရွိၿပီး ကယ္တင္ခဲ့တာျဖစ္ပါတယ္။

ကေလးကို ခြန္ခဲေဆး႐ုံ အထူးကုသေဆာင္မွာ ကေလးကို ကုသေပးေနၿပီး ဓားဒဏ္ရာ ၁၄ ခ်က္ရသလို ဒဏ္ရာထဲကို အညစ္အေၾကးေတြ ၀င္ခဲ့ေပမယ့္ အသက္မေသလို႔ ေဆး႐ုံ ၀န္ထမ္းေတြက ကေလးကို အီဒင္း (ကမာၻေျမရနံ႔) လို႔ အမည္ေပးထားပါတယ္။

ကေလးကို ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ ကေလးမိခင္ကို စုံစမ္းစစ္ေဆးသူေတြက ရွာေဖြခဲ့ၿပီး ေဖေဖာ္၀ါရီ ၂၆ ရက္ ညေနမွာ ဆုဒါကို သံသယနဲ႔ ဖမ္းဆီးခဲ့ပါတယ္။

အီဒင္းကုိ ျမဳႇပ္ထားတဲ့ေနရာမွာ အမ်ိဳးသမီးနဲ႔ လင္ေယာက်္ားတဦးကို ေတြ႔ရတယ္လို႔ မ်က္ျမင္သက္ေသေတြက ဆိုပါတယ္။

ဆုဒါရဲ႕ ႐ုပ္ပိုင္းဆုိင္ရာကို စစ္ေဆးခဲ့ရာမွာ လြန္ခဲ့တဲ့ ၅ ရက္က ကေလးေမြးဖြားခဲ့တာကို ေတြ႔ရွိခဲ့ရသလို ေနာက္ပိုင္းမွာ ဆုဒါက ၀န္ခံခဲ့တာ ျဖစ္ပါတယ္။

ဆုဒါနဲ႔ခင္ပြန္းတို႔ကို သစ္ပင္ခုတ္ဖို႔ ငွားရမ္းရာမွာ အလုပ္လုပ္ရင္း ကေလးကို ေမြးဖြားခဲ့တာျဖစ္သလို ကေလးကို ဓားနဲ႔မထိုးခင္ ခ်က္ႀကိဳးကို သစ္သားစနဲ႔ ျဖတ္ခဲ့တယ္လို႔ ဆုိပါတယ္။

ဒီေနာက္ ကေလးလည္ပင္းကို ပလတ္စတစ္အိတ္နဲ႔ ခ်ည္ေႏွာင္ၿပီး ေသေအာင္သတ္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္မွာေတာ့ က်င္းတူးၿပီး ေျမျမဳပ္ကာ သစ္ရြက္ေျခာက္ေတြနဲ႔ ဖုံးအုပ္ခဲ့တာ ျဖစ္ပါတယ္။

ဆုဒါကို သတ္ျဖတ္ရန္ႀကိဳးစားမႈ၊ ရက္ရက္စက္စက္ တုိက္ခုိက္မႈနဲ႔ အသက္ ၉ ႏွစ္ေအာက္ ကေလးကို စြန္ပစ္မႈေတြနဲ႔ စြဲဆိုထားပါတယ္။

ကေလးဟာ ေျမႀကီးထဲမွာ ဘယ္ေလာက္ေနခဲ့ရသလဲဆိုတာ မသိခဲ့ရဘူးလို႔ ဆိုသလို ထုိင္းရတ္သတင္းကေတာ့ ကေလးက သတိျပန္လည္လာၿပီး ဆရာ၀န္ေတြက ၾကပ္မတ္ကုသေနတယ္လို႔ ဆုိပါတယ္။

သတင္းထြက္ေပၚလာၿပီးတဲ့ေနာက္မွာ ကေလးကို ေမြးဖို႔ ေတာင္းဆိုမႈေတြရွိသလို ကေလးအတြက္ ကူညီေထာက္ပံ့လွဴဒါန္းမႈေတြ လက္ခံရရွိေနပါတယ္။

==================

DVB TV News

Saturday, February 27, 2016
.................
ကလေးကို ဓားဖြင့် ၁၄ ချက်ထိုးပြီး အရှင်လတ်လတ် မြေမြုှပ်ခဲ့သည့် မိခင်ကို ဖမ်းမိ

==========================
==========================

ထိိုင်းနိုင်ငံ ခွန််ခဲခရိုင်မှာ မွေးကင်းစကလေးကို ဓားနဲ့ ၁၄ ချက်ထိုးပြီး အရှင်လတ်လတ် မြေမြုှပ်ခဲ့တဲ့ မိခင်ကို ဖမ်းဆီးလိုက်ပါတယ်။

ကလေးကို မလိုချင်တာကြောင့် သတ်လိုက်တာလို့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ဆုဒါသောင်ဒီက ၀န်ခံခဲ့ပြီး ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကို ဖေဖော်ဝါရီ ၂၇ ရက်က ပြန်လည် သရုပ်ပြခဲ့တယ်လို့ ထိုင်းဘန်ကောက်ပိုစ် သတင်းက ရေးပါတယ်။

သရုပ်ပြတဲ့အချိန် အမျိုးသမီးကို လုံခြုံရေး အစောင့်အကြပ် တင်းတင်းကြပ်ကြပ်ချထားပြီး လူတွေက သူကို ဆဲရေးတိုင်းထွာခဲ့ပါတယ်။

ခွန််ခဲခရိုင် နောင်ဆဝမ်ရွာက စပါးခင်းမှာ အချက်ပေါင်းများစွာ ဓားထိုးခံရပြီး အရှင်လတ်လတ် မြေမြုှပ်ခံထားရတဲ့ ကလေးကို ဖေဖော်ဝါရီ ၂၃ ရက်မှာ မွေးမြူရေးလုပ်ငန်းရှင်က တွေ့ရှိပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်။

ကလေးကို ခွန်ခဲဆေးရုံ အထူးကုသဆောင်မှာ ကလေးကို ကုသပေးနေပြီး ဓားဒဏ်ရာ ၁၄ ချက်ရသလို ဒဏ်ရာထဲကို အညစ်အကြေးတွေ ၀င်ခဲ့ပေမယ့် အသက်မသေလို့ ဆေးရုံ ၀န်ထမ်းတွေက ကလေးကို အီဒင်း (ကမ္ဘာမြေရနံ့) လို့ အမည်ပေးထားပါတယ်။

ကလေးကို တွေ့ရှိခဲ့ပြီးတဲ့နောက် ကလေးမိခင်ကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက် ညနေမှာ ဆုဒါကို သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အီဒင်းကို မြုှပ်ထားတဲ့နေရာမှာ အမျိုးသမီးနဲ့ လင်ယောကျ်ားတဦးကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဆုဒါရဲ့ ရုပ်ပိုင်းဆိုင်ရာကို စစ်ဆေးခဲ့ရာမှာ လွန်ခဲ့တဲ့ ၅ ရက်က ကလေးမွေးဖွားခဲ့တာကို တွေ့ရှိခဲ့ရသလို နောက်ပိုင်းမှာ ဆုဒါက ၀န်ခံခဲ့တာ ဖြစ်ပါတယ်။

ဆုဒါနဲ့ခင်ပွန်းတို့ကို သစ်ပင်ခုတ်ဖို့ ငှားရမ်းရာမှာ အလုပ်လုပ်ရင်း ကလေးကို မွေးဖွားခဲ့တာဖြစ်သလို ကလေးကို ဓားနဲ့မထိုးခင် ချက်ကြိုးကို သစ်သားစနဲ့ ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ကလေးလည်ပင်းကို ပလတ်စတစ်အိတ်နဲ့ ချည်နှောင်ပြီး သေအောင်သတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်မှာတော့ ကျင်းတူးပြီး မြေမြုပ်ကာ သစ်ရွက်ခြောက်တွေနဲ့ ဖုံးအုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆုဒါကို သတ်ဖြတ်ရန်ကြိုးစားမှု၊ ရက်ရက်စက်စက် တိုက်ခိုက်မှုနဲ့ အသက် ၉ နှစ်အောက် ကလေးကို စွန်ပစ်မှုတွေနဲ့ စွဲဆိုထားပါတယ်။

ကလေးဟာ မြေကြီးထဲမှာ ဘယ်လောက်နေခဲ့ရသလဲဆိုတာ မသိခဲ့ရဘူးလို့ ဆိုသလို ထိုင်းရတ်သတင်းကတော့ ကလေးက သတိပြန်လည်လာပြီး ဆရာဝန်တွေက ကြပ်မတ်ကုသနေတယ်လို့ ဆိုပါတယ်။

သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာ ကလေးကို မွေးဖို့ တောင်းဆိုမှုတွေရှိသလို ကလေးအတွက် ကူညီထောက်ပံ့လှူဒါန်းမှုတွေ လက်ခံရရှိနေပါတယ်။

==================

DVB TV News

Saturday, February 27, 2016
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment