ဇီကာစစ္ဆင္ေရး စစ္သား၂သိန္းေက်ာ္ ေစလႊတ္

ဇီကာတားဆီးေရး ဘရာဇီးစစ္သား ႏွစ္သိန္းေက်ာ္ လမ္းေတြေပၚမွာ တပ္ျဖန္႔ေစလႊတ္
ဇီကာဗိုင္းရပ္စ္ အေၾကာင္း အသိေပးတားဆီးဖို႔ ဘရာဇီးစစ္သား ႏွစ္သိန္းေက်ာ္ကို ေနရာအႏွံ့ အျပား တပ္ျဖန္႔ေစလႊတ္လိုက္ပါတယ္။

အဆိုပါစစ္သားေတြဟာ ဇီကာဗိုင္းရပ္စ္ ကူးစက္ေစတဲ့ ျခင္ကို ဘယ္လိုႏွိမ္ႏွင္းရမယ္ဆိုတဲ့ သတင္းအခ်က္အလက္ေတြ ပါတဲ့ လက္ကမ္းစာေစာင္ေတြကို သက္ဆိုင္ရာေဒသက အိမ္ေတြကိုျဖန္႔ေဝသြားၾကမွာ ျဖစ္ပါတယ္။

ဇီကာ ဗိုင္းရပ္စ္ ကို ကုသ နိုင္တဲ့ ေဆးမေတြ႕ရွိမျခင္း လူေတြကိုသတိေပး႐ုံက လြဲလို႔ အျခား နည္း လမ္း မရွိဘူးလို႔ ဘရာဇီး သမၼတ ဂ်ီမာ႐ူးဆက္ဖ္က ေျပာပါတယ္။ ဘရာဇီးနိုင္ငံက ကေလးေပါင္း ေလးေသာင္း ေက်ာ္ဟာ ဇီကာ ဗိုင္းရပ္စ္ နဲ႔ ဆက္ႏြယ္တဲ့ ေမြးရာပါ ဦးေႏွာက္ခ်ိဳ႕တဲ့မွု ေရာဂါကိုခံစားေနရေၾကာင္း က်န္းမာေရးဝန္ႀကီးက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ျခင္ကေန တဆင့္ ပ်ံ႕ပြားတဲ့ ဒီဗိုင္းရပ္စ္ကို ေတာင္နဲ႔ ေျမာက္ အေမရိက တခြင္က လူ ၄ သန္းေလာက္အထိ ကူးစက္ နိုင္တယ္လို႔ ၿပီးခဲ့တဲ့ WHO က သီတင္းပတ္က သတိ ေပးခဲ့ပါတယ္။

ဘရာဇီးမွာ ျခင္ေပါက္ပြားတဲ့ ေနအိမ္ေတြအတြင္းကို အာဏာပိုင္ေတြ အတားအဆီးမရွိ ဝင္ေရာက္နိုင္ခြင့္ကို ဘရာဇီးသမၼတက အေစာပိုင္းက ေၾကညာခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............
 ဇီကာတားဆီးရေး ဘရာဇီးစစ်သား နှစ်သိန်းကျော် လမ်းတွေပေါ်မှာ တပ်ဖြန့်စေလွှတ်
ဇီကာဗိုင်းရပ်စ် အကြောင်း အသိပေးတားဆီးဖို့ ဘရာဇီးစစ်သား နှစ်သိန်းကျော်ကို နေရာအနှံ့ အပြား တပ်ဖြန့်စေလွှတ်လိုက်ပါတယ်။

အဆိုပါစစ်သားတွေဟာ ဇီကာဗိုင်းရပ်စ် ကူးစက်စေတဲ့ ခြင်ကို ဘယ်လိုနှိမ်နှင်းရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ပါတဲ့ လက်ကမ်းစာစောင်တွေကို သက်ဆိုင်ရာဒေသက အိမ်တွေကိုဖြန့်ဝေသွားကြမှာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကို ကုသ နိုင်တဲ့ ဆေးမတွေ့ရှိမခြင်း လူတွေကိုသတိပေးရုံက လွဲလို့ အခြား နည်း လမ်း မရှိဘူးလို့ ဘရာဇီး သမ္မတ ဂျီမာရူးဆက်ဖ်က ပြောပါတယ်။ ဘရာဇီးနိုင်ငံက ကလေးပေါင်း လေးသောင်း ကျော်ဟာ ဇီကာ ဗိုင်းရပ်စ် နဲ့ ဆက်နွယ်တဲ့ မွေးရာပါ ဦးနှောက်ချို့တဲ့မှု ရောဂါကိုခံစားနေရကြောင်း ကျန်းမာရေးဝန်ကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။

ခြင်ကနေ တဆင့် ပျံ့ပွားတဲ့ ဒီဗိုင်းရပ်စ်ကို တောင်နဲ့ မြောက် အမေရိက တခွင်က လူ ၄ သန်းလောက်အထိ ကူးစက် နိုင်တယ်လို့ ပြီးခဲ့တဲ့ WHO က သီတင်းပတ်က သတိ ပေးခဲ့ပါတယ်။

ဘရာဇီးမှာ ခြင်ပေါက်ပွားတဲ့ နေအိမ်တွေအတွင်းကို အာဏာပိုင်တွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ခွင့်ကို ဘရာဇီးသမ္မတက အစောပိုင်းက ကြေညာခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment