Syria စစ္ အပစ္ရပ္ၿပီ (Syria စစ် အပစ်ရပ်ပြီ )

ဆီးရီးယားၿမိဳ႕ Homs ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၁၆)
ဆီးရီးယားႏိုင္ငံမွာ အပစ္အခတ္ရပ္စဲေရးကို စတင္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီအပစ္အခတ္ရပ္စဲေရးအတြက္ အဖြဲ႔ေပါင္း ၁၀၀ ေလာက္က ေစာင့္ၾကည့္ ၾကမွာျဖစ္ပါတယ္။ အေမရိကန္နဲ႔ ရုရွားတို႔ရဲ့ ၾကားဝင္ညွိႏႈိင္းမႈနဲ႔ ျပဳလုပ္တဲ့ အပစ္အခတ္ရပ္စဲေရးဟာ ဆီးရီးယားစံေတာ္ခ်ိန္ ညသန္းေခါင္မွာ စတင္ဖို႔ စီစဥ္ထား ပါတယ္။

ဒီအပစ္အခတ္ရပ္စဲေရးကို အဖြဲ႔ ၉၇ ဖြဲ႔ကေန ေစာင့္ၾကည့္ေလ့လာသြားမယ္လို႔ ကတိေပးၾကေၾကာင္း ဆီးရီးယား အတိုက္အခံေတြရဲ့ အဆင့္ျမင့္ ညွိႏႈိင္းေရး ေကာ္မတီက ေက်ညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

အခု အပစ္အခတ္ရပ္စဲေရးအတြက္ အိုင္အက္စ္ အၾကမ္းဖက္အဖြဲ႔နဲ႔ အယ္လ္ ႏူစရာ တပ္ဦး အၾကမ္းဖက္ အဖြဲ႔ေတြကိုေတာ့ ထည့္သြင္းမထားပါဘူး။

ယာယီ အပစ္အခတ္ရပ္စဲေရး မစတင္ခင္ တနာရီေတာင္ မျပည့္တဲ့ အခ်ိန္မွာပဲ နယူးေရာက္မွာ ကုလသမဂၢ လုံၿခံဳေရးေကာင္စီက ဒီအပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈကို တညီတညြတ္တည္း အတည္ျပဳေပးခဲ့တာပါ။

ဆီးရီးယား ျပည္တြင္းစစ္မွာ ပါဝင္ဆင္ႏြဲေနတဲ့ အဖြဲ႔အားလံုးက ဒီသေဘာတူညီမႈနဲ႔ ပတ္သက္တဲ့ သတ္မွတ္ခ်က္ေတြကို လုိက္နာဖုိ႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အဖြဲ႔ဝင္အားလံုးက ေသာၾကာေန႔မွာ တညီတညြတ္ထဲ ေတာင္းဆိုလိုက္ၾကတာပါ။ ဒါ့အျပင္ ကုလသမဂၢ ၾကားဝင္ေဆာင္ရြက္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို ဆီးရီးယား အစိုးရနဲ႔ အတိုက္အခံေတြ ျပန္လည္ စတင္ၾကဖုိ႔လည္း လံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္က တိုက္တြန္းထားပါတယ္။

ဒီေဆြးေႏြးပြဲမွာ ဆီးရီးယားဆိုင္ရာ ကုလအထူးသံတမန္ Staffan de Mistura က အပစ္အခတ္ရပ္စဲတဲ့ ကာလ ၾကာရွည္ေအာင္ ထိမ္းထားႏိုင္ၿပီ လူသားခ်င္းစာနာမႈ အကူညီေတြ ဆက္ေပးႏိုင္မယ္ ဆိုရင္ ဆီးရီးယား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို ဂ်နီဗာမွာ မတ္လ ၇ ရက္ေန႔မွာ ျပန္လည္ က်င္းပႏုိင္မွာ ျဖစ္တယ္လုိ႔ ေၾကညာခဲ့ ပါတယ္။

အပစ္အခတ္စတင္ ရပ္စဲလိုက္ၿပီးတဲ့ ေနာက္မွာ ဆီးရီးယားက အစြန္းသိပ္မေရာက္တဲ့ အတုိက္အခံေတြကို ရုရွားက တုိက္ခိုက္မႈေတြ မလုပ္ဖုိ႔ ရုရွားဆီက အာမခံခ်က္ေတြ ရထားတယ္လိုိ႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Mark Toner က ေသာၾကာေန႔မွာ ေျပာပါတယ္။ ဒါ့အျပင္ ဒါဟာ ရုရွားအေနနဲ႔ တိုက္ခိုက္မႈ ရပ္ဆိုင္းတာနဲ႔ ပါတ္သက္ၿပီး အေျပာမဟုတ္ပဲ အလုပ္နဲ႔ သက္ေသျပဖုိ႔ လိုတယ္ လုိ႔လည္း ေျပာပါတယ္။

အပစ္အခတ္ရပ္စဲမႈ မစခင္မွာေတာ့ ရုရွား စစ္ေလယာဥ္ေတြဟာ အၾကမ္းဖက္အဖြဲ႔ေတြလို႔ သူတုိ႔ေခၚတဲ့သူေတြအေပၚ ေသာၾကာေန႔မွာ ဆက္တုိက္ဗံုးႀကဲ ခဲ့တာပါ။ ရုရွားသမၼတ Vladimir Putin ကလည္း ရုရွားေလယာဥ္ေတြဟာ ဆီးရီးယားထဲမွာ ရွိတဲ့ အိုင္အက္စ္အဖြဲ႔နဲ႔ အယ္လ္ကိုင္ဒါနဲ႔ ဆက္ႏြယ္ေနတဲ့ al-Nusra တပ္ဦး အၾကမ္းဖက္ အဖြဲ႔ေတြကို ဆက္ၿပီး ဗံုးႀကဲတိုက္ခိုက္ဖို႔ စီစဥ္ထားေၾကာင္း ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
 ဆီးရီးယားမြို့ Homs မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးအတွက် အဖွဲ့ပေါင်း ၁၀၀ လောက်က စောင့်ကြည့် ကြမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဆီးရီးယားစံတော်ချိန် ညသန်းခေါင်မှာ စတင်ဖို့ စီစဉ်ထား ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကို အဖွဲ့ ၉၇ ဖွဲ့ကနေ စောင့်ကြည့်လေ့လာသွားမယ်လို့ ကတိပေးကြကြောင်း ဆီးရီးယား အတိုက်အခံတွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီက ကျေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခု အပစ်အခတ်ရပ်စဲရေးအတွက် အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ အယ်လ် နူစရာ တပ်ဦး အကြမ်းဖက် အဖွဲ့တွေကိုတော့ ထည့်သွင်းမထားပါဘူး။

ယာယီ အပစ်အခတ်ရပ်စဲရေး မစတင်ခင် တနာရီတောင် မပြည့်တဲ့ အချိန်မှာပဲ နယူးရောက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တညီတညွတ်တည်း အတည်ပြုပေးခဲ့တာပါ။

ဆီးရီးယား ပြည်တွင်းစစ်မှာ ပါဝင်ဆင်နွဲနေတဲ့ အဖွဲ့အားလုံးက ဒီသဘောတူညီမှုနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အဖွဲ့ဝင်အားလုံးက သောကြာနေ့မှာ တညီတညွတ်ထဲ တောင်းဆိုလိုက်ကြတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ ပြန်လည် စတင်ကြဖို့လည်း လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆီးရီးယားဆိုင်ရာ ကုလအထူးသံတမန် Staffan de Mistura က အပစ်အခတ်ရပ်စဲတဲ့ ကာလ ကြာရှည်အောင် ထိမ်းထားနိုင်ပြီ လူသားချင်းစာနာမှု အကူညီတွေ ဆက်ပေးနိုင်မယ် ဆိုရင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဂျနီဗာမှာ မတ်လ ရ ရက်နေ့မှာ ပြန်လည် ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။

အပစ်အခတ်စတင် ရပ်စဲလိုက်ပြီးတဲ့ နောက်မှာ ဆီးရီးယားက အစွန်းသိပ်မရောက်တဲ့ အတိုက်အခံတွေကို ရုရှားက တိုက်ခိုက်မှုတွေ မလုပ်ဖို့ ရုရှားဆီက အာမခံချက်တွေ ရထားတယ်လိို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mark Toner က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်မှု ရပ်ဆိုင်းတာနဲ့ ပါတ်သက်ပြီး အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြဖို့ လိုတယ် လို့လည်း ပြောပါတယ်။

အပစ်အခတ်ရပ်စဲမှု မစခင်မှာတော့ ရုရှား စစ်လေယာဉ်တွေဟာ အကြမ်းဖက်အဖွဲ့တွေလို့ သူတို့ခေါ်တဲ့သူတွေအပေါ် သောကြာနေ့မှာ ဆက်တိုက်ဗုံးကြဲ ခဲ့တာပါ။ ရုရှားသမ္မတ Vladimir Putin ကလည်း ရုရှားလေယာဉ်တွေဟာ ဆီးရီးယားထဲမှာ ရှိတဲ့ အိုင်အက်စ်အဖွဲ့နဲ့ အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ al-Nusra တပ်ဦး အကြမ်းဖက် အဖွဲ့တွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စီစဉ်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment