ဒက္ကာမွာ ေဖာက္ခြဲေရးပစၥည္းေတြ ဖမ္းမိ

Dhaka မွာ ေဖာက္ခြဲေရးပစၥည္းမာ်းရဲမ်ား ရွာေဖြေတြ႔ရွိခဲ့စဥ္
ဘဂၤလားဒက္ရွ္ ႏိုင္ငံ မွာ မၾကာခင္ကာလေတြအတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီးဆက္ႏြယ္မႈ ရွိမယ္လုိ႔ သံသယရွိတဲ့ ဂ်မားတူလ္ မူဂ်ာေဟဒင္ JMB အဖြဲ႔က စစ္ေသြးၾကြေတြရဲ့ ပုန္းခိုရာေနရာမွာ တနဂၤေႏြေန႔က ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ဗံုးလုပ္တဲ့ပစၥည္းေတြကို ဖမ္းဆီးရမိေၾကာင္း ဘဂၤလားဒက္ရွ္ ရဲအဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။

မူစလင္ အမ်ားစုေနထိုင္ရာ ဘဂၤလားဒက္ရွ္ ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္တုန္းက အစြန္းမေရာက္တဲ့ တက္ၾကြလႈပ္ရွားသူ အမ်ားအျပား အသတ္ခံရတာ၊ လူနည္းစု ရွီယာမူစလင္ေတြ၊ ခရစ္ယန္ဘုန္းေတာ္ႀကီးေတြနဲ႔ ဟိႏၵဴဘုရားေက်ာင္းေတြ အတိုက္ခိုက္ခံရတာလို အစၥလာမ္ အၾကမ္းဖက္ မႈေတြ တိုးလာတာပါ။

အေစာပိုင္းက ဒက္ကာၿမိဳ႕ေတာ္မွာ ဖမ္းဆီးရမိတဲ့ JMB အဖြဲ႔က အဖြဲ႔ဝင္ေတြဆီက ရတဲ့ အခ်က္အလက္ေတြေပၚ အေျခခံၿပီး ဒက္ကာၿမိဳ႕ျပင္က အိမ္တအိမ္မွာ ဝင္ေရာက္ရွာေဖြခဲ့တာလို႔ ရဲတပ္ဖြဲ႔ ဒုတိယ ေကာ္မရွင္နာမင္းႀကီးက ေျပာပါတယ္။ ဝင္ရာက္စီးနင္းမႈကေန အဲဒီမွာ ဗံုးျပဳလုပ္တဲ့ ကရိယာ အမ်ားအျပားနဲ႔ ေဖာက္ခြဲေရး ပစၥည္းေတြကို ေတြ႔ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဒီအဖြဲ႔ဟာ ရွီယာဘုရားေက်ာင္းတခုနဲ႔ ႏိုင္ငံျခားသား ၂ ဦးကို သတ္ျဖတ္တာလိုမ်ိဳး တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္မႈေတြရွိေနမယ္လုိ႔ ယုံၾကည္ၾကပါတယ္။

IS စစ္ေသြးၾကြ အဖြဲ႔ကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ဟိႏၵဴဘုန္းေတာ္ႀကီးတပါးကို သတ္ျဖတ္တာနဲ႔ ႏိုဝင္ဘာလတုန္းက ရွီယာဗလီတခုကို တိုက္ခိုက္တာ အပါအဝင္ မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈေတြကို သူတို႔ လုပ္ေဆာင္တာလို႔        ေၾကညာ ပါတယ္။

ဘဂၤလားဒက္ရွ္ အစိုးရကေတာ့ သူတုိ႔ႏုိင္ငံထဲမွာ IS အစြန္းေရာက္ေတြ မရွိဘူးလို႔ ျငင္းဆိုေနတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
 Dhaka မှာ ဖောက်ခွဲရေးပစ္စည်းမာျးရဲများ ရှာဖွေတွေ့ရှိခဲ့စဉ်
ဘင်္ဂလားဒက်ရှ် နိုင်ငံ မှာ မကြာခင်ကာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးဆက်နွယ်မှု ရှိမယ်လို့ သံသယရှိတဲ့ ဂျမားတူလ် မူဂျာဟေဒင် JMB အဖွဲ့က စစ်သွေးကြွတွေရဲ့ ပုန်းခိုရာနေရာမှာ တနင်္ဂနွေနေ့က ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိကြောင်း ဘင်္ဂလားဒက်ရှ် ရဲအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

မူစလင် အများစုနေထိုင်ရာ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တုန်းက အစွန်းမရောက်တဲ့ တက်ကြွလှုပ်ရှားသူ အများအပြား အသတ်ခံရတာ၊ လူနည်းစု ရှီယာမူစလင်တွေ၊ ခရစ်ယန်ဘုန်းတော်ကြီးတွေနဲ့ ဟိန္ဒူဘုရားကျောင်းတွေ အတိုက်ခိုက်ခံရတာလို အစ္စလာမ် အကြမ်းဖက် မှုတွေ တိုးလာတာပါ။

အစောပိုင်းက ဒက်ကာမြို့တော်မှာ ဖမ်းဆီးရမိတဲ့ JMB အဖွဲ့က အဖွဲ့ဝင်တွေဆီက ရတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ဒက်ကာမြို့ပြင်က အိမ်တအိမ်မှာ ဝင်ရောက်ရှာဖွေခဲ့တာလို့ ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။ ဝင်ရာက်စီးနင်းမှုကနေ အဲဒီမှာ ဗုံးပြုလုပ်တဲ့ ကရိယာ အများအပြားနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို တွေ့ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအဖွဲ့ဟာ ရှီယာဘုရားကျောင်းတခုနဲ့ နိုင်ငံခြားသား ၂ ဦးကို သတ်ဖြတ်တာလိုမျိုး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်မှုတွေရှိနေမယ်လို့ ယုံကြည်ကြပါတယ်။

IS စစ်သွေးကြွ အဖွဲ့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဟိန္ဒူဘုန်းတော်ကြီးတပါးကို သတ်ဖြတ်တာနဲ့ နိုဝင်ဘာလတုန်းက ရှီယာဗလီတခုကို တိုက်ခိုက်တာ အပါအဝင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို သူတို့ လုပ်ဆောင်တာလို့        ကြေညာ ပါတယ်။

ဘင်္ဂလားဒက်ရှ် အစိုးရကတော့ သူတို့နိုင်ငံထဲမှာ IS အစွန်းရောက်တွေ မရှိဘူးလို့ ငြင်းဆိုနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment