ေတာင္တ႐ုတ္ပင္လယ္အတြင္း အျငင္းပြားကြၽန္း၌ တ႐ုတ္ႏိုင္ငံက ဂ်က္တိုက္ေလယာဥ္မ်ားျဖန္႔ၾကက္


ဝါရွင္တန္ ေဖေဖာ္ဝါရီ ၂၄

တ႐ုတ္ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္ဆိုင္မႈအျငင္းပြားေနသည့္ ကြၽန္းတစ္ကြၽန္း၌ ဂ်က္တိုက္ ေလယာဥ္မ်ားကို ျဖန္႔ၾကက္ခ်ထားလိုက္ေၾကာင္း၊ ေျမျပင္မွ ေဝဟင္ပစ္ဒံုးက်ည္မ်ားကုိလည္း ျဖန္႔ၾကက္ရန္ေပးပို႔ခဲ့ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံသည္ ရွန္ယန္း ေဂ်-၁၁ ႏွင့္ စီအန္း ေဂ်အိတ္ခ်္-၇အမ်ဳိးအစားစစ္ေလယာဥ္မ်ားကုိ ျဖန္႔ၾကက္ထားေၾကာင္း၊ ပိုင္ဆိုင္မႈအတြက္အျငင္းပြားေနသည့္ ပါရာဆဲလ္ကြၽန္းစုရွိ ဝူဒီကြၽန္း၌ ရက္သတၱပတ္အနည္းငယ္အတြင္း တိုက္ေလယာဥ္မ်ားျဖန္႔ၾကက္ထားသည္ကို အေမရိကန္ေထာက္လွမ္းေရးဌာနမ်ားက စံုစမ္းသိရွိရျခင္းျဖစ္ေၾကာင္း သတင္းတြင္ေဖာ္ျပသည္။

တ႐ုတ္ဂ်က္တိုက္ေလယာဥ္မ်ားသည္ ယခင္ကလည္း ယင္းကြၽန္း၌ တိုက္ေလယာဥ္မ်ားျဖန္႔ၾကက္ခဲ့ဖူးေၾကာင္း အေမရိကန္ျပည္ေထာင္စု ပစိဖိတ္ေဒသဆိုင္ရာ ေရတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ေရတပ္ဗိုလ္ႀကီး ေဒရမ္ဂ်ိမ္းက ေျပာၾကားသည္။ ဝူဒီကြၽန္းပိုင္ဆိုင္မႈအေရးႏွင့္ပတ္သက္၍ တ႐ုတ္တိုင္ေပႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားက ေတာင္းဆိုမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ယင္းကြၽန္းေပၚ၌ ၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားမွစ၍ ေလယာဥ္ကြင္းတစ္ခုတည္ရွိခဲ့သည္။ သို႔ရာတြင္ တ႐ုတ္ႏိုင္ငံက ေဂ်-၁၁အမ်ဳိးအစား ဂ်က္ေလယာဥ္မ်ားဆင္းသက္ အသံုးျပဳႏိုင္ေရးအတြက္ ယခင္ႏွစ္မ်ားအတြင္း ေလယာဥ္ကြင္းကို အဆင့္ျမႇင့္တင္မႈမ်ားျပဳလုပ္ခဲ့သည္။

အေမရိကန္ျပည္ေထာင္စု ႏိုင္ငံျခားေရးဝန္ႀကီး ဂြၽန္ကယ္ရီႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီတို႔ ဝါရွင္တန္တြင္ ေတြ႕ဆံုေဆြးေႏြးမႈအၿပီး အျငင္းပြားကြၽန္းေပၚ တ႐ုတ္စစ္ေလယာဥ္မ်ားျဖန္႔ၾကက္မႈ သတင္းေပၚ ထြက္လာျခင္းျဖစ္ေၾကာင္း သတင္းတြင္ေဖာ္ျပသည္။

ပီတီအိုင္။
The Mirror Daily
https://www.facebook.com/TheMirrorDaily
.....................


ဝါရှင်တန် ဖေဖော်ဝါရီ ၂၄

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းတစ်ကျွန်း၌ ဂျက်တိုက် လေယာဉ်များကို ဖြန့်ကြက်ချထားလိုက်ကြောင်း၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကိုလည်း ဖြန့်ကြက်ရန်ပေးပို့ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံသည် ရှန်ယန်း ဂျေ-၁၁ နှင့် စီအန်း ဂျေအိတ်ချ်-၇အမျိုးအစားစစ်လေယာဉ်များကို ဖြန့်ကြက်ထားကြောင်း၊ ပိုင်ဆိုင်မှုအတွက်အငြင်းပွားနေသည့် ပါရာဆဲလ်ကျွန်းစုရှိ ဝူဒီကျွန်း၌ ရက်သတ္တပတ်အနည်းငယ်အတွင်း တိုက်လေယာဉ်များဖြန့်ကြက်ထားသည်ကို အမေရိကန်ထောက်လှမ်းရေးဌာနများက စုံစမ်းသိရှိရခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

တရုတ်ဂျက်တိုက်လေယာဉ်များသည် ယခင်ကလည်း ယင်းကျွန်း၌ တိုက်လေယာဉ်များဖြန့်ကြက်ခဲ့ဖူးကြောင်း အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာ ရေတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး ဒေရမ်ဂျိမ်းက ပြောကြားသည်။ ဝူဒီကျွန်းပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်၍ တရုတ်တိုင်ပေနှင့် ဗီယက်နမ်နိုင်ငံများက တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

ယင်းကျွန်းပေါ်၌ ၁၉၉ဝ ပြည့်လွန်နှစ်များမှစ၍ လေယာဉ်ကွင်းတစ်ခုတည်ရှိခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံက ဂျေ-၁၁အမျိုးအစား ဂျက်လေယာဉ်များဆင်းသက် အသုံးပြုနိုင်ရေးအတွက် ယခင်နှစ်များအတွင်း လေယာဉ်ကွင်းကို အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး အငြင်းပွားကျွန်းပေါ် တရုတ်စစ်လေယာဉ်များဖြန့်ကြက်မှု သတင်းပေါ် ထွက်လာခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

ပီတီအိုင်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment