





Ref:tmz

Mario

....................................................

ဒေါ်လာ ၅၃ သန်း အကြွေးတင်နေတဲ့ ကန်ညေးယ်ဝက်စ်


ရက်ပ်အဆိုတော် ကန်ညေးယ်ဝတ်စ် ဟာ ဒေါ်လာ ၅၃ သန်း ကို အသည်းအသန် လိုအပ်နေတယ်လို့ သိရပါတယ်။ ထို ပိုက်ဆံတွေဟာ သူ့အတွက် အကြွေးတင်နေတဲ့ ငွေပမာဏ လို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။

ကန်ညေး နဲ့ ရင်းနှီးသူတွေရဲ ့ ပြောကြားချက်အရတော့ ထို ဒေါ်လာ ၅၃ သန်းဟာ ကန်ညေးယ်ဝက်စ် အနေနဲ့ ဖက်ရှင် ၊ ဂီတ တို့နဲ့ ပတ်သက်တဲ့ ကုမ္ပဏီ တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အရေအတွက် ဖြစ်တယ်လို့တော့ သိရပါတယ်။ သတင်းတွေအရတော့ Yeezy ဖက်ရှင် တစ်ခုတည်းအတွက်တင် ဒေါ်လာ သန်း ၄၀ အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ သူ့ရဲ ့နောက်ဆုံး နယ်လှည့်ဖျော်ဖြေပွဲနဲ့ ၂၀၁၂ ခုနှစ်က ဇာတ်လမ်းတို “Cruel Summer” တို့အတွက်လည်း ငွေကြေးမြောက်များစွာ ရင်းနှီး မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။ Forbes မဂ္ဂဇင်း ရဲ ့ ဖော်ပြချက်တွေအရတော့ Kanye ဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တဆင့် ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၂၂ သန်း နဲ့ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ သန်း ၃၀ တို့ကို ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref:tmz

Mario
http://www.trend.com.mm/2016/02/17/news-8854
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment