မူရင်းသတင်းလင့်ခ် - http://www.dailymail.co.uk/…/Crazy-funny-crazy-jealous-Terr…
Ref:Dailymail
Nz (ရိုးရာလေး)
www.yoyarlay.com
www.yoyarlay.com
(Unicode version)
ပိုင်ရှင်ရှိကြောင်း ကြေညာတဲ့အင်္ကျ ီ
................................................
................................................
အမျိုးသမီးတစ်ဦးဟာ သူ့ချစ်သူကောင်လေးကို ကောင်မလေးတွေ
ဝေးဝေးက ရှောင်ဖို့ သူ့ချစ်သူကို သူ့မျက်နှာပုံ ရိုက်နှိပ်ထားတဲ့အင်္ကျ ီဝတ်ဆင်စေခဲ့တယ်လို့ Dailymail သတင်းဌာနက ဖော်ပြပါတယ်။
ဝေးဝေးက ရှောင်ဖို့ သူ့ချစ်သူကို သူ့မျက်နှာပုံ ရိုက်နှိပ်ထားတဲ့အင်္ကျ ီဝတ်ဆင်စေခဲ့တယ်လို့ Dailymail သတင်းဌာနက ဖော်ပြပါတယ်။
အက်ဘီဘတ်လတ်လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့ချစ်သူအတွက် သူ့မျက်နှာပုံ ရိုက်နှိပ်ထားတဲ့ အင်္ကျ ီဖန်တီးခဲ့ပြီး အဲဒီအင်္ကျ ီပေါ်မှာ ''အင်္ကျ ီက စာသားကို ဖတ်နေတယ်ဆိုရင် မင်း ငါ့နား တော်တော်ကပ်နေပြီ။ ငါ့မှာ ချစ်သူရှိတယ်''ဆိုတဲ့ စာသားဖော်ပြထားပါတယ်။ အက်ဘီဘတ်လတ်ရဲ့ ချစ်သူ လီယွန်ကွန်နိုလီက အဲဒီအင်္ကျ ီဝတ်ပြီး အက်ဘီဘတ်လတ်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ဓာတ်ပုံတွေ ဝေမျှနိုင်တဲ့ Igmur.comမှာ ဖော်ပြခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၂ သန်းကျော် ရှိခဲ့ပါတယ်။
အက်ဘီဘတ်လတ်ဟာ လီယွန်တစ်ယောက်တည်း အိုင်ဘီဇာကမ်းခြေကို သွားခဲ့တုန်းကလည်း သူတို့နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးပုံ ရိုက်နှိပ်ပြီး ''ကျွန်တော့်ကောင်မလေး အက်ဘီကို ကျွန်တော် ချစ်တယ်။ အိုင်ဘီဇာက မိန်းမအကုန်လုံးကို ကျွန်တော် မုန်းတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ဝေးဝေးနေပေးပါ''ဆိုတဲ့ စာသားရေးသားထားတဲ့ အင်္ကျ ီကို ဝတ်ဆင်စေခဲ့ဖူးပါတယ်။
အက်ဘီဘတ်လတ်က အဲဒီအင်္ကျ ီကိစ္စနဲ့ ပတ်သက်လို့ သူတို့နှစ်ယောက်စလုံး ရယ်စရာတစ်ခုအနေနဲ့ လုပ်ခဲ့တာဖြစ်ပြီး သူမအနေနဲ့ မနာလိုစိတ်ရှိလို့ လီယွန်ကို ပိုင်စိုးပိုင်နက်လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ အက်ဘီဘတ်လတ်က သူ့ကို လီယွန် ဘယ်တော့မှ လှည့်စားမှာမဟုတ်ဘူးဆိုတာ သိတယ်လို့ ပြောပါတယ်။ အက်ဘီဘတ်လတ်နဲ့ လီယွန်တို့ဟာ အတူနေချစ်သူတွေဖြစ်ပြီး သမီးလေးတစ်ဦးရှိတယ်လို့ သိရပါတယ်။
0 comments:
Post a Comment