ေျမာက္ကိုရီးယားကို အေရးယူဖုိ႔ တရုတ္ေထာက္ခံ ( မြောက်ကိုရီးယားကို အရေးယူဖို့ တရုတ်ထောက်ခံ )

ကုိရီးယားကၽြန္းဆြယ္ဆုိင္ရာ တရုတ္ကုိယ္စားလွယ္ Wu Dawei
ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားမူ၀ါဒေတြေၾကာင့္ ကုလသမဂၢလုံၿခံဳေရးေကာင္စီက ေျမာက္ကုိရီးယားအေပၚ ခ်မွတ္ဖုိ႔ရွိတဲ့ ပုိမုိ ျပင္းထန္တဲ့ ပိတ္ဆုိ႔အေရးယူမႈေတြကုိ တရုတ္အစုိးရအေနနဲ႔ ေထာက္ခံသြားမယ္လုိ႔ ကုိရီးယားကၽြန္းဆြယ္ဆုိင္ရာ တရုတ္ကုိယ္စားလွယ္ Wu Dawei က ေျပာပါတယ္။

ကုိရီးယား ကၽြန္းဆြယ္ဆုိင္ရာ ေတာင္ကုိရီးယားကုိယ္စားလွယ္ Hwang Joon-kook နဲ႔ ေတာင္ကုိရီးယားႏုိင္ငံ ဆုိးလ္ၿမိဳ႕မွာ တနဂၤေႏြေန႔က ေတြ႔ဆုံအၿပီး ကုိရီးယားကၽြန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈရွိေစေရးအတြက္ ႏွစ္ႏုိင္ငံစလုံးက အတူတကြ ပူးေပါင္း ေဆာင္ရြက္သြားၾကမယ္လုိ႔ Wu Dawei ေျပာၾကားလုိက္ပါတယ္။

ေတာင္ကုိရီးယားကုိယ္စားလွယ္ Hwang က ေတြ႔ဆုံမႈအၿပီး ခမ္းမအျပင္မွာ ေျပာၾကားရာမွာေတာ့ - တရုတ္ႏုိင္ငံရဲ႕ ေထာက္ခံမႈကုိ ႀကိဳဆုိေၾကာင္းနဲ႔ ဒါဟာ အဓိပၸါယ္ျပည့္၀တဲ့ အေျပာင္းအလဲ စတင္ခ်န္ပဲလုိ႔ ေျပာပါတယ္။

ေျမာက္ကုိရီးယားအေနနဲ႔ သူတုိ႔ရဲ႕ ေတြးေခၚမႈကုိ ေျပာင္းလဲပစ္ဖုိ႔ လုိအပ္ေၾကာင္းနဲ႔ အဆင့္အတန္းရွိရွိ က်င့္ႀကံေနထုိင္ဖုိ႔ လုိအပ္တယ္ဆုိတာကုိ ႏွစ္ႏုိင္ငံစလုံးက တသေဘာထားထဲ ရွိခဲ့ေၾကာင္း Hwang က ေျပာပါတယ္။

တရုတ္နဲ႔ အေမရိကန္အၾကား ေျမာက္ကုိရီးယားအေပၚ အျပင္းထန္ဆုံး ပိတ္ဆုိ႔အေရးယူမႈ ခ်မွတ္ေရး သေဘာတူညီမႈ ရရွိအၿပီးမွာ သြားေရာက္တာျဖစ္တဲ့အတြက္ Wu Dawei ရဲ႕ ခရီးစဥ္အေပၚ အမ်ားစုက စိတ္၀င္တစားနဲ႔ ေစာင့္ၾကည့္ေနၾကတာပါ။

ေျမာက္ကုိရီးယားက ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ ႏ်ဴကလီးယားစမ္းသပ္ ေဖာက္ခြဲမႈနဲ႔ ဒုံးက်ည္ ပစ္လႊတ္ခဲ့မႈေတြကုိ တုန္႔ျပန္တဲ့အေနနဲ႔ ေျမာက္ကုိရီးယားအေပၚ ဖိအားသိသိသာသာတုိးေပးမယ့္ အဆုိျပခ်က္မူၾကမ္းကုိ အေမရိကန္ျပည္ေထာင္စုက ေသာၾကာေန႔က ကုလသမဂၢလုံၿခံဳေရးေကာင္စီကုိ တင္သြင္းခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........
 ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ်ကိုယ်စားလှယ် Wu Dawei
မြောက်ကိုရီးယားရဲ့ နျူကလီးယားမူဝါဒတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ်ဖို့ရှိတဲ့ ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို တရုတ်အစိုးရအနေနဲ့ ထောက်ခံသွားမယ်လို့ ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ်ကိုယ်စားလှယ် Wu Dawei က ပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ်ဆိုင်ရာ တောင်ကိုရီးယားကိုယ်စားလှယ် Hwang Joon-kook နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံအပြီး ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိစေရေးအတွက် နှစ်နိုင်ငံစလုံးက အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ Wu Dawei ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားကိုယ်စားလှယ် Hwang က တွေ့ဆုံမှုအပြီး ခမ်းမအပြင်မှာ ပြောကြားရာမှာတော့ - တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ကြိုဆိုကြောင်းနဲ့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ အပြောင်းအလဲ စတင်ချန်ပဲလို့ ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ တွေးခေါ်မှုကို ပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်းနဲ့ အဆင့်အတန်းရှိရှိ ကျင့်ကြံနေထိုင်ဖို့ လိုအပ်တယ်ဆိုတာကို နှစ်နိုင်ငံစလုံးက တသဘောထားထဲ ရှိခဲ့ကြောင်း Hwang က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်အကြား မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှု ချမှတ်ရေး သဘောတူညီမှု ရရှိအပြီးမှာ သွားရောက်တာဖြစ်တဲ့အတွက် Wu Dawei ရဲ့ ခရီးစဉ်အပေါ် အများစုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။

မြောက်ကိုရီးယားက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုနဲ့ ဒုံးကျည် ပစ်လွှတ်ခဲ့မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် ဖိအားသိသိသာသာတိုးပေးမယ့် အဆိုပြချက်မူကြမ်းကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့က ကုလသမဂ္ဂလုံခြံုရေးကောင်စီကို တင်သွင်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment