ကၽြန္လုပ္သားေတြ ကို ခိုင္းေစထုတ္လုပ္ထားတဲ့ ပစၥည္းေတြ အေမရိကန္ႏိုင္ငံမွာ မတင္သြင္းဖို႔ တားျမစ္မယ့္ ဥပေဒၾကမ္းကို အိုဘားမား လက္မွတ္ထုိး


Bangkok Post

အေရွ႕ေတာင္အာရွက ထုိင္းႏုိင္ငံအပါအ၀င္ အျခားႏိုင္ငံေတြဆီမွာ အတင္းအဓၶမ ဖမ္းဆီးထားတဲ့ ကၽြန္လုပ္သားေတြနဲ႔ ထုတ္လုပ္ထားတဲ့
ကုန္ေတြကို အေမရိကန္ႏိုင္ငံထဲကုိ မတင္သြင္းဖု႔ိ တားျမစ္တဲ့ ဥပေဒၾကမ္းတစ္ရပ္ကို အေမရိကန္ သမၼတ ဘားရတ္ အိုဘားမားက
လက္မွတ္ေရးထိုးလိုက္တယ္လို႔ သတင္းတစ္ရပ္မွာ ေဖာ္ျပပါတယ္။ အေမရိကန္ႏိုင္ငံမွာ
ႏွစ္ေပါင္း ၈၅ ႏွစ္တာ သက္တမ္းရွိခဲ့တဲ့ ယခင္ဥပေဒမွာေတာ့ ကၽြန္လုပ္သားေတြနဲ႔ ကေလးလုပ္သားေတြကိုသံုးၿပီးေတာ့ ထုတ္လုပ္ထားတဲ့
ပစၥည္းေတြကို တင္သြင္းခြင့္ျပဳခဲ့ေပမယ့္လည္း ယခု ဥပေဒၾကမ္းနဲ႔ ျပင္ဆင္ေရးဆဲြလိုက္တာလည္းျဖစ္ပါတယ္။

ယခု ဥပေဒၾကမ္းကို အတည္ျပဳျပဌာန္းၿပီးရင္ေတာ့ ထုိင္းႏိုင္ငံမွာ ကၽြန္လုပ္သားေတြနဲ႔ ဖမ္းဆီးထားခဲ့တဲ့ ငါးေတြ၊ အာဖရိက ေဒသမွာ
ကေလးလုပ္သားေတြနဲ႔ တူးထားတဲ့ ေရႊေတြနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အမ်ဳိးသမီးေတြကို မတရားခိုင္းေစမႈေတြရွိေနတဲ့လုပ္ငန္းေတြက
ထြက္တဲ့ အထည္အလိပ္ေတြ စတဲ့ ထုတ္ကုန္ေတြကို အေမရိကန္ႏိုင္ငံထဲကို တင္သြင္းခြင့္ျပဳေတာ့မွာ မဟုတ္ေတာ့ပါဘူးလို႔ သိရပါတယ္။

ယခင္ကာလေတြထဲမွာေတာ့ အေမရိကန္ႏိုင္ငံကို တင္ပို႔ေနတဲ့ ထုိင္းကုမၼဏီေတြရဲ႕ ပင္လယ္စာပို႔ကုန္ ငါးပုဇြန္ေတြဟာ ကၽြန္လုပ္သားေတြကို
ခိုင္းၿပီးေတာ့ ဖမ္းဆီးထုတ္ပိုးထားတဲ့ ကုန္ေတြျဖစ္တယ္လို႔ ေအပီ သတင္းဌာနက ေဖာ္ထုတ္တင္ျပခဲ့ပါတယ္။ ယင္းသတင္းေတြ
 ထြက္လာၿပီးေနာက္မွာေတာ့ ထုိင္းႏိုင္ငံမွာ မတရားခုိင္းေစခံေနရတဲ့ ေရလုပ္သား ၂,၀၀၀ ေက်ာ္ကုိ ကယ္တင္ႏိုင္ခဲ့သလို လူကုန္ကူးသူေတြလို႔
 ယူဆရတဲ့ လူဒါဇင္ေပါင္းမ်ားစြာကိုလည္း ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ ေရထြက္ကုန္ေတြနဲ႔
စက္ေလွေတြကုိလည္း သိမ္းဆည္းရမိခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ကၽြန္လုပ္သားေတြ ဒါမွမဟုတ္ ကေလးလုပ္သားေတြနဲ႔ ထုတ္လုပ္ထားတ့ဲ ကုန္ေတြကို တားျမစ္မယ့္ အေမရိကန္ အေကာက္ခြန္
ဥပေဒကုိ ျခြင္းခ်က္လို႔ သတ္မွတ္ထားတဲ့ စကားလံုးႏွစ္လံုးေၾကာင့္ အျပည့္အ၀ အသံုးခ်ႏိုင္မွာမဟုတ္ေသးဘူးလို႔ သိရပါတယ္။

“စားသံုးသူ၊လုိအပ္ခ်က္” ဆုိတဲ့ စကားလံုးႏွစ္လံုးအရေတာ့ အကယ္၍ အေမရိကန္ႏိုင္ငံမွာ ျပည္တြင္းစားသံုးမႈ လုိအပ္ခ်က္ကို ျပည့္မီေအာင္
မျဖည့္ဆည္းႏိုင္ဘူးဆိုရင္ေတာ့ သြင္းကုန္ေတြဟာ ဘယ္လိုနည္းလမ္းနဲ႔ပဲ ထုတ္ထုတ္ တင္သြင္းခြင့္ျပဳရမယ္လို႔ ျခြင္းခ်က္ထား ထည့္သြင္းထားတာပဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယင္း ျခြင္းခ်က္သတ္မွတ္ထားခ်က္ေတြကုိ အဆံုးသတ္ၿပီးဥပေဒကို ျပင္ဆင္ေရးဆြဲဖု႔ိ အဆုိျပဳခဲ့တဲ့ အေမရိကန္ ဆီးနိတ္လႊတ္ေတာ္
အမတ္ ရွာေရာ့ဒ္ ဘေရာင္းကေတာ့ ၎အေနနဲ႔ ဒီဥပေဒ ေနာက္ ၁၅ ရက္တြင္း အသက္၀င္လာခ်ိန္မွာေတာ့ စည္းမ်ဥ္းသစ္ေတြကုိ
 ေရးဆြဲျပဌာန္းႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ေျပာသြားပါတယ္။

“ ႏွစ္ေပါင္း ၈၅ ႏွစ္ၾကာ ဒီလိုမ်ဳိး အတင္းအဓမၼခိုင္းေစခံခဲ့ရတဲ့လုပ္သားေတြနဲ႔ ထုတ္လုပ္ထားတဲ့ ကုန္ေတြကုိ ႏိုင္ငံထဲကို တင္သြင္းခြင့္ျပဳခဲ့တာက
 အရွက္ရစရာပါပဲ၊ ဒါ့ေၾကာင့္ ဒီအခ်က္ကို တားဆီးႏိုင္ဖို႔ လုပ္တာက အေမရိကန္ႏိုင္ငံအေနနဲ႔ ကမၻာ့ကၽြန္လုပ္သားေတြ ပေပ်ာက္ဖို႔ အတြက္
 ႀကိဳးပမ္းေပးရာလည္း ေရာက္ပါတယ္” လို႔ ၎က ေျပာသြားပါတယ္။

ဓာတ္ပံု-Bangkok Post


SFJ Strategy First Journalကို Strategy First Institute က စီစဥ္တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပသတင္းနဲ႔ အထူးတင္ဆက္မႈေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။



ကျွန်လုပ်သားတွေ ကို ခိုင်းစေထုတ်လုပ်ထားတဲ့ ပစ္စည်းတွေအမေရိကန်နိုင်ငံမှာ မတင်သွင်းဖို့ တားမြစ်မယ့် ဥပဒေကြမ်းကို အိုဘားမား လက်မှတ်ထိုး

Bangkok Post

အရှေ့တောင်အာရှက ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေဆီမှာ အတင်းအဓ္ဓမ ဖမ်းဆီးထားတဲ့ ကျွန်လုပ်သားတွေနဲ့ ထုတ်လုပ်ထားတဲ့
ကုန်တွေကို အမေရိကန်နိုင်ငံထဲကို မတင်သွင်းဖို့ တားမြစ်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက
 လက်မှတ်ရေးထိုးလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံမှာနှစ်ပေါင်း ၈၅ နှစ်တာ သက်တမ်းရှိခဲ့တဲ့
 ယခင်ဥပဒေမှာတော့ ကျွန်လုပ်သားတွေနဲ့ ကလေးလုပ်သားတွေကိုသုံးပြီးတော့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို
တင်သွင်းခွင့်ပြုခဲ့ပေမယ့်လည်း ယခု ဥပဒေကြမ်းနဲ့ ပြင်ဆင်ရေးဆွဲလိုက်တာလည်းဖြစ်ပါတယ်။

ယခု ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင်တော့ ထိုင်းနိုင်ငံမှာ ကျွန်လုပ်သားတွေနဲ့ ဖမ်းဆီးထားခဲ့တဲ့ ငါးတွေ၊ အာဖရိက ဒေသမှာ
ကလေးလုပ်သားတွေနဲ့ တူးထားတဲ့ ရွှေတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးတွေကို မတရားခိုင်းစေမှုတွေရှိနေတဲ့လုပ်ငန်းတွေက
 ထွက်တဲ့ အထည်အလိပ်တွေ စတဲ့ ထုတ်ကုန်တွေကို အမေရိကန်နိုင်ငံထဲကို တင်သွင်းခွင့်ပြုတော့မှာ မဟုတ်တော့ပါဘူးလို့ သိရပါတယ်။

ယခင်ကာလတွေထဲမှာတော့ အမေရိကန်နိုင်ငံကို တင်ပို့နေတဲ့ ထိုင်းကုမ္မဏီတွေရဲ့ ပင်လယ်စာပို့ကုန် ငါးပုဇွန်တွေဟာ ကျွန်လုပ်သားတွေကို
ခိုင်းပြီးတော့ ဖမ်းဆီးထုတ်ပိုးထားတဲ့ ကုန်တွေဖြစ်တယ်လို့ အေပီ သတင်းဌာနက ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ယင်းသတင်းတွေ ထွက်လာပြီးနောက်မှာတော့
 ထိုင်းနိုင်ငံမှာ မတရားခိုင်းစေခံနေရတဲ့ ရေလုပ်သား ၂,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့သလို လူကုန်ကူးသူတွေလို့ ယူဆရတဲ့
လူဒါဇင်ပေါင်းများစွာကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ရေထွက်ကုန်တွေနဲ့ စက်လှေတွေကိုလည်း
သိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ ကျွန်လုပ်သားတွေ ဒါမှမဟုတ် ကလေးလုပ်သားတွေနဲ့ ထုတ်လုပ်ထားတဲ့ ကုန်တွေကို တားမြစ်မယ့် အမေရိကန် အကောက်ခွန်
ဥပဒေကို ခြွင်းချက်လို့ သတ်မှတ်ထားတဲ့ စကားလုံးနှစ်လုံးကြောင့် အပြည့်အဝ အသုံးချနိုင်မှာမဟုတ်သေးဘူးလို့ သိရပါတယ်။

“စားသုံးသူ၊လိုအပ်ချက်” ဆိုတဲ့ စကားလုံးနှစ်လုံးအရတော့ အကယ်၍ အမေရိကန်နိုင်ငံမှာ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ပြည့်မီအောင်
မဖြည့်ဆည်းနိုင်ဘူးဆိုရင်တော့ သွင်းကုန်တွေဟာ ဘယ်လိုနည်းလမ်းနဲ့ပဲ ထုတ်ထုတ် တင်သွင်းခွင့်ပြုရမယ်လို့ ခြွင်းချက်ထား ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယင်း ခြွင်းချက်သတ်မှတ်ထားချက်တွေကို အဆုံးသတ်ပြီးဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ အဆိုပြုခဲ့တဲ့ အမေရိကန် ဆီးနိတ်လွှတ်တော်
အမတ် ရှာရော့ဒ် ဘရောင်းကတော့ ၎င်းအနေနဲ့ ဒီဥပဒေ နောက် ၁၅ ရက်တွင်း အသက်ဝင်လာချိန်မှာတော့ စည်းမျဉ်းသစ်တွေကို ရေးဆွဲပြဌာန်းနိုင်ဖို့
လုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။

“ နှစ်ပေါင်း ၈၅ နှစ်ကြာ ဒီလိုမျိုး အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့လုပ်သားတွေနဲ့ ထုတ်လုပ်ထားတဲ့ ကုန်တွေကို နိုင်ငံထဲကို တင်သွင်းခွင့်ပြုခဲ့တာက
အရှက်ရစရာပါပဲ၊ ဒါ့ကြောင့် ဒီအချက်ကို တားဆီးနိုင်ဖို့ လုပ်တာက အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့ကျွန်လုပ်သားတွေ ပပျောက်ဖို့ အတွက်
ကြိုးပမ်းပေးရာလည်း ရောက်ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။


SFJ Strategy First Journalကို Strategy First Institute က စီစဉ်တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပသတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment